အမျိုးသား ပြည့်တန်ဆာ

24.6K 80 2
                                    

Story ထဲတွင်ပါသော Character Name တွေသည် စိတ်ကူးယဥ်ယုံသက်သက်သာဖြစ်ပါသည်။ မည်သည်တစ်ဦးတစ်ယောက်ကိုမျှ
ထိခိုကိလိုစိတ်မရှိပါ

ရန်ကုန်မြို့လယ်ရှိ ကွန်ဒို အဆောက်အအုံကြီးတစ်ခု။ ထိုအဆောက်အဦးကြီး၏ 8 ထပ်တွင် ခေတ်မှီ နောက်ဆုံးပေါ် ကိရိယာများဖြင့် လှပခမ်းနားသော အလှပြင်ဆိုင်ကြီးတစ်ခု တည်ရှိနေသည်။ အလှပြင်ဆိုင်က အမျိုးသမီးများသီးသန့်ဟု ဆိုသော်လည်း အလှပြင်ပေးသူများက အသက် ၂၀ ကျော်သာရှိသေးသော ကောင်လေးများ ဖြစ်နေသည်။ အလှပြင်ဆိုင်ဟု ဆိုသော်ငြားလည်း အလှပြုပြင်ပေးသူများမှာ အလှပြင်ဆိုင် အများစုတွင် တွေ့ရသော မိန်းမစိတ်ပေါက်နေသော ကောင်လေးများ မဟုတ်ပါ။ ယောက်ျားစစ်စစ်ဖြစ်ပြီး ဝတ်တာစားတာကအစ ယောက်ျားပီသသော သူများဖြစ်သည်။ အားလုံး တောင့်တောင့် ဖြောင့်ဖြောင့်လေးတွေ ချည်းဖြစ်သည်။

အလှပြင်ထိုင်ခုံက ၇ ခုံရှိပြီး ကောင်လေးတွေက အားလုံး စုစုပေါင်း ၁၀ ယောက်ဖြစ်သည်။ အလှပြင်ခန်းကို သီးခြား မှန်လုံခန်းဖြင့် ဖွဲ့စည်းထားပြီး ထိုအခန်းထဲတွင် ဆိုဖာနောက်မှီ ထိုင်ခုံရှည် ၃ ခုံကို နံရံတွင်ကပ်၍ စီတန်းချထားပြီး အလှပြင်ဆရာ ကောင်လေးများ ထိုင်နေကြသည်။ ဂျာနယ်ဖတ်သူကဖတ်၊ mp 4 နားထောင်သူက နားထောင်၊ မှန်ရှေ့တွင်ခေါင်းဖီးသူက ဖီး၊ စကားပြောသူက ပြောနှင့် ရှိသော်လည်း ကျယ်လောင်ဆူညံခြင်းမရှိပဲ တိတ်ဆိတ် အေးချမ်းလှသည်။

ထိုအလှပြင်ခန်း၏ အပြင်ဖက်တွင်တော့ တန်ဖိုးကြီးလှသော ဆိုဖာဆက်တီ ၂ စုံဖြင့် ဧည့်ခန်းကို ဖွဲ့စည်းထားသည်။ ထိုဧည့်ခန်းနှင့် အလှပြင်ခန်းအကြား အလှပြင်ခန်းသို့ ဝင်ပေါက်နားတွင်တော့ ကောင်တာပုံ စားပွဲတစ်ခုဖြင့် အသက် ၃၀ ခန့်အရွယ် တောင့်တောင့်ဖြောင့်ဖြောင့်
ပိုင်ရှင်ဟုထင်ရသော ချောမောလှပသည့်အမျိုးသမီးတစ်ဦးက ထိုင်နေလေသည်။ နေ့ခင်းဘက်မို့လားမသိ လူကရှင်းနေလေသည်။

ဧည့်ခန်း ဆိုဖာဆက်တီတွင် ဧည့်သည်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ အသက်က ၃၀ ကျော်လောက် အသားဖြူဖြူနှင့် ထိုင်နေတာတောင် သူမ၏ကိုယ်လုံး အလှက ပေါ်လွင်လှသည်။ ထိုဧည့်သည် အမျိုးသမီးသည် လက်ထဲမှ အမျိုးသမီး မဂ္ဂဇင်းကိုဖတ်ရင်း တစ်ချက်တစ်ချက် အလှပြင်ခန်းဖက်ကို လှမ်း၍ကြည့်သည်။ အလှပြင်ခန်းထဲတွင်တော့ တစ်ယောက်မှ အလှပြင်နေခြင်း မရှိပါ။ သို့သော်ငြားလည်း လှမ်းလှမ်းကြည့်နေသော အမျိုးသမီးက တစ်ယောက်ယောက်ကို လှမ်းမျှော်နေပုံရသည်။ သူမ၏ရှေ့တွင် စားပွဲပေါ်၌ အချိုရည် သံဗူးတစ်ဘူးနှင့် ဖန်ခွက်တစ်ခွက်ရှိသည်။ ဖန်ခွက်ထဲမှ အချိုရည်က ဖင်ကပ်မျှသာ ကျန်တော့သည်။ အမျိုးသမီးသည် လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကို စာပွဲပေါ်သို့ တင်လိုက်ပြီး အလှပြင်မှန်ခန်း ဘက်သို့ လှမ်းကြည့်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 02, 2023 ⏰

Add this story to your Library to get notified about new parts!

အမျိုးသား ပြည့်တန်ဆာWhere stories live. Discover now