ရင်ခုန်သံရှိရာမန္တလာမြေသို့ (အပိုင်း၄)

17 2 0
                                    

‌တီးတီး(နာရီနှိုးစက်သံ)
စောင်ပုံထဲကနေလက်ဖြူဖြူသွယ်သွယ်လေးတစ်တစ်ဖက်ဟာ ကုတင်ခေါင်းရင်းကနှိုးစက်သံကလေးကို ပိတ်ပစ်လိုက်လေရဲ့
"သမီးရေး ထတော့ကွယ် ဒီနေ့မန္တလေးသွားမှာကိုမေ့နေတာလားကွယ် "
"ထ ပြီး မေမေ"
(အမလေး ထရဦးမယ် ပျင်းပါတယ်ဆိုရင်
ချစ်စရာကောင်မလေးတစ်ယောက် စောင်ပုံထဲကနေထပြီး ရေချိုးခန်းထဲဝင်သွားလေရဲ့
ကျွန်မနမည်ကတော့ မေရှင်းသန့်ပါ
အသက်ကတော့၂၃ပေါ့ ကျွန်မက ပုသိမ်သူလေးပေါ့ ကျွန်မတို့မိသားစုဒီနေ့ မန္တလေး က အဘွားအိမ်ကိုသွားလည်ကြမှာ)
အခုလောလောဆယ်တော့ ရေမိုးချိုးပြီးလို့အလှတွေပြင်ရပါ့ဦးမယ်လေး လှချင်တော့လည်းလုပ်ရတာပေါ့
"ဒေါက် ဒေါက်"(တံခါးခေါက်သံ)
"မမရှင်းရေ မပြီးသေးဘူးလားဗျာ စောင့်နေရတာကြာနေပြီးဗျ "
(ဒါကတော့ရှင်းမောင်လေးပေါ့ သူရဇ္ဇ တဲ့လေ ရှင်းရဲ့ကမ္ဘာ့ရန်သူကြီးပေါ့)
"ပြီးပြီးဟဲ့ ခနနေဆင်းခဲ့မယ် အဲ့လောက်အော်မနေနဲ့"
"ပြီးရင်လဲဆင်းခဲ့ဗျာ "
"အေအေ"
(ရှင်းတို့မိသားစုက 5ယောက်ရှိတယ် ဖေဖေ မေမေ သူရဇ္ဇ ရှင်းရယ် ဦးလေးရယ်)
ရှင်းအောက်ထပ်ရောက်တော့ အကုန်လုံးက ကားပေါ်တောင်ရောက်နေကြပြီး မေမေက 'ရှင်းလေးရယ် ကြာလိုက်တာကွယ်'
ဖေဖေ'သမီးကလည်းကွယ် အလှတွေသိပ်မပြင်ပါနဲ့ဆို' မောင်လေးက'မမနင့်ဟာကလည်း ရုပ်ရှင်သွားရိုက်မှာကျနေရော'
ဦးဦး'ရှင်းရှင်း လှအိုးကွဲ ရှင်းရှင်းလှအိုးကွဲ'
(အော် ရှင်းပြောဖို့မေ့နေတာ ရှင်းရဲ့ဦးလေးက မွေးကတည်းက ဉာဏ်ရည်မမှီဘူးလေး ကလေးလိုပဲ)
ရှင်းလည်းဘာမှဖြေမနေတော့ဘဲ ကားပေါ်သာတက်ထိုင်လိုက်တော့တယ် ဖြေနေရင် ဒီနေ့ မန္တလေးတောင်ရောက်မယ်မထင်တော့ဘူး
ရှင်းကတော့ ထာဝရမန္တလေး သီချင်းလေးနားထောင်ရင်း ကားလေးကတော့ မန္တလေးဆီသို့ပေါ့
............................................
"မမစိန်...ညှစ်မမစိန် အားတင်းပြီးညှစ်ထား မမစိန် ထွက်တော့မယ်နော် မမစိန် အားတင်းထား"
"မမ စိန် ထွက်လာနေပြီး အားတင်းပြီးနောက်ဆုံးတစ်ခေါက် အားရပါးရညှစ်လိုက်နော် "
'ထွက်လာပြီး ထွက်လာပြီး မမစိန်ရေ '
(ကလေးမွေးပေးတဲ့ဒေါ်ရွှေဆိုသူ လက်သည်တစ်ဟာ ကလေးထွက်လာတာကို အားပါတရဝမ်းမြောက်ဝမ်းသာဖြစ်နေလေရဲ့..သူမရဲ့အပျော်ဟာ စက္ကန့်ပိုင်းလောက်မှာတင် အငွေ့ပျံပျောက်ကွယ်သွားလေပြီး ဘာလို့ဆို)
မမစိန်'''ဒေါ်ရွှေဘာလေး လဲဟင် '''
အားအင်ချိနဲ့စွာ ခတ်တိုးတိုးလေး အမေးဟာ
သွေးပျက်စရာ အဖြစ်ပျက်ကိုမသိခဲ့ရဘူးဆိုရင်ပေါ့
"မမစိန် စိတ်ကိုခိုင်ခိုင်ထားပါနော် မမစိန်"
''မမစိန် မွေးတာ သမီးလေးပါ မမစိန်"
နောက်ဆက်တွဲစကားသံဟာ သွေးပျက်စရာနောက်ဆက်တွဲစကားလေးဟာ အဲ့ဒီလောက်သွေးပျက်စရာကောင်းလိမ့်မယ်လို့ကျွန်မမထင်ခဲ့မိတာအမှန်ပဲ.....
"ကလေးက အသက် မပါလာဘူး "
"ရှင်... ဟင်အင်း မဖြစ်ရဘူး မဟုတ်ဘူး မဟုတ်ဘူး ဒေါ်ရွှေ ညာနေတာ ရှင်လိမ်နေတာ ရှင်လိမ်တာ"(မရှိရှိက အားအင်လေးနှင့်အစွမ်းကိုမဟုတ်နိုင်ဘူးဟုပြောဆိုနေသော ထိုအမျိုးသမီးဟာ သာမာန်လူတန်းစားထဲကမှမဟုတ်တာ)
'မမစိန်ရယ်စိတ်ခိုင်ခိုင်ထားပါမမစိန်'
"မမစိန် ဒေါ်ရွှေခေါ်နေတာကြားလား မမစိန် မမစိန်"
......................................
'B..oss. Boss "
Boss!
"ဟင် ဟင် လန့်လိုက်တာ"
"Boss အဆင်ပြေရဲ့လား အိပ်နေရင်း ချွေးတွေတအားထွက်နေလို့ ကျွန်တော်နှိုးလိုက်​တာပါBoss''
"အင် ရတယ် ငါအဆင်ပြေတာ မို့ကားကိုဂရုစိုက်မောင်း' ငါ့ကိုရေဘူးလေးယူပေး'
"ဟုတ်ကဲ့ Boss ဒီမှာပါရေဘူး"("​ေဇာ်တို့ဒီနေ့ မန္တလေး ကိုအလုပ်ကိစ္စနဲ့သွားနေကြတာပေါ့ ဘယ်ကနေဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး ပြီးတော့အိမ်မက်ကြီးကလဲတစ်မျိုးကြီး )
ဟူးး ဇော်လေပူတစ်ချက်မှုတ်ထုတ်ကာ
"ပိုင်ရခိုင် ငါကို ထာဝရမန္တလေး သီချင်းဖွင့်ပေး"
"ဟုတ်ကဲ့ Boss"
ထာဝရမန္တလေး သီချင်းသံပျံလွင့်နေတဲ့ ထိုကားလေးသည်လည်း မန္တလေးဆီသို့
....................................
''တီးတီး.....တီး'
'အောင်မလေး....ဗျာ'
(ကြည်သာမောင်တစ်ယောက် သီချင်းလေး ဆိုပြီး လမ်းလျှောက်နေတာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ ကားသံကြောင့် လူက သကြားမင်းသမီးကုတင်ပေါ်ပါပြေးရောက်ချင်သွားတယ် အဲ့လောက်ထိ ကျွန်တော်လန့်သွားတယ်ဗျာ..ဟီးဟီး😁😁
အော်နေဦး လက်ရှိအခြေနေကိုမေ့လို့
စိတ်ကိုပြန်တင်း လိုက်ဦးမယ်)
ကြည်သာမောင် ကား ကိုလှည့်ကြည့်ပြီး
ဖြဲတော့မယ့်ရုပ်နဲ့
'ဒေါက် ဒေါက်'(ကားမှန်ခေါက်သံ)
'ဒီမှာ ဒီမှာ ခဗျာ ကားကိုဘယ်လိုမောင်းနေတာလဲ လူတစ်ယောက်လုံးမမြင်ဘူးလား မတော်လို့တစ်ခုခုဖြစ်ရင် ခဗျာဘယ်လိုလုပ်မလဲ'
သူလည်းပြောပြီးလို့စက္ကန့်ပိုင်းလောက်ကြာရော ကားထဲကနေ အသက်၄၀ကေျာ်အမျိုးသားတစ်ယောက်ထွက်လာတယ်)
'ဦး တောင်း ပန်ပါတယ် ကောင်လေးရယ် '
'တောင်းပန်ရုံနဲ့ပြီးသွားမလား ဗျာ့'
(ကြည်သာမောင် ပွဲကြမ်းလေပြီး)
'ဟိတ် ဒီမှာ ချာတိတ်'
'ဗျာ.....ဟင်'
အနားကိုဘယ်ကဘယ်လိုရောက်နေမှန်းမသိတဲ့ အမျိုးသမီးတစ်ဦး.... အနီရောင်မြန်မာဝမ်းဆက်လေးနဲ့ထိုအမျိုးသမီး အသဲပုံ နှုတ်ခမ်းနဲ့ ထိုအမျိုးသမီး လှပလွန်းတဲ့နှုတ်ခမ်းကထွက်ကျလာတဲ့တေးသံစဥ်လေးတွေရယ် စကားပြောလိုက်ရင်ခွက်ဝင်သွားတဲ့ပါးပြင်ပေါ်ကပါးချိုင့်လေးတစ်ဖက် ရယ်
ထိုဟန်ပန်များကိုကျွန်တော်ဘဝဆက်တိုင်းမမေ့ရပါစေလို၏ ဆိုပြီး ဆုတောင်းမိမယ်ထင်တယ်ဗျာ..
'ဖြောင့် ဖြောင့်'(လက်ဖြောင့်တီးသံ)
'ဟင်း..ဟင်..ဗျာ ဗျာ'(ဘယ်လောက်တောင်ငေးမိသွားလည်းမသိ သူမဘာတွေပြောသွားမှန်းတောင်မသိတော့ဘူး)😬😬
'မင်း ကားရှေ့ကဖယ် '
'ဗျာ ဟုတ်ကဲ့ အန်တီ ဟုတ်ကဲ့'
(ဆွံ့အစွာနဲ့ပဲ ဖယ်ပေးလိုက်ရတယ်ဗျာ)
'ဒါ နက် အန်တီ ဟိုလေ'
'ဘာလဲ မင်း ဘာ ဇယားတွေရှုပ်ချင်နေတာလဲပြောစရာရှိတာမြန်မြန်ပြော အာရုံနေဇယားတွေရှုပ်ချင်နေတာလဲ'
'အဲ့ လိုမဟုတ်ပါဘူး ကျွန်တော်က နာမည်လေး သိချင်ရုံပါ ဗျာ'
(ကျွန်တော်လည်းပြောပြီးရော ဘာစကားမှမဆိုပဲချက်ချင်းလှည့်ထွက်သွားတဲ့သူမက ကားတံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်တလှမ်းကိုင်လိုက်တဲ့အချိန် ကျွန်တော်သိလိုက်ပြီးထိုကားလေးသည်သူမကားလေးဖြစ်သည်ကို ထို့နောက် တံခါးကိုမဖွင့်သေးဘူး ကျွန်တော့ဘက်ကိုလှည့်ပြီး ပြောသွာတာက)
'ကျွန်မ နာမည် မိုးမိုးဆန်း'(နာမည်ပြောပြီးချ်က်ချင်းကားပေါ်တက်သွားတဲ့သူမလိုပဲကျွန်တော်လည်းအပြုံးလေးနဲ့သူမကိုကျောခိုင်းပြီး အိမ်ရှိရာဆီသို့ )
သီချင်းလေးညီးရင်းပေါ့
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဇော်--ထာဝရနှလုံးသားလေးထဲသိမ်းဆည်လို့
           ထား.....ကိုယ်မြတ်နိုးတဲ့ ပန်းလေးတစ်   
           ပွင့်ကို..အချိန်တွေဟောင်းသွားလဲပဲ...
           အခုထိမမေ့သေးဘူး....

ကြည်သာ-ရင်မှာအမြဲတိုင်းအတွက်နဲ့မဟုတ်
                  ခဲ့ဘူးဆို....ဒါကိုအချစ်လို့လုံးဝမ
                  ပြောတတ်သူ ကိုယ်နောက်ဆုံး
                ထွက်သက်ထိ.. မင်းရဲ့ရနံ့များ
                လည်း ထုံသင်းဆဲ လှိုက်မောသူ...

  ရှင်း-  ထာဝရရင်ထဲ မပြောင်းလဲ တတ်သူ
           မင်းရှေ့အရောက်ပြန်လာမယ်
           ဒီမြို့လေးရယ်
          မိုင်တွေခြားလည်း
            မင်းရှေ့အရောက် ပြန် လာမယ်
          ငါ့ အိမ် မက်ရယ်..........

ဇော်+ကြည်သာ+ရှင်း- ဟူ... ဟူး ...ဟူ..ဟူးး..
                            ဟူးး.ဟူ ဟူ ဟူ..........
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
Shwe Hindar

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

ရင်ခုန်သံရှိရာမန္တလာမြေသို့Where stories live. Discover now