part (13)

487 7 0
                                    

ကျတော့်ရဲ့ ကောင်မလေး
အပိုင်း(၁၃)

ညက တညလုံးကောင်းကောင်းအိပ်မပျော်နိုင်ပေမယ့် မိုးလင်းခါနီး မှေးကနဲ အိပ်ပျော်သွားရသည်။
ကျတော် အိပ်ရာက လန့်နိုးတော့ နံနက်(၆)နာရီ၊ကမန်းကတန်းပင် ဖုန်းကို ကောက်စစ်ကြည့်လိုက်ပေမယ့်
မက္ဆေ့ရော၊အဝင် call ရော ဝင်မထားပေ။စိတ်ထဲ နည်းနည်း ပူပင်သွားရပြန်သည်။
"ဘာတွေများဖြစ်နေလို့ပါလိမ့်"
တိုးတိုးလေး ရေရွတ်ရင်း
ဖြစ်နိုင်ခြေရှိသည်များကို စဉ်းစားနေမိပြန်သည်။တခြားတဘက်ကအတွေးထဲတွင်လည်း သူ့ကို အဖက္မလုပ်ပဲ ပစ်ပယ်ထားသည့် မ ကို စိတ်နည်းနည်းတိုမိပြန်သည်။
တွေ့လျှင်
"မ ဘာ လို့ ကျတော့ ကို အဲ့ဒီလောက်ကြီး ပစ်ထားရတာလဲ " လို့ မေးပစ်လိုက်ချင်မိပြန်သည်။
စိတ်နှစ်ခွ အတွေးအမျိုးမျိုးနှင့် သန့်ရေချိုးခန်းထဲ ဝင်ကာ ရေချိုးလိုက်သည်။သက်ပြင်းတွေလည်း မကြာခဏ ချနေမိပြန်သည်။
ရေချိုးခန်းထဲက ထွက်တော့ ဖုန်းကို တခါ ကောက်စစ်မိပြန်သည်။
"သန့်အခုထွက်လာခဲ့ မ မနေ့ညကတည်းက အိမ်ပြန်ရောက်္နေတာ"
ဆိုတဲ့ မက္ဆေ့တစောင် ဝင်ထားသည်။
အဝတ်အစားလဲ ပြီး မတို့ ခြံဘက်သွားရန် အောက်ဆင်းလာတော့
"သားရေ လာ မနက်စာစားသွားအုံး ရုံးသွားဖို့က စောသေးတယ်လေ"
ဆိုပြီး မေမေက မနက်စာ စားဖို့ ခေါ်နေပေမယ့် သန့်က ဝမ်းသာပျော်ရွှင်နေတဲ့ အသံကြီးနဲ့
"မေမေ မ ပြန်ရောက်နေပြီ သား မနဲ့ အပြင်မှာပဲ သွားစားလိုက္မယ်နော်"
မေမေကလည်း အခုမှ စိတ်သက်သာ ရသွားသလို ပြုံးနေရင်း
"သမီးလေး ကို အိမ်ခေါ်လာခဲ့အုံး ဟင်းချက်ကျွေးချင်လို့ နော် သား"
"ဟုတ်ကဲ့ မေမေ"

မတို့ ခြံဘက်ရောက်တော့ သန့်ရှင်းရေးလုပ်နေသည့် ဖုန်တွေ တလိမ်းလိမ်းနဲ့ မကိုတွေ့လိုက်ရသည်
"မ ခဏလောက်အနားယူအုံးလေ ပြီးရင် သန့်ပါကူလုပ်ပေးမယ်"
သူ့အသံကြောင့် မ က လှည့် ကြည့်သည်။

ညက အိမ်ရောက်ရောက်ချင်း ခရီးပန်းလာလို့ အိမ်ကို သန့်ရှင်းရေးမလုပ်မိဘဲ မောမောပန်းပန်းနှင့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ မ အိပ်ပျော်သွားသည်။
ရက်အနည်းငယ်လောက် လူမနေထားသည့် မတို့ အိမ်လေးထဲမှာ ဖုန်တွေ တက်နေပြီ။
မနက် အရုဏ်တက်ချိန်လောက်ရောက်တော့ မ လန့်နိုးလာပြီး မေမေ့ကို သတိရကာ ငိုမိသေးသည်။ပြန်အိပ်လည်း အိပ်မပျော်တော့တာမို့ အိမ်သန့်ရှင်းရေးတွေ ထ လုပ်နေလိုက်တော့သည်။
ညကတည်းက သန့်ပို့ထားသော မက်္ဆေ့ ကို မနက်ကျမှ မ မြင်မိသည်။

"မ ခဏလောက် အနားယူအုံးလေ ပြီးရင် သန့်ပါ ကူလုပ်ပေးမယ်"
အသားညိုညို အရပ်ရှည်ရှည် ပခုံးကျယ်ကျယ် ခါးသွယ်သွယ်လေးနဲ့ မျက်ခုံး၊မျက်လုံး ကောင်းကောင်းနဲ့ ကောင်ချောလေးက အဖြူပေါ် အနက်အစင်းသေးသေးလေးတွေပါသည့် ရှပ်လက်တိုလေးနှင့် သန့်ပြန့်ချောမောနေသည်။
"ပြီးနေပြီ သန့်ရဲ့ ခဏလေး နားပြီးရင် မရေချိုးတော့ မှာ ပြီးရင် မနက်စာ လိုက်ကျွေးနော် မ ဗိုက်ဆာနေပြီ"
မျက်စိရှေ့မှာ မြင်နေရသည့် မ ကိုပင် တကယ်လား၊အိမ်မက္လား ဟု မေးလိုက်ချင်သည်။
လူကို စိတ်ပူရအောင် ဘာလို့ လုပ်ရတာလဲ အဆိုးမလေးရဲ့ လို့ ပြောချင်ပေမယ့် တခွန်းမှ မပြောရက်ပါဘူး မြောင်ဆိုးမလေးရယ်။
"မ အစားရော မှန်မှန်စားရဲ့လား
နဂိုထက် တဝက်လောက်ကို ပိန်သွားတယ်"
"ညဘက်တွေ ဆို အိပ်မပျော်ဘူး
မေမေ့ကို လွမ်းတယ် သန့်ရဲ့"
ပြောရင်း ငိုချလိုက်တဲ့ မ ကို ကျတော်ပွေ့ဖက်ထားရုံသာ တတ်နိုင်သည်။
မ အားရအောင် ငိုလို့ ရပါပြီ၊ကျတော် အမြဲ တမ်း ထွေးပိုက်ပေးထားနိုင်တဲ့ ဧရိယာထဲမှာ ရောက်နေပြီပဲလေ။
စိတ်ချ၊လက်ချသာ ပြိုလဲ လိုက်ပါတော့။

#သင်းသင်းစုလှိုင်
11:13 PM
Thinn Thinn Su Hlaing

ချစ်သော စာရေးဆရာမလေး(complete)Where stories live. Discover now