Part-19 ( The End)

723 56 1
                                    

သွားသူ လာသူ ပေါများလှသည့် လေဆိပ်ကားပါကင်တစ်နေရာတွင် ကားအသေအချာထိုးရပ်ရင်း hyeong ပါလာမည့် လေယာဉ်ရှိရာ မိုးကောင်းကင်ကြီးပေါ် မှန်းဆမျှော်ငေးကြည့်မိသည်။ တသိမ့်သိမ့်ခုန်နေသည့်ရင်ခုန်သံတွေကြောင့် မျက်နှာတို့က ပြုံးလို့နေမှာ အသေအချာပင်။

ပရိတ်သတ်တွေများနိုင်တာမို့ အိမ်ရောက်မှတွေ့ပါမယ်ဆိုတာ လက်မခံ။ လေဆိပ်တွင်လာကြိုရမည်ဆိုသော တချက်လွှတ်ရာဇသံအမိန့်မှာ ဦးညွန့်စွာ လာရောက်စောင့်ဆိုင်းရတော့သည်။

Company ဘက်က လာကြိုမည့်ကားတွေရှိပါရက်နဲ့ အကဲပိုလွန်းသည့် hyeong အကြောင်းတွေးမိရင်းသက်ပြင်းအသာချမိရသည်။

* ကိုရီးယားမြေပေါ် အခြေချတာနှင့် မင်းမျက်နှာလေးပဲအရင်ဦးဆုံးမြင်ချင်လို့ပါ*

ဆိုတဲ့စကားနောက် ငြင်းချက်ထုတ်စရာစကားလုံးတို့ဆိတ်သုန်းကုန်လျှက်  ယူဂျင်းပုံရိပ်တွေတတ်နိုင်သမျှဖုံးစေတဲ့ အဝတ်အစား ဟူဒီခေါင်းစွပ် လျှာဦးထုပ် နဲ့နေကာမျက်မှာတွေရဲ့အကူအညီယူရတော့သည်။

နာရီလက်တံတို့အား တချက်ကြည့်လိုက်ရင် လေဆိပ်ဝင်းကြီးထဲ ဝင်ချလာခဲ့လိုက်သည်။

ဂယူဘင်းဆိုတဲ့နာမည်နဲ့ ဓာတ်ပုံလေးတွေကိုင်ကာ
စောင့်ဆိုင်းနေကြသည့် ပရိတ်သတ်တွေက တိုးတိုးကျိတ်ကျိတ်။ Camera ကိုင်ဆောင်ထားသည့် သတင်းထောက်တွေကလည်းအများအပြား။

ယူဂျင်း ရှေ့ဆက်လျှောက်ဖို့အတွေးအားပယ်ချကာ ထွက်ပေါက်နဲ့မနီးမဝေးမှာပဲ ခြေစုံရပ်ဖြစ်လိုက်သည်။

ဆိုက်ရောက်နေပြီဆိုတဲ့ TV မှ ကြေငြာချက်အားကြည့်မိရင်း လူကထိုင်နေလို့မရတော့ဘဲ တမျှော်မျှော်ဖြစ်လို့လာပါတော့သည်။

Hyeong နဲ့ပက်သက်ရင်မရင့်ကျက်နိုင်သေးတဲ့ ကျွန်တော့နှလုံးသားတို့က အချိိန်အခါမရွေး ဤသို့ဤပုံအတိုင်းပဲ အစဉ်အလာမပျက်ခဲ့ပါ။ ဘယ်လောက်ပဲ ဦးနှောက်ဆဲလ် တွေက မလုပ်နဲ့ မကိုင်နဲ့ မထိနဲ့ ဆိုတဲ့အသိတွေ ခန္တာကိုယ်အနှံ့ထိန်းချုပ်နေသော်ငြား  အာရုံငါးပါးကတော့ ထုံဝေနေခဲ့လျှက် နှလုံးသားလေး စေညွှန်ရာအတိုင်းသာ လုပ်ဆောင်နေပါတော့သည်။

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now