Park အိမ်တော်တွင်မနက်တိုင်းကြားနေရသောအသံသည်ယနေ့မနက်တွင်ထူးဆန်းစွာမကြားရပေ
"မိန်းမရေဒီနေ့တော့နေအနောက်အရပ်ကထွက်သလားမသိဘူး"
"ဟုတ်ပါ့ပုံမှန်အမေနှိုးတာတောင်မထတဲ့သားတော်မောင်ကဒီနေ့သူ့ဘာသာထတယ်တဲ့"
"ဟာမေမေတို့ကလည်းဗျာကိုယ့်ဘာသာထပြန်တော့လည်းပြောတယ်မထပြန်တော့လည်းပြောတယ်သားကဘယ်လိုနေရမှာတုန်း"
"ကဲထားပါတော့ သားငယ်မင်းကျောင်းပိတ်ထားတုန်းဘာလုပ်ဖို့စိတ်ကူးထားလဲ"
"ဟာဒယ်ဒီကလည်းကျောင်းပိတ်တာတပတ်တောင်မပြည့်သေးဘူးလေပီးတော့သားကဘာလုပ်ရမှာလည်းအိမ်မှာပဲစားလိုက်အိပ်လိုက်လျှောက်လည်လိုက်အာ့တာပဲလုပ်လိုက်မယ်လေ"
"သားငယ်မင့်အဖေရဲ့အလုပ်တွေကူပါလားကွယ်"
"မာမီကလည်းလုံးဝသားဒယ်ဒီ့အလုပ်တွေကိုစိတ်မဝင်စားဘူးနော်လူငယ်လေပျော်ပျော်ပဲနေချင်တယ်"
"သားစိတ်မဝင်စားရင်ပြောမနေပါနဲ့တော့ဒါမဲ့ဒီနေ့ညစာစားပွဲတခုရှိတယ်ဒယ်ဒီနဲ့လိုက်ခဲ့ဒယ်ဒီ့မိတ်ဆွေတွေနဲ့ရင်းနှီးအောင်နောင်
တချိန်သားဆက်ဆံရမယ့်လူတွေကိုသိထားသင့်တယ်""ဟုတ်ဒယ်ဒီအခုတော့သားဟိုကောင်တွေနဲ့ချိန်းထားလို့သွားတော့မယ်နော်"
ပြောရင်းနဲ့ပြေးထွက်သွားသောဆောင်းဟွန်းမိခင်ရဲ့၆နာရီအမှီပြန်လာခဲ့ဆိုတဲ့အသံကိုတော့ကြားလိုက်ပါသေးသည်"ဟျောင့်တွေလူစုံပီလား"
"No ဟိုလောရှည်ကျန်သေးတယ်"
"အမယ်ငါ့များလောရှည်တဲ့မင်းတို့ဘာသာပုနေတာမဟုတ်ဘူးလားဟမ်"
ပြောနေရင်းနဲ့နောက်ကျောဘက်မှဖြောင်းခနဲအသံရယ်ပူထူသွားသောနောက်ကျောရယ်
လှည့်ကြည့်စရာမလိုလောက်အောင်ဒါကတော့ကျွန်တော့်ရဲ့သူငယ်ချင်းလေး
ယန်ဂျောင်ဝန်း၏လက်စပင်"ကြောင်ဝန်းငါနာတယ်နော်ငါ့အမေတောင်ရိုက်တာမဟုတ်ဘူးမင်းကဘာလို့ရိုက်တာလဲ"
"မင်းအမေမရိုက်လို့ငါရိုက်ပီးဆုံးမပေးတာရှင်းလား!!!"
"မင်းနောက်ကျလို့ဆိိုင်မှာလူအများကြီးနဲ့တန်းစီစောင့်ရရင်သေမယ်နော်"
YOU ARE READING
You Are Mine
Romanceနှင်းဆီဖြူတွေလိုဖြူစင်တဲ့မင်းကိုအစွန်းအထင်းအထိအခိုက်မခံရလောက်အောင်ထိကိုယ်ရင်ထဲမှာမြတ်မြတ်နိုးနိုးချစ်တယ်ကလေးငယ်