အပိုင်း - ၅ (ယောက်ဖအလောင်းအလျာ)

14 3 0
                                    

Uni

"ကေျာင်းဆရာရေ။ဗျို့ ကေျာင်းဆရာ။"

ကေျာင်းပိတ်ရက်မို့ နားအေးပါးအေးလေး စာအုပ်ကလေးဖတ်နေသည်ကို အသံဆိုးြဖင့် သူ့အား အော်ခေါ်နေသူကြောင့် ကြည်လင်နေသော စိတ်အစံု ပျောက်ဆံုးသွားလေတော့သည်။

ထိုအသံမှာ သကောင့်သားလေးရဲ့ အသံဆိုတာ သေချာပါလျက် ထိုသကောင့်သားလေးမှာ သူ့အိမ်ကိုသူ မဝင်ဘဲ ဘာ့ကြောင့် သူ့နာမည်အား အော်ခေါ်နေရပါသနည်း။

သိချင်စိတ်ဖြင့် အိမ်အောက်ကို ဆင်းကြည့်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက သူ့ရင်ထဲ ထိတ်ခနဲ။

ခရမ်းပြာရောင် မြန်မာဝမ်းဆက်ကလေးကို ဝတ်ထားကာ ဆံနွယ်တေွကို pony tail စီးထားသော အသားြဖူြဖူ ပုပုလံုးလံုး ကောင်မလေးကြောင့် သူ ခြေမကိုင်မိ လက်မကိုင်မိ ြဖစ်သွားလေသည်။

ထို့နောက် သူ့နှုတ်ဖျားမှာလည်း အမည်နာမ တစ်ခုက ထိတ်လန့်စွာ ထွက်သွားလေတော့သည်။

"လပြည့််!!"

သူ ထိုနာမ ကို ခေါ်လိုက်တော့ တစ်ဖက်က မိန်းမပျိုက သူ့အား လှိုက်လှိုက်လှဲလှဲပြံုးပြလာပြီး သူ့ထံသို့အပြေးတကော ရောက်ရှိလာကာ သူ့လက်မောင်းကိုဖက်တွယ်လာလေသည်။

"သိပါဘူး။ကိုိကို က မွန်း ကို မေ့နေပြီထင်တာ။"

တစ်ဦးတည်းသော ညီမ ကို မေ့စရာလား။အထူးသဖြင့် နင့်လို ညီမကို။

ထိုကဲ့သို့ အော်ပြောကာ ငိုချလိုက်ချင်ပေမယ့်။သူက ကျောင်းဆရာ ပေပဲမလား။ကိုယ့် ဟန်ကိုယ်တော့ ထိန်းရဦးမည်လေ။

"မေမေ တို့ က ဘာမှ အကြောင်းမကြား..."

"အကြောင်းမကြားဆို မွန်း က ကိုကို့ ကို စပရိုက် ဖြစ်စေချင်လို့ေလ။ဘာလဲ ကိုယ့်ညီမ တစ်ယောက်လံုး ရောက်လာတာတောင် မပေျာ်တာလား။"

"မ...မ..မဟုတ်။ရုတ်တရက်ဆိုတော့ ကိုကို အံ့သြသွားလို့ပါ။"

"နောက်မှ အံ့သြ။မမ လည်း ပါလာတယ်။နောက်မှာ။"

အငယ်မ ထံမှ မမ ဟူသော စကားကြောင့်
သူ့ရင်တို့ လှုပ်ရှားသွားလေသည်။

မောင့်မဟေသီWhere stories live. Discover now