𝙲𝚑𝚊𝚙𝚝𝚎𝚛 10

18 3 1
                                    

28

ဟယ့်ကျွင့်လင် အန်တီချင်ကိုနှုတ်ဆက်ပြီးနောက် ဆန်ဆီဆိုင်ရဲ့ အိမ်နောက်ဖေးထဲသို့ လိုက်ဝင်လိုက်သည်။ဒီနေရာက အန်တီချင်တို့ မိသားစု နေထိုင်တဲ့ နေရာလေးပဲ။စာကလေးအိမ်ကလေးကဲ့သို့ ကျဥ်းမြောင်းပေမယ့် အိမ်အင်္ဂါရပ်ငါးခုလုံးနှင့်ပြည့်စုံသည်။သေတ္တာကြီးတစ်လုံးနှင့် စားပွဲခုံတစ်လုံးရှိပြီး ဘေးမှာ အိပ်စက်ဖို့ရန်အတွက် ကုတင်တစ်လုံးလည်းရှိသည်။စားပွဲပေါ်မှာတော့ စာအုပ်များကို အထပ်လိုက် စီထားပြီး ကျောင်းဖတ်စာအုပ် အနည်းငယ်ကိုလည်းတွေ့ရ၏။

အန်တီချင်ကတော့ ပျော်ရွှင်စွာဖြင့် သစ်သီးအိတ်ကိုကိုင်တာ မီးဖိုခန်းထဲသို့ဝင်သွားသည်။ဟယ့်ကျွင့်လင်က ကုတင်ပေါ်မှာထိုင်လိုက်ပြီး လင်ယွီယန် မလုပ်နိုင်သည့်မေးခွန်းများကို ကူလုပ်ပေးဖို့ မေးလိုက်သည်။

လင်ယွီယန် ဟယ့်ကျွင့်လင်ပြောတဲ့စကားကိုကြားတာနှင့် သူအချိန်အတော်ကြာမဖြေရှင်းနိုင်သည့် သင်္ချာပုစ္ဆာကို ဖွင့်ကာ ဟယ့်ကျွင့်လင်ရဲ့ ရှေ့ကိုတိုးပေးလိုက်သည်။

"အဲ့တစ်ခုပါ ဟယ့်ကော"

ဟယ့်ကျွင့်လင် မေးခွန်းကိုကြည့်လိုက်သည်။လင်ယွီယန်က သူ့ထက်တစ်နှစ်ငယ်တဲ့ ဂျူနီယာ အထက်တန်းကျောင်းသားလေးဖြစ်သည်။ဒီမေးခွန်းက ဂျူနီယာအထက်တန်းအဆင့်ပဲရှိသေးတာမို့ ဟယ့်ကျွင့်လင်အတွက်တော့ သိပ်မခက်ခဲလှ။ဒါကြောင့် ဟယ့်ကျွင့်လင် ဘောပင်တစ်ချောင်းကို ယူလိုက်ပြီး ပုစ္ဆာရဲ့ထင်သာမြင်သာရှိစေမယ့် အပိုင်းတွေကို မျဥ်းတားပေးရင်း စာအုပ်ကို လင်ယွီယန်ဆီ ပြန်တိုးပေးကာ စာသင်ဖို့ အစချီလိုက်၏။

လင်ယွီယန်က စာကို ဂရုတစိုက် လိုက်နားထောင်နေပြီး ရှင်းပြပြီးတဲ့အခါတိုင်း ခေါင်းကိုအကြိမ်ကြိမ်ငြိမ့်ရင်း တုန့်ပြန်တတ်သေးသည်။ဟယ့်ကျွင့်လင် ရဲ့ ရှင်းပြချက် အပြီးမှာ လင်ယွီယန်က ဉာဏ်အလင်းပေါက်သွားပုံရပြီး ရွှင်ရွှင်ပျပျရှိလာသည်။

"ရှောင်ဟယ့်ကောက အရမ်းတော်တာပဲ"

"ကောင်းပါပြီ။အဲ့ဒါဆို ငါအရင်ပြန်နှင့်တော့မယ်။"

You've reached the end of published parts.

⏰ Last updated: Jun 01, 2023 ⏰

Add this story to your Library to get notified about new parts!

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 〈𝙷𝚒𝚊𝚝𝚞𝚜〉Where stories live. Discover now