9

4.6K 665 21
                                    

အပိုင်း - ၉ -

လမုန့်ပွဲတော်မတိုင်ခင်တစ်ရက်မှာတော့ Xiao Er က နယ်ပြန်ဖို့ ကားလက်မှတ် ဖြတ်လိုက်တယ်၊ Xiao Er ဇာတိကဝေးတာမို့ လမ်းတစ်ကြောင်းတည်းနဲ့ ရွာကိုအရာက်သွားရင် ခရီးတအားပန်းတယ်၊ ဒါကြောင့် ခါတိုင်းအိမ်ပြန်ရင် နီးစပ်ရာမြို့ကိုရောက်တဲ့ အမြန်ရထားကိုအရင်စီးတယ်၊ ပြီးမှ ရွာရောက်ဖို့ လိုင်းကားကို တစ်နာရီလောက် ထပ်စီးလေ့ရှိတယ်။

ဒါပေမဲ့ Chen Shou မှာက မှတ်ပုံတင်မရှိတာမို့ ခါတိုင်းလို အမြန်ရထားစီးဖို့ လက်မှတ်ဝယ်လို့မရဘူး၊ ဒါကြောင့် ခရီးလမ်းကြောင်းရှည်တဲ့ အဝေးပြေးလက်မှတ်ကိုပဲ ဖြတ်လိုက်ရတယ်။

ခရီးသွားမဲ့မနက်မှာတော့ Chen Shou က ခါတိုင်းထက် တက်တက်ကြွကြွ အိပ်ရာထပြီး အောက်ဆင်းကာ တံခါးတွေ၊ ဂတ်စ်လိုင်းတွေ အကုန်လိုက်ကြည့်တယ်၊ ပြီးတာနဲ့ စာရွက်နဲ့ဘောပင်ယူပြီး 'လမုန့်ပွဲတော်အတွက် ၃ရက်ပိတ်သည်' ဆိုတဲ့စာရေးပြီး ဆိုင်အပြင်တံခါးမှာ ကပ်ထားလိုက်တယ်။

သူတို့နှစ်ယောက်လုံးမှာက အဝတ်တစ်စုံစီပဲပါတာမို့ အပိုသယ်စရာ အထုပ်များများစားစားမပါဘူး၊ ကျန်တဲ့ ဝန်စည်စလယ်တွေကတော့ နိုင်နိုင်းအတွက် ဆေးနဲ့အဝတ်အစားတွေပဲ။

ဆိုင်ကနေ အထုပ်တွေဆွဲပြီးထွက်လာတာနဲ့ အရှေ့ကဖြတ်သွားတဲ့အသိတွေက လှမ်းမေးကြတာမို့ Xiao Er မှာ ရွာပြန်ပြီး နိုင်နိုင်းကိုသွားတွေ့မဲ့အကြောင်း လက်မလည်အောင် ပြောပြနေရတယ်၊ ပွဲတော်အတွက် အပြန်အလှန် ဆုမွန်ကောင်းတောင်းပေးကြတဲ့အချိန်မို့ နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရတယ်။

Chen Shou ကတော့ ဆိုင်တံခါးပိတ်ပြီးတာနဲ့ အထုပ်တွေကိုသူ့ဆီယူထားပြီး အထုပ်စောင့်နတ်လုပ်ရင်း Xiao Er ကို စောင့်နေတယ်။

အဝေးပြေးကားဂိတ်ဆိုတာက လူများတာမို့ လူနံ့ချွေးနံ့စုံတဲ့နေရာလေ၊ Chen Shou က ဒီလိုနေရာတွေနဲ့ မရင်းနှီးဘူး၊ ဒါကြောင့် ကားဂိတ်မှာ ခြေချလိုက်ကတည်းက မျက်မှောင်ကြီးကျုပ်သွားပြီး လူကရှုံ့တွနေတယ်။

ဒီလိုဖြစ်မယ်မှန်းသိတဲ့ Xiao Er က ဘယ်ချိန်ထဲက ကြိုပြင်ထားမှန်းမသိတဲ့ Mask တစ်ခု အိတ်ထဲကနေ ဆွဲထုတ်လိုက်ပြီး Chen Shou ကိုတပ်ပေးလိုက်တယ်၊ ပြီးတော့မှ ဆူညံနေတဲ့ကားဂိတ်မှာ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

Door Key [ 门匙 ]  •COMPLETED•Where stories live. Discover now