part 3

180 25 1
                                    

ဟီဆွန်းတစ်ယောက်ထဲ ဆိုလ်းမြို့ရဲ့ညဘက်မီးထိန်ထိန်ဖြာကာလှပနေသည်ကိုဘားတစ်ခုရဲ့အပေါ်ဆုံးထပ်ကနေကြည့်နေမိသည်လက်ထဲတွင်လည်းဆေးလိပ်ကိုကိုင်ထားသည်လရောင်ရဲ့အလှကဟီဆွန်းရဲ့ယောကျာ်းဆန်မှုကိုပိုမိုပေါ်လွင်စေသည်ထိုအချိန်တွင်

"ဟီဆွန်းးး ဟျောင်းးးးးးးးး"

"ဟင်   ဆောင်းဟွန်းးးဒီကိုဘယ်လိုရောက်နေတာလဲ"

"သူငယ်ချင်းတွေနဲ့လာတာဒီနေ့ဆောနူမွေးနေ့မလို့"

"ကလေးတွေကဒီလိုနေရာကိုမလာရဘူးလေ"

"ဘာကိုကလေးလဲကျနော်18နှစ်ပြည့်ပီးပီဗျ!!"သူ့ကိုကလေးလို့ခေါ်သောကြောင့်
ဆောင်းဟွန်းဟီဆွန်းကိုမျက်စောင်းထိုးကာကြည့််ပီးပြန်ပြောလိုက်သည်

"ဘယ်လိုပဲဖြစ်ဖြစ်လေကိုယ့််မျက်လုံးထဲတော့မင်းကကလေးပဲ"

"ဟျောင်းအသက်ကဘယ်လောက်မို့လို့လဲ"

"25   မင်းက19 ပဲရှိသေးတယ်အဲ့တော့ကိုယ်နဲ့ယှဥ်ရင်ကလေးပဲ"

"ထားပါတော့ညဘက်ဒီကနေရှုခင်းကြည့်ရတာကြိိုက်လားကျွန်တော်ကတော့ကြိုက်တယ်"

"အင်းကိုယ်လည်းကြိုက်တယ်တိတ်ဆိတ်ပီးအေးချမ်းနေတာကို"

"ဟျောင်း နဲ့ကျနော်နဲ့အကြိုက်တူတယ်ကျနော်လည်းတိတ်ဆိတ်အေးချမ်းတာကိုကြိုက်တယ်"
လရောင်ကိုငေးကာပြုံးနေသောဆောင်းဟွန်းကိုကြည့်ကာဟီဆွန်းသဘောကျစွာလိုက်ပြုံးမိသည်အဲ့ဒီလောက်ထိသူ့ကလေးငယ်ကအေးချမ်းသည်ဆောင်းဟွန်းသည်လှသည်ဘာဆေးအကူမှမပါပဲရဲနေသောနှုတ်ခမ်းနှာတံပေါ်ကမှည့်နက်လေးဖြူဝင်းသောအသားအရည်လက်ချောင်းသွယ်သွယ်လေးတွင်အသေးစိတ်ကအစမြတ်နိုးဖို့ကောင်းသည်ဘုရားသခင်ကဆောင်းဟွန်းကိုဖန်ဆင်းတုန်းကအချိန်ယူကာသေချာအနုစိတ်ဖန်ဆင်းခဲ့ပံုရသည်

"ဟွန်းငယ် ကိုယ်မင်းကိုပြောစရာရှိတယ်"

"ပြောလေ ဘာကိစ္စမို့လို့လဲ"

"အရမ်းမြန်တယ်ဆိုတာသိပေမယ့်ကိုယ့်စိတ်ကအတည်ပါကိုယ်မင်းကိုစတွေ့ကတည်းကသဘောကျနေမိတယ်မဟုတ်ဘူးမြတ်မြတ်နိုးနိုးနဲ့ချစ်နေမိတယ်"  ဟီဆွန်းကရုတ်တရက်ရည်းစားစကားထပြောသောကြောင့်
ဆောင်းဟွန်းကြောင်သွားရသည်

You Are Mine Where stories live. Discover now