Part-6

412 44 0
                                    

ဒီနေ့က အကုန်လုံးအားလပ်ရက်မို့ အသီးသီးအပြင်ထွက်ကြရန်ပြင်ဆင်နေကြ၏... မိသားစုနဲ့အတူတူ နေ့လည်စာ စားဖို့အတွက် ချိန်းဆိုနေကြတဲ့သူတွေထဲ ယူဂျင်းလဲအပါအဝင်မို့ ခါတိုင်း အေးအေးကုတ်ကုတ်နေတတ်တဲ့သူက အခုတော့မတူစွာ အူမြူးနေခဲ့လျှက်...

ပြင်ဆင်ပြီးလို့ ဂစ်တာတီးနေသည် တယ်ရေး နဘေးတွင် သီချင်းတွေတောင် အော်ဆိုနေသေး၏...

ထိုမြင်ကွင်းက ဂယူဘင်းအတွက် အစိမ်းသက်သက်မို့ လွတ်သွားမှာစိုးသည့်အလား ဦးနှောက်ထဲ အစီအရီ မှတ်တမ်းတင်မိလေပြီ....

သီချင်းအော်ဆိုနေရာမှ ကျွန်တော့ထံသို့လက်ကမ်းလာကာ အတူတူကရန်အချက်ပြလှုံ့ဆော်လိုက်သေးသည့် ယူဂျင်းကြောင့် မျက်ဝန်းများပိတ်ကျသွားသည်အထိခေါင်းမော့ ရယ်မောလိုက်ရင်း ကျွန်တော့ရဲ့ အူကြောင်ကြောင် ကကွက်တွေအား ထုတ်ပြမိတော့... အဖွဲ့ဝင်များထံမှ တဟားဟားနဲ့ ဩဘာပေးသံများက ထပ်တူညီစွာ....

ယူဂျင်းရဲ့စိတ်လွတ်ကိုယ်လွတ်ရယ်မောသည့်မြင်ကွင်းအားပျောက်မသွားစေရေးအတွက်ဆို ကိုယ်က ငပေါကြီးပဲဖြစ်ရဖြစ်ရ လူရွှင်တော်ပဲဖြစ်ရဖြစ်ရ...

" ဂယူဘင်း... ဟေ့ကောင်ရ တော်ပါတော့ဟ... ငါတို့အူတက်နေပါပြီကွ... "

ရယ်ရလွန်းလို့ ဗိုက်တွေတောင်အောင့်လာရသည်ထိ ဂယူဘင်းက ကြိုးစားပမ်းစား ပေါနိုင်လွန်း၏...

" မင်းကွာ... ရုပ်ခံလေးရှိနေလို့သာ မဟုတ်လို့ကတော့ မင်းသွားပြီ..."

ဂွန်ဝူးအပြောကြောင့် လှုပ်ရှားမှုများရပ်တန့်သွာရကာ မောဟိုက်နေသည့်တိုင် မျက်လုံးထောင့်ကပ်ကြည့်လာသည့် ဂယူဘင်း အပြုအမူကိုက ရယ်ချင်စရာဖြစ်နေသည်မို့ အဖွဲဝင်အကုန်လုံး တဟားဟား နဲ့ ထပ်ရယ်မိရတော့၏...

ထိုအထဲတွင် ရီမောခြင်းနှင့်အတူ မြတ်နိုးခြင်းတွေဝေသီနေသည့် ယူဂျင်း လဲမပါအဝင်ဖြစ်ခဲ့လျှက်.

ဤသို့ဤပုံတွေကြောင့် ဂယူဘင်းဆိုတဲ့ hyeong က ကျွန်တော့ရဲ့ အသက်ရှည်ဆေးလေး... ကျွန်တော့ရဲ့ ဗီတာမင်လေး....

*********

အားလပ်ရက်လေးကို မိဘတွေနဲ့အချိန်ဖြုန်းပြီး အဖွဲ့ဝင်တွေရှိရာ အဆောင် သို့ပြန်လာခဲ့မိသည်...

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now