𝙲𝚑𝚊𝚙𝚝𝚎𝚛 6

27 4 1
                                    

16

"ရှောင်ဟယ့် မင်းဘာလို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ။"

ဖေ့ချောင်းက ဟယ့်ကျွင့်လင်မျက်နှာပေါ်က ဒဏ်ရာ ကို စိုးရိမ်ကြောင်းကြနေသည့် မျက်လုံးများနှင့် ကြည့်ပြီးဆိုသည်။

"မင်း ဘယ်လိုဖြစ်ပြီး လဲကျလာတာလဲ?။"

"ဒါပေမယ့် မင်းဟာက လဲကျလာတာနဲ့မတူဘူး ။တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်သလိုပဲ။" ရှောင်ချွမ်က ၀င်ထောက်၏။

"မင်းဘာတွေ လျောက်ပြောနေတာလဲ။ရှောင်ဟယ့်လို လိမ္မာပြီးတော်တဲ့လူက ဘယ်လိုလုပ် အနိုင်ကျင့်ခံရမှာတဲ့လဲ။"

ဖေ့ချောင်းက ရှောင်ချွမ်ရဲ့စကားကို ငြင်းဆိုလိုက်ပြီး ဆက်ပြောသည်။

"ငါ့အိမ်မှာ ယူနန်ပိုင်ယောက်* ရှိတယ် ။ငါအိမ်မှာပြန်ယူပေးမှာမို့ မင်းဒီမှာစောင့်နေ။"

(*云南白药 ဆိုတာက တရုတ်တိုင်းရင်းဆေးအဖြူရောင်ဆေးမှုန့်လေးပါတဲ့ အဲ့တာက ဒဏ်ရာရရင်သွေးထွက်တာတွေလည်း မြန်မြန်သက်သာစေပြီး ရောင်တာတေဘာတေပါပျောက်ပါတယ်)

"မယူနဲ့ မယူနဲ့တော့ ငါ မကြာခင် သက်သာသွားမှာပါ။"

ဟယ့်ကျွင့်လင်က ငြင်းလိုက်ပြီး နေရာတွင်ဝင်ထိုင်ကာ လွယ်အိတ်ထဲက ဖတ်စာအုပ်ကို ထုတ်လိုက်သည်။

"မင်းငါ့အတွက် စိတ်မပူလည်းရတယ်။အိုး ဒါနဲ့ စကားမဆက် မင်းဒီနေ့ နေ့လည်ကျ ငါ့ကို မစောင့်နဲ့တော့ ငါအပြင်မှာ သွားစားမှာ။"

"အိုး! မင်းကတော်ရုံ အပြင်မထွက်တတ်ဘူးလားလို့။"

ဖေ့ချောင်းက စိတ်ဝင်တစားနဲ့မေးလိုက်သည်။

"ရှောင်ချွမ်နဲ့ ငါ မင်းကို အဖော်လိုက်ပေးမယ်လေ။ကျောင်းက ကန်တင်းမှာစားရတာ တဖြည်းဖြည်း ငြီးငွေ့လာပြီ ငါတကယ်သည်းမခံနိုင်တော့ဘူး။"

ဟယ့်ကျွင့်လင်က ဒီစကားကို ကြားတာနဲ့ ချက်ချင်း ခေါင်းခါသည်။

"မင်းငါ့ကို အဖော်လိုက်ပေးဖို့ မလိုပါဘူး။ငါက သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မလို့။သူက အတော်ရှက်တတ်တယ်။မင်းတို့သာ ပါလာရင် အတော်နေရခက်နေမှာစိုးလို့။"

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 〈𝙷𝚒𝚊𝚝𝚞𝚜〉Where stories live. Discover now