"Don't Punch me or My father will hear about this!"

148 21 1
                                    

Unicode

ဒီနေ့သည် Hogwarts ကျောင်းတော်ကြီး၏ ပထမဆုံး Christmas ပိတ်ရက်ဖြစ်၍ ကျောင်းသူကျောင်းသားအများစုက သူတို့ရဲ့နေထိုင်ရာနေရာလေးသို့ပြန်ကြလေသည်။

ထို့ကြောင့်ကျောင်းတော်ကြီးမှာ တိတ်ဆိတ်နေပြီး ကျောင်းသားအနည်းစုသာရှိကြလေသည်။

"ဟေး Harry! နင်ဒီမှာဘာထိုင်လုပ်နေတာလဲ?"

ဟောခန်းတွင်းရှိ မီးလင်းဖိုရှေ့တွင်တစ်ယောက်တည်း ငုတ်တုတ်ထိုင်ပြီး အတွေးနယ်ချဲ့နေသော Harry အား Hermione ကလာနှုတ်ဆက်သည်။

"ဟေး Hermione ပါလား အထုတ်တွေဘာတွေနဲ့ အိမ်ပြန်တော့မလို့လား?"

"အင်း...မိဘတွေကိုသတိရလို့ပါ..နင်ကောမပြန်ဘူးလား?"

"ဟင့်အင်း ငါ့မှာပြန်စရာအိမ်မှမရှိတာ သူတို့ကငါ့ကို ဒီတိုင်းခိုင်းစားဖို့ဘဲမွေးထားတာလေ"

"ဟူး... ငါနင့်အတွက်စိတ်မကောင်းပါဘူးဟာ ဒါပေမဲ့စိတ်မပူနဲ့သိလား နင့်ဘေးနားမှာငါအမြဲရှိတယ် ငါနင့်အမေလုပ်ပေးမယ်လေ!"

"အင်းပါ"

"ဒါနဲ့ Ron တစ်ယောက်မတွေ့ပါလား ဘာတွေအလေလိုက်နေတာလဲမသိဘူး"

"သူ့အိမ်သူပြန်သွားတာနေမှာပေါ့"

"ငါတို့ကိုတော့ နှုတ်မဆက်သွားဘူး ပြန်လာမှတွေ့ကြသေးတာပေါ့ ဒင်းနဲ့"

*ထိုအချိန်*

"Pottah ရေ!! ငါတို့စကားပြောရအောင် ငါမင်းကိုပြောပြစရာရှိတယ်သိလား!!"

Draco တစ်ယောက် Harry နဲ့အတူတူပိတ်ရက်ကုံဆုံးရမည်ဖြစ်လို့ စိတ်လှုပ်ရှားနေပြီး ဟောခန်းထဲသို့ ပြေးဝင်လာသည်။

"Granger ပါလား? ပြန်တော့မလို့လား ဒါဆိုလည်းမြန်မြန်ကြွ"

"အေးကြွမှာ နင့်လိုအမြင်ကပ်စရာကောင်ကိုတစ်စက္ကန့်လေးတောင်မမြင်ချင်ဘူး"

ထိုသို့ဆိုတာ Hermione တစ်ယောက် Draco အားမျက်စောင်းတစ်ချက်ထိုးပြီးထွက်သွားလေသည်။

"စိတ်ဆိုးသွားပြီလားမသိဘူး!! Malfoy မင်းဘာလို့သူ့ကိုနှင်ထုတ်လိုက်တာလဲ!!"

"ငါက မင်းနဲ့နှစ်ယောက်တည်းနေချင်လို့လေ"

"သူမစိတ်ဆိုးသွားပြီး ပြန်လာလို့ ငါ့ကိုမခေါ်တော့ရင်ဘယ်လိုလုပ်မလဲ!! ငါ့မှာသံယောဇဉ်တွယ်စရာဆိုတာ Hermione နဲ့ Ron ပဲရှိတာကို!!"

"ငါ့ကိုရော? ငါ့ကိုကျတော့သံယောဇဉ်မတွယ်ဘူးလား?"

"မတွယ်ဘူး! မင်းကငါ့အနားမှာရှိတဲ့သူတိုင်းကို နှင်ထုတ်နေတာ မင်းကအကျင့်မကောင်းတဲ့ ခေါင်းဖြူကောင်!!!"

"စိတ်တိုနေတာလေးက ချစ်ဖို့ကောင်းလိုက်တာကွာ"

"ဘာကွ! Malfoy မင်းသေချင်နေပြီးလား ငါ့ကိုလိုက်မစနဲ့လို့!"

"ဟုတ်ပါပြီ မစတော့ဘူး ငါ့ Pottah လေးမကြိုက်ရင်မစတော့ပါဘူး"

"ရားးးး! မင်းကိုငါဘာပြောထားလဲ?ငါ့ကို ငါ့ Pott‌ah လေး ငါ့ Pottah လေး လို့မခေါ်ပါနဲ့ဆို ကြားရတာ ကျက်သီးထတယ်"

"ကြိုက်လို့ခေါ်တာလေ ဘာလဲမကျေနပ်ဘူးလား ဒါဆိုရင်ငါ့ကိုလည်း "ငါ့ Dracoလေး" ဆိုပြီးခေါ်ပေါ့!"

"မခေါ်ဘူး ရွံလို့ အော့..အော့!"

"ဟာ! ငါ့ Pottah လေးဘာဖြစ်လို့လဲ ဘာများမှားစားထားလို့လဲ မှန်းစမ်း!"

"ငါ့ကိုမထိနဲ့ အရူးကောင်ရဲ့!! မင်းကိုမကျေနပ်ဘူးနော် အေး!! ငါ့ကိုထပ်စမယ်ဆိုရင် ငါနဲ့လာမပေါင်းနဲ့ ငါ့‌ေရှ့လဲမလာနဲ့ လာလို့ကတော့ထိုးမှာနော်"

"တစ်ကယ်ထိုးရက်တယ်ပေါ့?"

"မယုံဘူးပေါ့? ဒါဆိုလည်းလက်တွေ့ပြရသေးတာပေါ့ Harry James Potter တဲ့! တစ် Potter ပဲရှိတယ်"

Harry သည်အကျီလက်ကိုဆွဲတင်ကာထိုးတော့မယ် စတိုင်လ်‌လုပ်ပြတော့ Draco ကအနောက်ကိုဆုတ်ရင်း။

"အဲ..အဲ မလုပ်နဲ့နော် Pottah.. မတော်တဆ နှာခေါင်းရိုးကျိုးသွားမှဖြင့် မင်း‌ေလးရဲ့ကိုယ်သင်းရနံ့လေးကိုမခံစားရတော့ပဲနေမှာ"

*အဝေးကနေတောင်လှမ်းစတဲ့ Dracoကြောင့် Harry ဒေါ်သထွက်လာပြီး Draco အား နှာခေါင်းရိုးကျိုးအောင်ထိုးဖို့ ပြေးဝင်လာသည်*

"အားး အမေ့! တစ်ကယ်လုပ်တော့မယ် ကယ်ကြပါအုံးကျွန်တော့်ကို ဒီတစ်ယောက်လိုက်ထိုးနေလို့ပါ!"

Harry ပြေးဝင်လာတာလည်းမြင်ကော သတ္တိခဲ‌ေလးDraco တစ်ယောက် မကြောက်တတ်သူပီပီ Harry နှင့်ဆန့်ကျင်ဘက်ကို ပြေးလေသည်။

"Draco Lucius Malfoy မပြေးနဲ့!! မင်းကိုဒီနေ့ငါအရိုးတွေကျိုးသွားအောင် ထိုးပစ်မှာ!! မပြေးနဲ့လို့"

"My Father Will Hear About This!!!!"

ဒီလိုနဲ့တိတ်ဆိတ်နေသောဟောခန်းလေးသည် Draco ၏‌ေကြာက်လန့်အော်ဟစ်သံနဲ့ Harry ၏ကြိမ်ဆဲသံတို့ဖြင့်ဆူညံနေလေသည်။

28.1.23
6:14 p.m

𝖧𝖺𝗋𝗏𝖾𝗒 𝖫𝗒𝗇𝗇♡︎

𝖣𝗋𝖺𝗋𝗋𝗒 𝖮𝗇𝖾-𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now