Chapter 16

2.2K 444 7
                                    

Unicode

မိုးသည်အဆက်မပြတ်ရွာသွန်းနေသည်။

တနင်္လာနေ့တွင်ရုတ်တရက်မိုးစတင်ရွာသွန်းပြီးနောက် မိုးရွာသွန်းမှုသည်မပြီးဆုံးပေ။ ယနေ့သောကြာနေ့ကိုပင်ရောက်ရှိလေပြီ မိုးဖွဲလေးများဆက်လက်ရွာသွန်းလျက်ပင်ဖြစ်သည်။

စူးယိရန်၏ဆိုင်သည်လည်း ရာသီဥတုစိုထိုင်းမှုကြောင့် စီးပွားရေးမကောင်းချေ။ နေ့လည်ခင်းနှင့် ညအချိန်တွင် အခြေအနေသိပ်မဆိုးသော်လည်း ညနေခင်းတွင်မူ ဧည့်သည်အနည်းငယ်သာရှိပေသည်။

သို့သော် အလုပ်နည်းသော်လည်းနည်းသည့်အလျောက်အကျိုးရှိပေသည်။ စူးယိရန်သည် ဆိုင်ပြင်ပမှရွာသွန်းနေသောမိုးသံကိုနားထောင်လျက် တရုတ်ဇီးသီးသေး အချို့ကိုရေနွေးအတွင်းထည့်​ကာရေနွေးကြမ်းဖျော်၍ အဖုံးခေတ္တဖုံးထားလိုက်သည်။

ညနေခင်းသက်သောင့်သက်သာရှိသောအချိန်ပင်ဖြစ်ပေသည်။

စူးယိရန်က ရေပန်းကိုဖြည်းညင်းအေးဆေးစွာကိုင်၍ ဆိုင်အတွင်းရှိအပင်ပန်းမာန်တို့ကို ရေလောင်းသွန်လျက် ထိုင်ခုံတွင်ထိုင်လျက်ရှိသောလာနေကျဧည့်သည်အချို့ကိုပြုံးပြနှုတ်ဆက်လိုက်သည်။

ဆိုင်စတင်ဖွင့်လှစ်သည်မှစ၍ယနေ့အထိ [ယိထင်]အချိုပွဲ၏တိုးတက်မှုသည် တဖြည်းဖြည်းတည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပေသည်။တစ်ခါလာပြီးနောက်ထပ်လာသောဧည့်သည်များရှိတတ်ကာ၊ နာမည်ကောင်းရလာသဖြင့် ပုံမှန်လာရောက်လာကြသောဧည့်သည်များလည်း ရှိပေသည်။အချို့ဧည့်သည်များဆို နေ့စဥ်အချိန်တစ်ခုအတိအကျထား၍ဆိုင်သို့ အချိုပွဲလာရောက်အားပေးလေသည်။

အပင်ပန်းမာန်များကိုရေလောင်းသွန်ပြီးနောက် သူ၏ရေနွေးကြမ်းသည်လည်းဖျော်ပြီးပေပြီ။ သူတစ်လုတ်သောက်လိုက်၏။ ချိုချိုခါးခါးအရသာလေးဖြင့် အရသာကောင်းသည်။ ကျန်းမာရေးအတွက်လည်းကောင်းလှသည်။

စူးယိရန်က ပူနွေးနေလျက်ရှိသော ရေနွေးကြမ်းကိုအနောက်ခန်းသို့ယူဆောင်သွား၍ မကြာမီအချိန်တွင် လိုက်ဖ်လွှင့်ရန်ပြင်ဆင်လိုက်သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now