Unicode~
"ကျွန်တော့်အကြွေးတွေကိုဆပ်ပေးထားလို့ကျေးဇူးတင်ပါတယ်။အလုပ်လုပ်ရင်း
နေစရာရှာပြီး ဒီကထွက်သွားမှာမို့ ခဏလောက်တော့စောင့်ပေးပါ။""ဘယ်သူက ဒီPenthouseကနေ ထွက်သွားလို့ပြောနေလို့ အရေးမပါတဲ့စကားတွေထွက်လာတာလဲ!"
"ကျွန်တော် ထွက်သွားတယ်ဆိုတာဖြစ်သင့်တာမို့ အရေးပါပါတယ်။ခင်ဗျားလည်း လူတစ်ယောက်ကို အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ရှုပ်ထွေးအောင်မလုပ်ပါနဲ့...."
ပြောချင်ရာတွေပြောပြီး လှည့်ထွက်သွားသော နောက်ကျောကိုကြည့်ရင်း ဂင်မ်ဂျီအူးတစ်ယောက်စိတ်ရှုပ်စွာဖြင့် ဆံပင်တွေကြား လက်ချောင်းတွေကိုထိုးသွင်းကာ ဆွဲဖွာပစ်လိုက်သည်။သူပြောသွားတာ ဘာအဓိပ္ပာယ်လဲ. အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ရှုပ်ထွေးအောင်မလုပ်ပါနဲ့ဆိုတော့
ဘယ်သူကသူ့ကိုဘာလုပ်နေလို့လဲ!"ဟောက်ကော..."
"အင်း..."
"ကော~"
"အင်းအင်း.."
အလုပ်ပိတ်ရက်ဆိုပေမဲ့ စားပွဲပေါ်မှ စာရွက်စာတမ်းတွေကိုစီစစ်ကာ မျက်မှန်အောက်က မျက်လုံးတွေက သေသေချာချာကိုအာရုံစိုက်နေသည်မို့ ဘေးနားမှာငုတ်တုတ်ထိုင်ကာရှိနေသော ဟန်ဘင်းကို ဂရုမစိုက်အားသော ကျန်းဟောက်ပင်ဖြစ်သည်။
"အာ ဟောက်ကောလို့~"
"ရော် ဟန်ဘင်း...ထူးနေတာကို ခဏခဏခေါ်ပြီး ဘာဖြစ်နေတာလဲလို့..."
"မသိဘူးဗျာ...ကျွန်တော်ခေါ်လိုက်တိုင်း ထူးလိုက်တဲ့အသံလေးကိုတောင်မှ တစိမ့်စိမ့်နားထောင်လို့ကောင်းနေတာ~"
"စကားတွေတတ်မနေနဲ့ ဟန်ဘင်း...ငါအလုပ်တွေပုံလို့ပဲ..မင်းကို အချိန်ပေးလို့မရသေးဘူးဆိုတာသိတယ်မလား။"
ကျန်းဟောလိုက်ရတဲ့အမှုတွေကြား မက်သရူးအမေရဲ့အမှုကိုအတော်လေးအာရုံထားနေသည်မို့ အခုတလော သိပ်အားလပ်ခြင်း
မရှိပေ။ဟန်ဘင်းက အကူအညီတောင်းလို့ လုပ်ခဲ့တယ်ဆိုပေမဲ့ ကိုယ်တိုင်လည်း ဒီအမှုကိုကိုင်တွယ်နိုင်မည်ဟု ယုံကြည်လို့ပင်ဖြစ်သည်။ထို့ကြောင့် အမှုကို သက်ဆိုင်ရာလူတွေဆီက ခက်ခက်ခဲခဲ လွှဲယူခွင့်တောင်းကာ စုံစမ်းရှာဖွေနေရသည်မဟုတ်လား။
YOU ARE READING
Let ME Be Your Sunshine
Fanfictionစိတ်ပျက်စရာကောင်းတဲ့ကြောက်ရွံ့မှုတွေနဲ့အတူ Genophobiaတစ်ယောက်ကိုထွေးပွေ့ပေးမဲ့လူ... Jiwoong-ကိုယ်ကမင်းရဲ့Sunshineလေးဖြစ်ပေးပါရစေ။ Woongthew Fanfiction~