"Pottah, your lips are as sweet as Honey"

116 17 4
                                    

Unicode

"ကိုယ်မင်းကိုချစ်တယ် Pottah"

" ငါကတော့မင်းကိုမုန်းတယ် သေ-ာက်ရမ်းမုန်းတယ် Malfoy!! မင်းငါ့ရှေ့ကပျောက်ကွယ်သွားရင် ငါအရမ်းပျော်မိမှာပဲ!!"

"ကိုယ်တောင်းပန်ပါတယ် ကိုယ်မှားခဲ့ပါတယ် အမှားကိုလဲသိပြီမို့ ခွင့်လွှတ်ပေးပါ '‌Pottah'...
ကိုယ်မင်းမရှိပဲမနေနိုင်လို့ပါ.."

"အခုမှလာတောင်းပန်မနေနဲ့!! မင်းငါ့အပေါ်ဘယ်လိုဆက်ဆံခဲ့သလဲပြန်စဉ်းစားကြည့်စမ်း အဲ့တုန်းကငါဘယ်လောက်ခံစားခဲ့ရသလဲဆိုတာ မင်းခေါင်းနဲ့သေချာပြန်သုံးသပ်ကြည့်စမ်းပါ!!"

"ကိုယ်..ကိုယ်.."

"ပြောစရာစကားမရှိတော့ဘူးဟုတ်? အင်းလေ Malfoy ဆိုတဲ့အတိုင်း ချမ်းသာပြီးအမြဲတမ်းဘဝင်မြင့်နေတဲ့မင်းလိုလူက ငါ့လိုဘာမှမဟုတ်တဲ့ကောင် တစ်ယောက်ကိုအဲ့လောက်ထိ စွဲလမ်းလိမ့်မယ်မထင်ဘူး... မင်းမနေနိုင်ဘူးဆိုလဲခဏပေါ့ ပြီးရင် အရင်အချိုးတိုင်းပဲပြန်ဖြစ်မှာပဲလေ!!"

"မဟုတ်ဘူး Pottah! ကိုယ်ဒီတစ်ခေါက်တစ်ကယ်တောင်းဆိုတာပါ!! မင်းကိုတစ်ကယ်ချစ်-"

*ဖြန်း*

"အဓိပ္ပါယ်မရှိတာတွေလာမပြောစမ်းနဲ့!! ချစ်တယ်? ဟုတ်လား? ဟက်' ငါ့ကိုအရုပ်လိုသဘောထားပြီး မင်းဆန္ဒရှိမှ အသုံးချခဲ့တယ် အဲ့တာကို 'အချစ်' လိုခေါ်တာလား!!!"

"Pottah... မင်းအခု..အခုကိုယ့်ကို ပါးရိုက်လိုက်တာလား.."

"မြင်တဲ့အတိုင်းပဲ!"

*Cut!*

"ဝိုး Harryရေ ကောင်းလိုက်တဲ့ရိုက်ချက်ပဲ ဒီကားထွက်ရင် နာမည်ကြီးမှာသေချာတယ်"

"တော်တယ် ကိုယ့်လူ"

"ကျေးဇူးပါဟာ"

Hermione နဲ့ Ron က ချီးကျူးလို့ပြုံးနေတုံးပဲရှိသေး အနောက်က ငြီးသံကြောင့်လှည့်ကြည့်လိုက်တော့။

"အား ကျွတ်ကျွတ် သေပါပြီ လက်သန်ပြောင်ချက်ပဲ ဘယ်တည်းက ကိုယ့်ကိုရိုက်ချင်နေလဲမသိဘူး"

"‌Dray! အဆင်ပြေရဲ့လားဟင် ဒါရိုက်တာကငါ့ကို ပြောတယ် 'အားရပါးရဖြတ်ရိုက်ပစ်လိုက် Drayက မင်းကောင်လေးပဲ သူနားလည်‌ေပးလောက်မှာပါ' တဲ့အာ့ကြောင့် ငါက ရိုက်ပစ်လိုက်တာ ငါ့Drayလေး အရမ်းနာသွားလားဟင်??"

𝖣𝗋𝖺𝗋𝗋𝗒 𝖮𝗇𝖾-𝖲𝗁𝗈𝗍 𝖢𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇Where stories live. Discover now