part (05)

600 11 0
                                    

ကျတော့်ရဲ့ ကောင်မလေး
အပိုင်း(၅)

ခြံထဲမှာ မန်ကျည်းချိုပင်ကြီးလဲ ရှိနေသေးတုန်းပါပဲ ။ကျတော်နဲ့ "မ" ငယ်တုန်းက အဲ့ဒီအပင်အရိပ်မှာ ကစားခဲ့တာ၊ မန်ကျည်းချိုသီးတွေကို "မ"က အရမ်းကြိုက်ခဲ့တာ‌.......သတိရမိသေးတယ်။

စံပယ်ပန်းလေးတွေ ဇွန်ပန်းလေးတွေကိုကြိုက်လို့ သူကိုယ်တိုင် စိုက်တတ်တာ၊
နှင်းဆီပန်းလေးတွေဆိုလည်း "အရောင်စုံ လေး စိုက်ချင်တာ သန့်ရယ်"
လို့ မကြာခဏ ပြောတတ်တာ....

တခါ၊တခါ ကျတော် ဒီဘက် ကို လာရင် ခြံထဲမှာ စိတ်ရှည်၊လက်ရှည် ပေပေတူးတူး၊အပင်စိုက်နေရင်စိုက် ရေလောင်းရင်လောင်း‌ေနတတ်တဲ့ "မ"ကို တွေ့ရတယ်.....
တခါ၊တခါ ကျတော့လည်း စာတွေ ထိုင်ရေးနေတတ်တဲ့ "မ" ကို တွေ့ရတယ်.....
တခါတခါကျ သူ့ကြောင်ကလေးတွေနဲ့ ဆော့နေတတ်တဲ့ "မ" ကို တွေ့ရပြန်ရော......
တခါ၊တခါကျ သူမအမေ အန်တီတိုးနဲ့ ရယ်မောရင် မီးဖိုခန်းထဲမှာ ချက်ပြုတ်နေတဲ့ "မ" ကို တွေ့ရတတ်တယ်.........

ကျတော် "မ" အကြောင်း ကို တွေးရင်း အလိုလို ပြုံးမိတယ်.....
အခုရော "မ" ဘာလုပ်နေမလဲ?
ခြံထဲမှာတော့ "မ" ကို မတွေ့ရ........
ကျတော့်ကိုတွေ့ရင် သူမ ဘာများပြောပါလိမ့်မလဲ ?တွေးရင်း စိတ်လှုပ်ရှားမိသည်။

ဟော .........တွေ့ပါပြီ
အပေါ်ထပ်လှေကားက ဆင်းလာတဲ့
မျက်နှာလုံးဖောင်းဖောင်း
နှာတံ လုံးလုံး‌၊ပါးဖောင်းဖောင်း
နှုတ်ခမ်းထူထူ
မျက်ခုံးထူထူ
ဆံပင်ကောက်ခွေလိမ်လေးတွေနဲ့
ကျတော့်ရဲ့ "မ"

ကျတော်က သူမကိုပြုံးပြီး ကြည့်နေမိသည်။
သူမက ကျတော့်ကို ခဏတော့ ကြောင်ငေးကြည့်နေသည်။ပြီးမှ လှေကားကနေ ခုန်ပေါက်ပြေးဆင်းလာပြီး
"သန့်......
မေမေရေ ဒီမှာ ဘယ်သူလာလဲလို့?လာကြည့်ပါအုံး "
ပြောပြောပြေးပြေးနဲ့ ကျတော့်ဆီ ပြေးလာပြီး လက်ကိုဆွဲခေါ်ကာ မီးဖိုခန်းထဲ ခေါ်သွားသည်။

"ဟယ် သား မြတ်မင်းသန့်
သားပြန်လာတာလား
မတွေ့ရတာတောင် ကြာလှပေါ့ သားရယ်"ဆိုပြီး ကျတော်ငယ်ငယ်ကအတိုင်း
အန်တီတိုးက ကျတော့်ကို နွေးနွေးထွေးထွေးလေး ပွေ့ဖက်သည်။
"အမယ် သားက တကယ့် လူကြီးလူကောင်း ပုံပေါက်နေပြီပဲ"ဟုပြောရင်း သဘောကျနေသည်။
"မ" ကကျတော့်ကို ကြည့်ပြီး ပြုံးရယ်နေရင်း
"သမီးတို့ သူ့ကို စ တွေ့တုန်းက သူက ဒီလောက်လေးမေမေနော်"ဟု
ပြောရင်း ကျတော့်ကို စ သည်။

ချစ်သော စာရေးဆရာမလေး(complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα