4

4.8K 678 17
                                    

အပိုင်း - ၄ -

Chen Shou က ထိန်းရခက်တဲ့ သားရဲလိုပဲ တအားဒေါသကြီးတယ်၊ သူ့ဘက်ကသာ ဆွဲမထားလိုက်ရင် Chen Shou လက်သီးက ဆဲဆိုနေတဲ့ဆိုင်ရှင် မျက်နှာပေါ်ချက်ချင်း ရောက်သွားနိုင်မှန်း Xiao Er သိလိုက်တယ်။

ပြသနာဖြစ်သံကြားတော့ ဘေးကလူတွေပါ ရောက်လာတာ တွေ့လိုက်ရတယ်၊ အခြေအနေမကောင်းရင် ဆိုင်ရှင်ဘက်ကနေ ဝင်ပါကြတော့မဲ့ပုံပဲ၊ Xiao Er လဲ လက်နာနေတာကို ဂရုမစိုက်နိုင်တော့ဘဲ Chen Shou လက်ကို အတင်းဆွဲပြီး လူအုပ်နဲ့ဝေးရာကို ထွက်လာရတယ်။

"ဘာမှမဖြစ်ဘူး.. ဘာမှမဖြစ်ဘူး.. ငါအဆင်ပြေတယ် Chen Shou.. ဒီကိုကြည့်.. မနာဘူး.. ဘယ်နေရာမှ မနာဘူး"

Xiao Er က အတင်းဆွဲထားပြီး Chen Shou ကိုဖြောင်းဖျတယ်၊ အတိတ်ကဖြစ်ရပ်တွေက လည်နေတဲ့မီးပုံးလို တစ်ပတ်လည်ပြီး အစီအရီပြန်ပေါ်လာတာမို့ စိတ်ထဲမှာတော့ ရှုပ်ထွေးနေတာ။

Xiao Er ငယ်ငယ်တုန်းကလဲ ဒီလိုမကြာခဏဖြစ်ဖူးတယ်၊ သူကနားသိပ်မကြားတာမို့ ရွာထဲမှာ ခဏခဏ အနိုင်ကျင့်ခံရတယ်၊ အဲ့လိုအချိန်တိုင်း နိုင်နိုင်းက တံမြက်စည်းကြီးဆွဲထွက်လာပြီး အနိုင်ကျင့်တဲ့လူတွေကို ဆဲဆိုရင်း မောင်းထုတ်ပေးတတ်တယ်၊ ပြီးရင်တော့ ဝမ်းပန်းတနည်းငိုနေတဲ့ Xiao Er ကိုဖက်ထားပေးပြီး ချော့တယ်။

"မကောင်းတဲ့ဟာတွေ.. သူခိုး ဂျပိုးတွေ.. နောက်ဒီနားလာရဲလာကြည့်"

Chen Shou က တကယ်ပြောရခက်တယ်၊ နေရာကမရွေ့ဘဲ၊ ဆိုင်ရှင်ကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်နေသေးတယ်၊ ဟိုဘက်က တစ်ခုခုပြောလိုက်ရင် ဒေါသအိုးက ထပ်ပြီးရန်သွားလုပ်မှာစိုးမှာ စိုးရိမ်ရတယ်၊ ရှောင်လောင်ပန်က သူများတွေဝိုင်းပြီး လက်ညိုးထိုးကြမှာကို မုန်းတယ်၊ ဒါကြောင့် ခြေထောက်ဆောင့်ပြီး Chen Shou ကိုအော်ပြောတယ်။

"မင်းငါ့ပြောစကားနားမထောင်ရင် ဆိုင်ကိုမပြန်နဲ့တော့"

ဒီတစ်ခါတော့ အလုပ်ဖြစ်သွားတဲ့ပုံပဲ၊ Chen Shou က ဆက်မကြည့်တော့ဘဲ Xiao Er ဘက် လှည့်လာတယ်၊ မျက်ခုံးတန်းတွေကတော့ တွန့်ချိုးထားတုန်း၊ ဒါပေမဲ့ ခုနကလောက်တော့ ကြောက်စရာကောင်းမနေတော့ဘူး၊ သူ့ကိုစိတ်တိုနေတဲ့ ရှောင်လောင်ပန်ကိုလဲမြင်ရော Chen Shou မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်၊ ပြီးတော့ Xiao Er လက်ကို ဆွဲရင်းပြောတယ်။

Door Key [ 门匙 ]  •COMPLETED•Where stories live. Discover now