10

436 69 10
                                    

ကျွန်တော်တို့ကျောင်းတွေပြန်ဖွင့်ပြီဗျ။

ရင်ခုန်စရာတွေပြည့်နှက်နေခဲ့တဲ့ ပိတ်ရက်လေးကုန်ဆုံးရပါပြီ။
ဒါပေမဲ့ ထိုက်ထိုက်တန်တန်ကြီးကိုပျော်ခွင့်ရခဲ့တာမို့ ကျွန်တော်မနှမြောပါဘူး။ ဒီ့အစားဒီ့ထက်ကောင်းတဲ့ အခွင့်အခါတွေရှိလာဦးပါ့မလားလို့တွေးခဲ့မိပါတယ်။

မြို့ကိုပြန်ရောက်တော့လည်းသိပ်တောင်မနားလိုက်ရပါဘူး။ အဲ့ဒီနေ့ပြီးတော့ နှစ်ရက်လောက်နေတာနဲ့ကျောင်းတက်ရတာမို့။ ကျွန်တော်ပြန်လာတာက ကျောင်းဖွင့်ချိန်နဲ့အရမ်းကပ်သွားတာကိုဗျ။

အဲ့ဒီနေ့ကအသည်းအသန်ပြေးသွားခဲ့တော့ အစ်ကိုရှောင်းအတွက်ဆိုပြီးရည်ရွယ်ပြီးမာမားခြံထဲကကောက်လာတဲ့သစ်ကြားသီးထုပ်လေးကိုတောင်မေ့သွားခဲ့တာကြောင့် ဒီကျောင်းပြန်ဖွင့်မှကျွန်တော်ပေးရတော့မှာပါ။ အဲ့ဒါကြောင့် ကျွန်တော်ဟာ ကျွန်တော်နဲ့အတူတူကျောင်းစတက်ရတော့မယ့်ညီမအငယ်ရဲ့လွယ်အိတ်ကိုပြင်ပေးရင်း ကျောင်းတက်ရမယ့်မနက်ဖြန်ဆိုတာကြီးအတွက်ကြိုတင်စိတ်လှုပ်ရှားနေမိပြန်ပါတယ်။

ဒါပေမဲ့ ကျွန်တော်အခုလိုပျော်နေချိန်မှာ ကျွန်တော်နဲ့မတူတဲ့သူကတော့ ကျောင်းဆိုတာကိုအခုမှစတက်ရမယ့်ရှင်းရှင်းပါပဲ။

ကျောင်းမတက်ချင်ဘူးဆိုပြီး ငိုနေသေးလို့ကျွန်တော်တိတ်တိတ်လေးချော့လိုက်ရသေးတယ်ဗျ။ တအားသောင်းကြမ်းတာမဟုတ်ပေမဲ့ အငိုမရပ်ဘဲချောင်ကပ်ထိုင်နေတာမို့ ကူကူးသိသွားလို့စိတ်တိုသွားရင်အရိုက်ခံရဦးမယ်ဆိုပြီးစိတ်ပူသွားရတဲ့ကျွန်တော့်မှာ အသည်းအသန်ချော့ရတော့တာပေါ့။ ကူကူးကပညာရေးနဲ့ပတ်သက်ရင်အလိုမလိုက်ဘူးမို့လေ။ အစ်ကိုဖြစ်သူကနေ့တိုင်းလာကြည့်မယ်ဆိုပြီးကတိအတင်းပေးတော့မှအငိုရပ်ပြီး ကျောင်းတက်ဖို့ခေါင်းညိမ့်တဲ့အငယ်မကအင်တင်တင်နဲ့ပါ။

သနားတော့လည်းသနားမိပါတယ်။ ရှင်းရှင်းကအိမ်,မက်တဲ့ကလေးထဲပါတယ်။ သူကဆော့ရုံဆော့ရတဲ့မူကြိုတောင်မပျော်တာ။ စာလုပ်ရမယ့်ကျောင်းဆိုတော့ကလေးပီပီတွေးကြောက်တာနေမယ်။

You've reached the end of published parts.

⏰ Last updated: Jun 28, 2023 ⏰

Add this story to your Library to get notified about new parts!

SUNSHINE DAISYWhere stories live. Discover now