ရင်ခုန်သံရှိရာမန္တလာမြေသို့(အပိုင်း၂)

30 4 0
                                    

(ကြည်သာမောင်တစ်​ယောက်လက်စွတ်လေးကို ​ကိုင်ကြည့်လိုက်ချိန် စိတ်ထဲမှာအမည်မသိခံစားချက်လေးခံစားရတော့ ဒီလက်စွတ်လေးကို သူယူထားမိတယ်
စာအုပ်နဲ့လက်စွတ်ကိုကုတင်ဘေးက စာပွဲပေါ်တင်လိုက်တယ် ပြီးနောက် သေတ္တာလေးကို ပြန်ပိတ်ပြီး သူနေရာသူပြန်ထားလိုက်တယ်။ကျွန်တော် သေတ္တာကိုဆွဲထုတ်ထားတဲ့အရာက ဗီရိုရှေ့မှာ ထင်ကျန်နေတယ် ကျွန်တော် အဝတ်စုတ်တစ်ခုယူပြီးအရာပုံစံဖြစ်နေတဲ့ ဖုန်တွေကိုကျွန်သုတ်လိုက်တယ် အားလုံးokသွားတော့ ကြည်သာမောင် စာအုပ်နဲ့လက်စွတ်ကိုယူပြီး ဗီရိုထဲမှာသိမ်းထားလိုက်တယ် ထို့နောက် အိပ်ဆက်ခြင်းဆီသို့)
...................................................
ည 2 နာရီ အချိန်တွင်
''ဝုတ် ဝုတ် ဝုတ်''
''အာဝူးးးး''
"ကြည်...သာ မောင်''(လေသံဖြင့်ခေါ်ခြင်း)
''ဟောဟဲ....ဟောဟဲ.."(ကြည်သာမောင်လန့်နိုးလာပြီး မောဟိုက်နေလေရဲ့)
"ခွမ်းး"
(ကြည်သာမောင် ရေသောက်ချင်သာမို့ ရေခွက်ကိုယူလိုက်တာ လက်ချော်ပြီး ပြုတ်ကျသွားလေရဲ့)
(ကြည်သာမောင်ကုတင်ပေါ်ကဆင်းမည်အပြုအသံတစ်သံကြားလိုက်တယ်)
" ဂျောင့်"(ပိတ်ထားတဲ့​ပြတင်းပေါက်တံခါးက ပွင့်လာတယ်)
(ကြည်သာမောင် ကြောင်အစွာရပ်ကြည့်နေခိုက်)
(တိုးဝင်လာတဲ့လေသံနဲ့အတူ အသံတစ်သံကပ်ပါလာလေရဲ့)
"ဝူး ဝှီး "ဇာ..."(အမျိုးသမီးတစ်ယောက်အသံဖြစ်ခေါ်လိုက်တဲ့နမည်တစ်လုံးက "ဇာ"တဲ့လား)
"အားးးး "​(ကြည်သာမောင် ငယ်သံပါအောင် အော်ဟစ်ပြီး အိမ်အောက်ထပ်တို့ပြေးဆင်းသွားတယ်)
"ကျွီး"(အခန်းတံခါးကို ဆွဲဖွင့်ပြီး ပြေးလေရဲ့)
"ဒုန်းး"(ကြည်သာမောင်ပြေးရင်းနဲ့ လှေခါးနားမရောက်ခင် မှာရှိတဲ့ခုံနဲ့တိုက်မိပြီး ပြုတ်ကျသွားတယ် ကြောက်တဲ့ဇောနဲ့ ချက်ချင်းပြန်ထပြီး အောက် ထပ်ကိုအရောင့် ပြေးတယ်...ကျွန်တော်အောက်ထပ်ကိုရောက်တော့ တစ်အိမ်လုံး ဖယောင်းတိုင်မီးတွေကြီးထွန်းထားတယ် ဧည့်ခန်းရဲ့အလယ်တည့်တည့်မှာ မီးပန်းဆွဲကြီးလည်းတွေ့ရတယ် ကျွန်တော် တစ်အိမ်လုံးကို ဝေ့ဝိုက်ကြည့်မိတော့ဘယ်သူမှကိုမတွေ့ရဘူး ဘာအသံမှလည်းမကြားရဘူး ကျွန်တော် နာရီကိုကြည့်မိတော့ နာရီလက်တံက ည2နာရီ ခွဲကိုညွှန်ပြနေလေရဲ့)
(ကျွန်တော်ဘာလုပ်ရမည်နည်း။ ဘွားဘွား ရှိတဲ့အခန်းကိုကျွန်တော်လိုက်ရှာမိတယ် တစ်အိမ်လုံး ဘာအခန်းမှာမတွေ့ဘူး တစ်အိမ်လုံးမှာ ကျွန်တော်တစ်ယောက်တည်းရှိနေတလိုမျိုးပေါ့)
"ရွှတ် ရွှတ်"(ခြေသံ)
(ကြည်သာမောင့် အနောက်က လူတစ်ယောက် ဖြတ်လျှောက်သွားသံ)
"ဟမ် ဘာ..ဘာသံလဲ"
"ဇာ...ဇာ..ဟား ဟားး.. ဇာရေး ဟားး" (ခြောက်ခြားဖွယ်ရာ အသံနဲ့ အမျိုးသမီး သူမက "ဇာ"လို့ခေါ်ပြီးရယ်နေလေရဲ့ ။သူမရဲ့အသံတွေဟာ အိမ်ရှေ့ကလာတလိုလို အိမ်နောက်ကလာတလိုလို အိမ်ပေါ်ထပ်ကလာတလိုလို ကျွန်တော်အရမ်းကြောင့်တာပဲ)
(ကြည်သာမောင် ထိုင်ချလိုက်ပြီး အရူးတယောက်လိုl ကလေးသူငယ်တစ်ယောက်လိုl
အော်ဟစ်ငိုယိုနေလေရဲ့ ပါးစပ်ကလည်း)
"ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော့်ကိုမခြောက်ပါနဲ့ "
"ဇာာာာာ"
"ဒုန်းးးးး"(ကျွန်တော့နောက်ကျောဘက်မှာရှိတဲ့ လှေခါးပေါ်ကနေ အမျိုးသမီးတစ်ယောက် အော်သံနဲ့ အတူ အိမ်တံခါးမကြီးဟာ အရှိန်အဟုန်နဲ့ ပွင့်ကျသွားတယ်)
"အားးးးးး "(ကြည်သာမောင် အိပ်နေရင်းနဲ့လန့်နိုးလာတယ် ငါ..ငါ. အိမ်ထဲမှာအိမ်မက်ပြန်မက်နေတာလား။နာရီကိုကြည့်မိတော့ မနက် 7နာရီခွဲ)
"ဟူးးး ဘာပဲ ဖြစ်ဖြစ် အိမ်မက်မို့​​တော်သေးတယ်"
(မျက်နာသစ်သွားတိုက်ပြီးအိမ်အောက်ထပ်တို့ဆင်းလာပြီး ထမင်းစားခန်းဆီသို့)
"အော် မြေးလေးတောင်နိုးလာပြီးပဲ
ဘွားကအခုပဲ သွားခေါ်ခိုင်းမို့"
"ဟုတ် ဘွား သားအိပ်ရာထနောက်ကျပြီးလို့တောင်ထင်သွားတာ ဟီး"
"နောက်မကျပါဘူးကွယ် "
"ဟုတ်"
"ဘွား သားအပေါ်တက်တော့မယ်နော်ဘွား"
"ဟင် မြေး စားတာကလဲနည်းလိုက်တာ မြေးရယ်"
"သား ဝ ပြီး ဘွား"
"အေးပါကွယ် ဒါဆိုလဲ သွားပါမြေး"
"ဟုတ် 😁😁"
.............................
(ကြည်သာမောင်အခန်းထဲရောက်တော့ ဗီရိုတံခါးကိုဖွင့်လိုက်တော့ ဗီရိုထောင့်လေးက စာအုပ်နဲ့လက်စွတ်လေးတွေဆီအကြည့်ရောက်သွားမိတယ် ပြီးသူ စဥ်းစားမိတယ် ဒီလက်မှာ "ဇာ"ဆိုတဲ့နမည်လေးပါတာပဲ)
(တွေးရင်နဲ့ကြောက်လာတယ်)
"ဒုန်း"
(ဗီရို တံခါးကို ခက်မြန်မြန်ပဲပိတ်လိုက်တယ်)
"ဂလု" အာခေါင်ပါခြောက်လာပြီး ရေသောက်မို့ ရေခွက်ကိုလှမ်းယူရင်း
(ညက အိမ်မက်ထဲမှာ ကျကွဲသွားတဲ့ ဖန်ခွက်ကို သတိရသွားကာ ကြည်သာမောင် ဖန်ခွက်ကို ကြည့်နေရင်း)
"ဒုန်း ဒုန်းဒုန်း အကိုလေး အကိုလေး"
"အား အမလေ လန့်တာ"
"ဂျောင့်!!"
"ဘာကိစ္စလည်း"
"ဟို ဗီရိုဘေးက သေတ္တာ ကိုလာယူတာပါ အကိုလေး"
"ဟမ် အဲ့ သေတ္တာကိုဘာလုပ်မို့လဲ"
"ကြီးကြီး ယူခိုင်းလို့ပါ"
(ပြောပြီး အိမ်အကူကောင်မလေးက ထိုသေတ္တာကိုမသွားလေရဲ့)
(ကြည်သာမောင်ကုတင်ပေါ်ထိုင်နေရင်း စဥ်းစားနေတယ် ငါ စာအုပ်နဲ့လက်စွတ်ယူထားတာဘွားဘွားသိသွားရင် ရော ဆိုပြီးစိတ်ပူနေတယ် ထိုစဥ် ကြည်သာမောင် ပြတင်းပေါက်ကနေတစ်ဆင့် မီးခိုးငွေ့တွေကိုတွေ့တော့ ထွက်ကြည့်မိတယ် ။ ဘွားရယ် ယောက်ျားသားနှစ်ဦးရယ် ထိုသေ တ္တာကို မီးရှို့နေတယ်)
"ဘွားကဘာလို့ ထိုသေတ္တာကိုမီးရှို့လိုက်တာလဲ"
(သူတစ်ယောက်တည်းရေရွတ်နေရင်း ဘွားက သူ့အခန်းဘက်ကိုလှည့်ကြည့်လာတော့ သူခြေချော်သွားတလိုဖြစ်ကာ ပြုတ်ကျသွားတယ် ဘွားက သူ့ကိုမမြင်လိုက်ဘူးပေါ့)

*ကြည်သာမောင် မက်ခဲ့တဲ့အိမ်မက်ကရော တကယ့်လက်တွေ့ဖြစ်သွားခဲ့တယ်ဆိုရင်ရော။နောက်ပြီး ကြည်သာမောင် ရပ်ကြည့်နေတုန်း ခြေချော်တာမဟုတ်ပဲ တစ်စုံတစ်ယောက်က ဆွဲချလိုက်တာဆိုရင်ရော။*
..........................
ဆက်ရန်(အပိုင်း၃)
Shwe Hindar



ရင်ခုန်သံရှိရာမန္တလာမြေသို့Where stories live. Discover now