အပိုင်း - ၆ (မြွေမြွေချင်းခြေမြင်)

5 2 0
                                    

Uni

"ဆရာကြီးဆီက အကြောင်းကြားစာမရဘူးထင်တယ်။ကြည်ပြာ လည်း ဒီမှာ တာဝန်ကျတယ်လေ။"

"ဟင်။ဟုတ်သလား။ကိုယ် မသိလိုက်ဘူး။ည က ဖုန်းအားမသွင်းထားလိုက်ရဘူးလေ။"

ဖုန်းဆိုသည့် အသံကိုကြားတော့ လပြည့် တစ်ယောက် ပတ်ဝန်းကျင်ကို အကဲခတ်မိလိုက်လေသည်။

လာခဲ့သည့်လမ်းတစ်လျှောက် ဆိုလာပြားတွေတပ်ဆင်ထားသည်ကိုသာတွေ့ရသည်။မီးတိုင်ဟူသည်မရှိ။

"ကိုကြီးသက်ပိုင်။ဒီမှာ ဖုန်းအားတော့ သွင်းရတယ်မလား။"

စိတ်ဝင်စားနေသူက သူ့အား အားကိုးတကြီးမေးလာသည်မို့ သက်ပိုင် မြောက်ကြွ မြောက်ကြွဖြစ်သွားသော်လည်း အစ်ကိုဖြစ်သူ ခန့်သူ ကတော့ ထိုကလေးမကို ခေါင်းခေါက်ပစ်ချင်စိတ်တွေ ပေါ်လာတော့သည်။

ဟိုက ကြိုက်နေပါတယ်ဆို ဒီဟာမလေးက အရိပ်အခြေကို မသိဘူး။

"မပူပါနဲ့။ကိုကြီးအိမ်မှာ မီးစက်ရှိတယ်လေ။ဖုန်းဘယ်နှစ်လုံးသုံးချင်လဲ။ပြော။"

"ဟူး။တော်သေးတယ်။မွန်း က ဖုန်းနဲ့ ကင်းကွာရင်နေတတ်တာမဟုတ်ဘူး။"

"နောက်ဆိုနေတတ်သွားလိမ့်မယ်။ညီမ အစ်ကို ကျောင်းဆရာရဲ့ ဖုန်းဆို ဖုန်တက်မှာတောင်စိုးရတယ်။ဖုန်းလာမှ ကိုင်တာတွေ့တယ်။ဒီရွာမှာ သိပ်ပျော်နေတယ်ထင်ရဲ့။"

ထိုသကောင့်သားလေးပြောမှ ခန့်သူ သူ့ကိုယ်သူ သတိထားမိလေသည်။

သူ တကယ်ပဲ ဖုန်းမကိုင်တာ ကြာပြီလေ။မေမေတို့ ဆီက ဖုန်းလာတာမျိုး။အလုပ်ကိစ္စမျိုးမှ ကိုင်တာ။

ဒီမှာ ဖုန်းလိုင်းကလည်း သိပ်မမိချင်ဆိုတော့ အင်း...သူ ဖုန်းမကိုင်ဖြစ်တာက သိပ်မဆန်း။

နောက်ပြီး ထိုသကောင့်သားလေးဆီမှာ ဖုန်းရှိသလားတောင်မသိ။

တစ်ရွာလုံးလည်း ဖုန်းကိုင်တာမတွေ့။

သူ့အတွေးမဆုံးသေး။ထိုသကောင့်သားလေးက ပန်းသီးပဲ့ကြီးပါသော ဖုန်းအားထုတ်လာသည်မို့ သူ မျက်လုံးတွေပြူးလာလေသည်။

မောင့်မဟေသီWhere stories live. Discover now