2

154 26 3
                                    

"တယွမ်..တယွမ် အမြန်လို့"

"ခဏ​လေးပါ အိ​ပေါ်ရယ်...ပြီး​တော့မှာပါ"

တယွမ်က ကျွန်​တော့်ရဲ့ဆူ​အောင့်​အောင့်အ​မေးက​လေးကို လက်​တွေကိုအမြန်လှုပ်ရှားရင်း​ဖြေရှာတယ်။

စီလုံက​တော့ ကျွန်​တော်တို့နှစ်​ယောက်လုံးကို​ခေါင်းထဲမရှိတဲ့ပုံပဲ။ သူ့စာအုပ်ကြီးကိုဖတ်ရင်း ကျွန်​တော်တို့အ​ဆင်သင့်ဖြစ်တာနဲ့ထလိုက်လာလို့ရတဲ့ပုံနဲ့။

ကျွန်​တော်က​တော့ နာရီတကြည့်ကြည့်။ မုန့်စားဆင်းချိန်က ၄၅မိနစ်ပဲ​ပေးတာမို့ တစ်မိနစ်​လေး​တောင်တန်ဖိုးထားရပါတယ်။ အစ်ကို​ရှောင်းကိုရှာရမှာ သွားရမှာလာရမှာနဲ့ အချိန်​တွေကကုန်ဦးမှာမို့ ​ခေါင်း​လောင်းထိုးတာနဲ့ခြေလှမ်း​တွေက အပြင်ကိုဦးတည်ချင်​နေပြီ။

ဒါ​ပေမဲ့တယွမ်က အတန်း​ခေါင်း​ဆောင်​​လေ။ သူလည်းသနားပါတယ် ဆရာမ​ပေးထားတဲ့တာဝန်​တွေ​ကြောင့်သူ့မှာမအား။ ဒီကြားထဲ ကျွန်​တော့်​ကြောင့်နဲ့အမြဲအလုပ်ရှုပ်​နေရတာ။ ကျွန်​တော့်​နောက်တ​ကောက်​ကောက်လိုက်ရဖို့ နားချိန်မရှိဘဲကြိုးစားရှာတာဗျ။ ကျွန်​တော်နားလည်​ပေမယ့် အလျင်လို​နေတဲ့စိတ်နဲ့နှုတ်က​တော့ စည်းမ​စောင့်နိုင်ပါဘူး။

၅မိနစ်လွန်သွားပြီဖြစ်တဲ့ ​ကျောင်းကနံရံကပ်နာရီအဝိုင်း​လေးဆီပဲတကြည့်ကြည့်နဲ့စိတ်​လော​နေရ​တော့တာ။

"တယွမ်.."

"ပြီးပြီ လာလာ သွားမယ်"

တယွမ်ရဲ့အ​ဖြေအဆုံးကျွန်​တော်ပြုံးသွားရတယ်။

"အမြန်လာကြ ဒီ​နေ့လည်းအစ်ကို​ရှောင်းဘယ်နားရှိ​နေမလဲမသိဘူး​နော်"

တက်ကြွစွာ​ပြောရင်း အတန်းပြင်​ဘက်ကိုဦးတည်လိုက်ပါ​တော့တယ်။ ကျန်တဲ့နှစ်​ယောက်က​တော့ ကျွန်​တော့်အ​နောက်ကအ​ပြေးလိုက်လာပြီး ကျွန်​တော်နဲ့အတူအစ်ကို​ရှောင်းကိုကူ​ရှာ​ပေး​တော့မယ်။

ဒီအချိန်​လောက်ဆို ထမင်းချိုင့်ထည့်မလာတတ်တဲ့အစ်ကိုက မုန့်​စျေးတန်းက ထမင်း​ပေါင်းဆိုင်မှာပဲထိုင်​နေ​လောက်မလား၊ မဟုတ်လည်း ​သူငယ်ချင်း​တွေနဲ့အတူ ​ခေါင်မိုးထပ်​တွေအ​ပေါ်​ရောက်​နေ​လေမလား။ နည်းနည်း​တော့ စဥ်းစားရတယ်။

SUNSHINE DAISYWhere stories live. Discover now