ရင်ခုန်သံရှိရာမန္တလာမြေသို့(အပိုင်း၁)

87 4 0
                                    

ကျွိး....(ကားပရိတ်အုတ်သံ)
စာထဲမှာပါတဲ့ လိပ်စာအရဆိုရင်တော့ ဒီအိမ်ပဲ"
ကျွန်တော်နမည်ကတော့ ကြည်သာမောင်
ဖြစ်ပါတယ် အသက်ကတော့17ပေါ့ ကျွန်တော် 10တန်းဖြေပြီးတော့ အိမ်က မိဘတွေက ကျွန်တော့်ကို ဒီစာရွက်ထဲမှာပါတဲ့လိပ်စာအတိုင်း သွားခိုင်းတာပဲ ကျွန်တော်တောင် ဆိုးရွံ့မိတယ် အိမ်ပေါ်ကနှင်ချလိုက်တာများလားလို့ ကယ့်ပါ ဒီအကြောင်းခနထားဦး..
ကျွန်တော်အခုရောက်နေတဲ့ ခြံကြီးကတော့ တော်တော်ကြီးတယ် အိမ်ကလည် အိုဟောင်းနေတလိုလို ကြည့်ရတာတမျိုးကြီးပဲ ဆွေးရိပ်တန်းနေတလိုပေါ​့ဗျာ ဒါနဲ့ ဘယ်သူမှလည်းမရှိဘူးဗျာ ခေါ်ကြည့်ဦးမှပဲ။

'အိမ်ရှင်တို့...ဗျို့ အိမ်ရှင်တို့... '
'ဘာကိစ္စရှိလို့လဲ ေကာင်လေး..'
'အောင်.. မ လေး ဗျာ'
(ချီးပဲ ဒီအဘိုးတော်ကြီးကဘယ်ကပေါ်လာတာတုန်း ငါလည်းမမြင်မိပါဘူး ပုံစံကလည်း သရုပ်ဆောင် ကျော်သူ နဲ့တူတယ် တုတ်ကောက်တစ်ချောင်းနဲ့ အားး ရီးး လန့်စရာကြီး)
'ကောင်လေး.. ကောင်လေး...'
'ဟမ် ဟမ် ဗျာ ဗျာ ကျွန် ကျွန်တော် က ဒေါ်မေမဒီ လွှတ်လိုက်တာပါ'
'ဟုတ်ပြီး ဟုတ်ပြ​ီး လာ ​အိမ်ထဲဝင်'
ကျွီး...(ခြံတခါးဖွင့်သံ)
(ကျွန်တော် ခြံထဲကို ခြေချလိုက်တယ်ဆိုတာနဲ့ ရုတ်တရက် ကျွန်တော့်ဘေးကနေ လူတွေ အများကြီး ပြေးဝင်သွားတလို လေတွေရဲ့ရိုက်ခက်မှုကိုခံစားလိုက်ရတယ် တပြိုင်နက် မြွေတစ်ကောင် ဖြတ်ပြေးသွားတာကိုပါ ကျွန်တော်မြင်လိုက်တယ် အရမ်းကြောက်ရွံ့ပြီး ကျွန်တော် ထခုန်မိတယ်)
'အားးးး မြွေကြီးမြွေကြီး '
'ကောင်လေး ဒီမြွေတွေက ဒီမှာ ရှိစမြဲပဲကွယ်'
'ဗျာ!!!!'
(သေပြီးပေါ့ သေပြီးပေါ့ကွား ပိုးဟပ်တောင်ကြောက်တာ မြွေကြီးဆိုရင်တော့လား 😭😭မေမေရေးးးးးးးး)
'လာ ကောင်လေး '
(ကျွန်တော် လမ်းနည်းနည်းလျှောက်လိုက်တာနဲ့ အိမ်ကြီးဆီကို ရောက်သွားတယ်ဗျာ
အိမ်ကြီးကလဲ ဘယ်လိုစိတ်ကူးနဲ့ဆောင့်ထားလဲမသိဘူး ကြောက်စရာကြီး မည်းမည်းကြီး
အိမ်ကြီးကမည်းတဲ့အပြင် ကာထားတဲ့မှန်တွေကလဲ အိမ်ထဲကိုဖောက်ပြီးမမြင်ရပြန်ဘူး အိမ်ထဲမှာဘာတွေရှိမလဲမသိဘူး ရင်တော့ခုန်သားဗျာ့
အိမ်ရဲ့ တခါးပေါက်ကိုရောဖို့ လှေခါး၆ထစ်လောက်ရှိသေးတယ်ဗျာ ထူးစမ်းတာကတော့
ပထမဦးဆုံးစတဲ့လှေခါးမှာ မြွေပုံကို အရိပ်လေးလုပ်ထားတယ် wow မိုက်သားပဲ)
'ကောင်လေး '
'ဗျာ ဦးလေး'
'ဒီမှာမြင်နေရတဲ့ တခါးကို ဖွင့်ပြီး ကောင်လေးပါ့သာပဲ အိမ်ထဲဝင်သွားလိုက်နော်'
'ဗျာ ဦးလေး လိုက်မပို့တော့ဘူးလား ကျွန်တော်က တံခါးပဲဖွင့်တတ်တာလေးဗျာ ကျွန်တော်နေရမယ့်အခန်းတွေပါတွေ ကျွန်တော်မသိဘူးလေး ဦးလေး'
'ဦးလေးတို့က ဒီအိမ်ကြီးကို ခြေချခွင့်တောင်မရှိလို့ပါ ေကာင်လေး'
'ဘာလို့လဲ? '
(အူကြောင်ကြောင်လေးနဲ့ပြန်မေးမိတယ်)
'ကောင်လေးနောက်သိမှာပေါ့'
'ကယ်ဒါဆိုရင် ဦးလေးသွားတော့မယ်'
'ဒါနဲ့ ကောင်လေး'
(1စက္ကန့်..... 2စက္ကန့်.... 3စက္ကန်....
လောက်နေပြီးမှ ပြောတဲ့စကား အရမ်း ကြက်သီး ပါထစေတယ်)
'လက်ရာခြေရာမပျက်စေနဲ့'(ေလသံလေးဖြစ်)
'ဗျာ'
ကျွီးးးးအိမ်တံခါးဖွင့်သံ
'ကြီးကြီးရေးးး လာပါဦး ဒီမှာ ကြည်သာမောင်ရောက်ပြီး'
(အမလေး ဘယ်က စာကလေးမတစ်ကောင်လည်းမသိဘူး နားကိုညီးသွားတာပဲ ငါ့နမည်လည်းသူကသိသေးတယ်)
'အော် မြေးလေး ရောက်ပြီးလားကွယ်
လာလာ အိမ်ထဲဝင်'
'ဟုတ်ကဲ့ဖွားဖွား 😁😁'
(😖ကန်တော့ပါ ဖွားဖွားရယ် ကျွန်တော်က ကြီးကြီးလို့ ခေါ်သံကြားတော့ အိမ်အကူ ကြီးကြီးကိုခေါ်တာ ထင်လို့ အတွေးထဲမှာပြောတာပေါ့နော့)
(ဖွားဖွားက ရှမ်းစော်ဘွားအမျိုးသမီးနဲ့တူတယ် မြန်မာဝတ်စုံလေးနဲ့)
'ထိုင် မြေးလေး '
(ဖွားဖွားက ကျွန်တော့်ခေါင်းလေးကို ကိုင်ပြီးပြောလေရှာတယ်'
'မွေးထားတာတော့ သမီးလေးပေါ့
အခုတော့ သားလေးဖြစ်နေပြီးပေါ့လေး'
'ဟဲဟဲ ဖွားဖွားကလည်း'
'ဘာလဲ ဖွားဖွား ကသမီးလေးတွေပဲချစ်တာလား'
'အိုကွယ်မဟုတ်ပါဘူး သားလေးလဲ ချစ်ပါတယ်နော်'
'ဟုတ် 😁😁'
'ကယ်မြေးလေးရေ 12နာရီလည်းထိုးပြီးဆိုတော့ အဖွားတို့ ထမင်းစားရအောင် မြေးလေးလည်း ထမင်းစားပြီးမှနားပေါ့'
'ဟုတ်ကဲ့ဖွားဖွား သားလည်းဗိုက်စာနေတာ '
.....................................
9:30 PM
'wow နေလို့ကောင်းလိုက်တာ လေလေးတွေကလဲ တိုက်တယ် အွန်းးး🤔🤔ငါ့ရဲ့အခန်းကို သေခြာကြည့်ကြည့်တော့လည်း မိုက်သားပဲ ရှေ့ဟောင်းနည်းနည်းတော့ဆန်တယ်'(ကြည်သာမောင်အခန်းကို ဝေ့ဝဲပတ်ကြည့်ပြီးတော့တစ်နေရာအရောက်မှာတော့) ငါ့အဝတ်ဗီရိုပေးက သေတ္တာထဲမှာ ဘာတွေရှိလည်းမသိဘူး စပ်စုကြည့်ဦးမယ် '
'ဖုန်တွေနဲ့ ဟ..သေတ္တာကလည်း ေသာ့လည်းမခတ်ထားဘူး '
(ကြည်သာမောင် တစ်ယောက် သေတ္တာ ကို အလင်းဘက်ရောက်အောင် ဆွဲထုတ်ခဲ့တယ်)
'အောင်မလေး...လေးလိုက်တဲ့သေတ္တ'
(ကြည်သာမောင် သေတ္တာလေးကိုဖွင့်ကြည့်လိုက်တော့ ထိုသေတ္တာလေးထဲမှာ A4လောက်ရှိတဲ့စက္ကူလေးတစ်ရွက် စက္ကူကအရမ်းကိုပျက်စီးနေပြီး.နောက်ထက် စာအုပ်လေးတစ်အုပ် ဝတ္ထုလိုမျိုး နောက်ပြီး လက်စွတ်လေးနှစ်ကွင်း)

'လက်စွတ်လေးတွေက မိန်းကလေး လက်စွတ်တွေပဲ လက်စွတ်မှာ စာလုံးတစ်လုံးဆီ ထွင်းထားတယ် 'တစ်ကွင်းက (ဇာ)
နောက်တစ်ကွင်းက (ခေတ်)'
'နောက်ပြီး ဒီစာအုပ်နမည်လေးကလဲထူးဆန်းတယ် (အိမ်နောက်ကတောအုပ်) တဲ့လား....

.....................................................
(ဆက်ရန်)...
❤❤❤❤
Shwe Hindar

ရင်ခုန်သံရှိရာမန္တလာမြေသို့Where stories live. Discover now