မိုးတွေသဲကြီးမဲကြီးရွာနေသောအချိန်လမ်းမကြီးပေါ်ကပြိုင်ကားအပြာလေးသည်တနေရာလည်းရောက်ရောထိုးရပ်သွားသည်
" ဟာကွာ ကားကဘာဖြစ်ပြန်တာလဲ ပတ်ဆောင်းဟွန်း ရေမင်းအတွက်ကတော့ဒီနေ့
ပြသာဒါးးနေ့ပဲဟေ့"ဆောင်းဟွန်းစိတ်ရှုပ်စွာခေါင်းကိုဆွဲဖွလိိုက်မိသည်ထိို့နောက်ကားပေါ်ကနေဆင်းကာနီးစပ်ရာကားမှတ်တိိုင်ကိုပြေးရတော့သည်
ဟီဆွန်းအလုပ်ကိစ္စပီးလို့ပြန်လာချိန်ကားမှတ်တိုင်တစ်ခုရှေ့မှာသိပ်ကိုရင်းနှီးနေတဲ့မျက်နှာလေးကိုတွေ့လိုက်ရသည်
" မီရာ ရှေ့မှာဆောင်းဟွန်းမဟုတ်လား"
"ဟုတ်တယ် boss ကားရပ်ပေးရမလား"
"အေး!"
ဆောင်းဟွန်းကားမှတ်တိိင်မှာကားစောင့်နေချိန်ရှေ့တွင်အရှိန်ဖြင့်ထိုးရပ်လိုက်သောကားတစီးကြောင့်မျက်နှာကိုရေတွေစင်သွားလို့ဒေါသဖြစာကာအော်တော့မဲ့အချိန်ကားပေါ်ကဆင်းလာသူကြောင့်စွံ့အသွားရသည်
" ဟွန်းငယ် တစ်ယောက်ထဲလား"
"ဟီဆွန်းဟျောင်းးး "
" ဟိတ် ကလေးဘာလို့ကြောင်နေတာလဲကိုယ့်ကိုမမှတ်မိတာလား"
"မဟုတ်ပါဘူး ဟျောင်း ကိုတွေ့ရမယ်လို့မထင်လို့ပါ"
"မထူးဆန်းပါဘူး အခုဘယ်သွားမလို့လဲကားကရော"
"ကားကပျက်သွားလားမသိဘူးဟိုနားမှာရပ်ထားတယ် သူငယ်ချင်းတွေနဲ့သွားတွေ့ပီးပြန်လာတာ"
"အော်အာ့ဆိုအခုအိမ်ပြန်မှာမလားကိုယ်တခါတည်းလိုက်ပို့မယ်လေ"
"အာ့ဆိုရင်တော့ကျေးဇူးပဲဟျောင်းး"
ကားပေါ်ရောက်တော့လဲဘာမှမပြောပဲမှေးနေတဲ့ကလေးငယ်ကိုဟီဆွန်းပြုံးပြုံးကြီးကြည့်နေသည်ကိုကားရှေ့ခန်းကအတွင်းရေးမှူးမှကြည့်ကပြုံးနေသည်တရွေ့ရွေ့နဲ့မောင်းလာရင်းဆောင်းဟွန်းအိမ်ရှေ့သိုရောက်လာတော့သည်
"ဟွန်းငယ် အိမ်ရောက်ပီထတော့"
" ကျေးဇူးနော်ဟျောင်းး နောက်ရက်ကျမိန့်လိုက်ကျွေးမယ်"
YOU ARE READING
You Are Mine
浪漫နှင်းဆီဖြူတွေလိုဖြူစင်တဲ့မင်းကိုအစွန်းအထင်းအထိအခိုက်မခံရလောက်အောင်ထိကိုယ်ရင်ထဲမှာမြတ်မြတ်နိုးနိုးချစ်တယ်ကလေးငယ်