အပိုင္း(၅)

2.8K 121 44
                                    

(Unicode)

ဒေါက်ဒေါက်💢

"ရောင်နီ! ဦးမာန်ဝင်ခ့ဲမယ်နော်"

"ဟုတ်က့ဲ "

အခန်းတံခါးဖွင့်ပြီးဝင်သွားတော့ အိပ်ယာတွေကောက်
သိမ်းနေတ့ဲကောင်လေး

"ဦးမာန် ရောင်နီကိုပြောစရာရှိတယ်"

"ဟုတ်က့ဲ "

"ဦးန့ဲအတူ မြို့ကိုလိုက်မလား ပြီးတော့ ဆယ်တန်းအောင်
ပြီးထဲက ရောင်နီရော ထက်နိုင်ရော ရနောင်ရော
ကျောင်းဆက်မတတ်ရတော့ဘူးလို့ ဦးကိုထက်နိုင်ပြော
တယ် "

ဟုတ်ပါသည် ဆယ်တန်းအောင် သွားပေမ့ဲ မြို့မှာကျောင်း
ဆက်တတ်ရမှာကို ဒေါ်ဒေါ်ကသူ့ကို မထားခ့ဲပေ
ထက်နိုင်ရောရနောင်ရောကသူမတက်ရင်ဆက်မတက်
ဘူးဆိုပြီးပြောလာသည်

"ဟို..ဦးမာန်န့ဲအတူလိုက်ချင်ပေမ့ဲ ဒေါ်ဒေါ်က.."

"ဦးမာန်တစ်ခုမေးချင်တယ် ရောင်နီဦးမာန်ကိုယုံလား"

"ဟုတ် ယုံပါတယ်"

"ရောင်နီ အဒေါ်န့ဲအတူတူနေချင်သေးတာလား."

"ဟင်အင်း အမှန်တိုင်းပြောရရင် ရောင်နီ ဒေါ်ဒေါ် န့ဲအတူ
မနေချင်ဘူး ဒါပေမ့ဲ  ဒေါ်ဒေါ်ကရောင်နီရ့ဲ
အုပ်ထိန်းသူလေ ဒေါ်ဒေါ် ခွင့်မပြုရင် ရောင်နီဘာမှလုပ်
လို့မရဘူး"

"ရောင်နီရ့ဲအမွေတွေလိုချင်လို့ ရောင်နီရ့ဲအုပ်ထိန်းသူလုပ်
နေတာမလား "

"ဦးမာန်က ဘယ်လိုသိတာလဲ "

"ဦးကိုထက်နိုင်တို့အကုန်ပြောပြပြီးပြီး "

"ရောင်နီအသက်၂၅နှစ်ပြည့်မှ စာချုပ်ရမှာ အ့ဲခါကျရင်
ဒေါ်ဒေါ်ကိုလွဲပေးရမယ် ရောင်နီအ့ဲဒီအမွေတွေမမက်မော
ဘူး ရောင်နီလိုချင်တာ မေတ္တာတရားပဲ"

"ဦးန့ဲအတူလိုက်ခ့ဲ"

"ဒါပေမ့ဲ ဦး.."

"ဦးသိတယ် ရောင်နီ ဦးမာန်ကိုလက်ထပ်မလား"

"ဗျာ..!.."

"ဒီတိုင်းဆို ခင်ဦးကအုပ်ထိန်းသူအဖြစ်န့ဲကိုင်ပေါက်ပြီး
ရောင်နီကို ကိုယ့်လက်ထဲထည့်ပေးမှာမဟုတ်ဘူး
စိတ်ချပါ ဦးမာန် ရောင်နီရ့ဲဆန္ဒမပါရင် ဆံချည်တစ်မွှေး
တောင်လက်ဖျားန့ဲမထိပါဘူး အမှန်တိုင်းဝန်ခံရရင်
ဦးမာန်ရောင်နီကိုစတွေ့ထဲကမေတ္တာသက်ဝင်ခ့ဲတာ
ကိုယ်ကမြတ်နိုးစွာတန်ဖိုးထားချစ်လွန်းလို့ မထိရက်မကိုင်
ရက်တာကို သူတစ်ပါးလက်ထဲနှိပ့်စက်ခံထိတာ ဦးမာန်
မခံစားနိုင်ဘူးရောင်နီ ပြီးတော့စိတ်မချဘူး"

ဦးမာန်ရဲ့ရောင်နီ..🍁Where stories live. Discover now