အပိုင်း ၉

2.6K 667 152
                                    

Berry Berry Strawberry

အပိုင်း ၉

“Happy Birthday ကိုယ့် cotton candy”

အနောက်ကနေ သူ့ခါးကို လက်လျှိုဖက်လာတဲ့ ဂျီမင်းကို ပြောလိုက်တယ်။ ဂျီမင်းက မလှုပ်မယှက် ငြိမ်ငြိမ်လေးနေရင်း သူ့ကျောပြင်ဆီမှာ မျက်နှာအပ်ထားတယ်။

သူ့ခါးပေါ်က အမြတ်တနိုး လက်ကလေးတွေပေါ် ပြန်ပြီးအုပ်မိုးဆုပ်ကိုင်လိုက်ရင်း ဂျောင်ကုက မျက်လုံးတွေကို စုံမှိတ်လိုက်တယ်။ ဂျီမင်းပဲ သူ့အနားမှာရှိနေရင် ရပြီ။

အတော်ကြာသည်အထိ ထိုအနေအထားအတိုင်း ရှိခဲ့ပြီးနောက် ဂျောင်ကုကအရင် cotton candy လေးရဲ့ လက်တွေကို ဆွဲခွာပြီး အနောက်ကိုလှည့်ကာ မျက်နှာချင်းဆိုင်လိုက်တယ်။

“ဂျီမင်း”

ညင်ညင်ညာညာခေါ်သံနဲ့အတူ cotton candy လေးရဲ့ မျက်နှာဆီ လက်တစ်ဖက်လှမ်းလိုက်တယ်။ cotton candy လေးကတော့ ငြိမ်လျက် သူ့ကို စိုက်ကြည့်နေတုန်း။

“ကိုယ် မင်းကို ဘယ်လောက်တောင်မှ ချစ်မိခဲ့သလဲ”

မေးခွန်းမေးနေတာမျိုးမဟုတ်ဘဲ ခံစားချက်ကြောင့် တစ်ယောက်တည်း တီးတိုးရေရွတ်နေတာမျိုးနဲ့ ပိုဆင်တူသည်။

“ဘယ်လောက်တောင်မှ သဘောကျပြီး ပိုင်ဆိုင်ချင်ခဲ့ရလဲ”

နေ့တွေ ညတွေ သေချာမသိခဲ့ဘူး။ ဂျီမင်းတစ်ယောက်တည်းကိုပဲ သိခဲ့တာ။ လောကကြီးလှတာ၊ အကျည်းတန်တာတွေ မသိဘူး။ ဂျီမင်းမျက်လုံးပေါ်က glitter လှလှလေးတွေကိုပဲ နမ်းချင်ခဲ့တာ။

တွေးမိတဲ့စိတ်ကူးတွေ၊ မက်ခဲ့သမျှအိပ်မက်တွေအကုန် တစ်ခုမှ ဂျီမင်းဆိုတဲ့ ဖြစ်တည်မှုကနေ ချွတ်ချော်ပြီး လွတ်မြောက်သွားတာမျိုး မရှိခဲ့ဖူးဘူး။

တကယ်လို့သာ လူတွေ ပြောခဲ့ကြသလို သူက လူတွေကို ပျက်စီးဆုတ်ယုတ်စေတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေမယ်ဆိုဦးတော့။ ဂျီမင်းကတော့ ဘာနဲ့မှမတူတဲ့ ချွင်းချက်လေးတစ်ခုဖြစ်ခဲ့လိမ့်မယ်။

Berry Berry Strawberry Where stories live. Discover now