Chapter 17

2.2K 424 12
                                    

Unicode

ညနေ၄နာရီခွဲချေပြီ။ အပြင်ဘက်၌မူ မိုးဖွဲဖွဲများရွာသွန်းဆဲ။ ဆိုင်တွင်းရှိ ဧည့်သည် နှစ်ယောက်စ၊ သုံးယောက်စလောက်ကလည်း တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြပြီဖြစ်သည်။ စူးယိရန်က ကုယွမ်းထင်အနားသို့လာကာ သစ်သားပန်းပုထွင်းနေတာကိုကြည့်ကာဖြင့်

"ထွင်းတာ အခြေအနေဘယ်လိုရှိလဲ"

ကုယွမ်းထင် ခဏမျှအေးခဲသွားလေ၏။

".....အင်း လုပ်လို့မပြီးသေးဘူး"

စူးယိရန်က ကုယွမ်းထင်တစ်ယောက် သစ်သားပေါ်တွင် ထွင်းထုသောဓားဖြင့် အပြန်ပြန်အလှန်လှန် အရာပေးနေသည်ကိုတွေ့လိုက်ရသည်။ ကြည့်ရတာအမှတ်အသားတစ်လျှောက်အတိုင်း သစ်သား၏နောက်ဆုံးစကာပေါက်ကို ထွင်းရန် စီစဉ်နေပုံရပေသည်။

"အပေါက်ဖောက်ရတာ တကယ်ခက်တယ်။ ကျွန်တော်လုပ်တိုင်းမကောင်းဘူး တစ်ခါထဲထုတ်ချင်းပေါက်အောင်ဖောက်လိုက်လို့လားမသိဘူး"

စကာပေါက်လှလှဖောက်ဖို့ဟူသည် လင်းထိန်နေသင့်ပေမဲ့လည်း အလင်းတော့မပေါက်သင့်။ ကွေ့ဝိုက်နေသောလမ်းသွယ်ကလေးမှလှပသောကွင်းပြင်သို့ရောက်သွားသကဲ့သို့ဖြစ်သင့်သည်။

ကုယွမ်းထင်က ဤသဘောတရားကို ပိုင်နိုင်ပြီးဖြစ်၍ ခေါင်းညိတ်ကာ

" အပေါက်ဖောက်တာကမတူတဲ့နေရာမှာတစ်ခုချင်းဖောက်မှ နောက်ဆုံးတစ်ခုပြီးတစ်ခုဆက်သွားမှာ"

စူးယိရန်က ထင်ကော ကောင်းကောင်းနားလည်ကာ သေချာရှင်းပြနိုင်တာကိုတွေ့တော့ စိတ်ချလက်ချဖြစ်သွားသည်။
အရှေ့တစ်ကြိမ်လုပ်စဥ်က နှစ်ယောက်လုံးနားမလည်ချေ။ ထင်သည့်အတိုင်းသာလုပ်ခဲ့ခြင်းဖြစ်သည်။

စူးယိရန်က စားပွဲပေါ်တွင်တင်ထားသော သရက်သီးသာကူကိုကြည့်လိုက်တော့ ထင်ကောက စကားအတော်နားထောင်ထားတာကို တွေ့လိုက်ရသည်။ တကယ်ံကို ပန်းကန်လုံးတစ်ဝက်မျှသာစားထားပေ၏။ ထို့ကြောင့် သူကကျန်နေသည့်တစ်ဝက်စာကို ဇွန်းဖြင့်ခပ်၍ စားလိုက်သည်။

ကုယွမ်းထင်သည် စူးယိရန်ကသူသုံးပြီးသောဇွန်းဖြင့် ကျန်နေသည့်သရက်သီးသာကူကို တစ်လုတ်ပြီးတစ်လုတ်စားနေသည်ကိုမြင်သော် အာတွေခြောက်လာကာ စူးရိရန်အား နမ်းချင်စိတ်ပေါက်လာတော့သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now