(2)

6.5K 18 0
                                    

        နိုင်ရန်မျိုးတစ်ယောက် တက်ကြွနေ၏။အကြောင်းမှာ ဒီနေ့မူဟန်ပိုင်အလုပ်စဝင်တဲ့နေမို့ဖြစ်သည်။သူအလုပ်ဝင်တာမင်းနဲ့ဘာဆိုင်လဲမမေးနဲ့ ကိုယ်ကသူ့ကိုသဘောကျနေတာမလဒီနေ့ား။မနေ့ညနေကထဲက အိမ်အပြန်လမ်းဟာ ပျော်စရာကောင်းနေတာ။သူကိုနောက်နေ့ကစနေ့တိုင်းတွေ့ရတော့မည်စိတ်ကူလေးနဲ့ပေါ့။

ကုမ္ဘဏီကိုရောက်တော့ သူလေကရောက်နှင့်နေပြီ။ရုံခန်းထဲကိုဝင်ကာ လုပ်စရာရှိတာကိုရန်နိုင်မျိုးတစ်ယောက် လုပ်နေလိုက်သည်။

ခုထိလဲပေါ်မလာသေးပေ။ဘာလို့လဲ သူ့ကိုတွေ့ချင်လွန်းလို့ကိုမျော်နေတာ သူကဘယ်ရောက်နေတာလဲ။

"ဟိန်းကို"

အရှေ့ကဆိုဖာပေါ်ထိုင်ပြီးအလုပ်လုပ်နေတဲ့ ဟိန်းကိုကိုလှမ်းခေါ်လိုက်တော့

"ဗျာ ဟုတ်ကဲ့ ဆရာ"

"ဟိုစာရင်းစစ်ကော"

မျက်မှောင်ကြီးကြုပ်ပြီးပြောလာတဲ့ဆရာသမားက မနက်ကနဲ့တစ်ခြားစီ။မနက်ကများပြုံးဖြီးနေလိုက်တာ။သူမဟုတ်တဲ့အတိုင်း။

"သူ့ကို မဝါဇင်ဘေးနားမှာနေရာချထားပေးတယ်ဆရာ"

"ဟ အရေးကြီးတဲ့စာရင်းတွေကိုစစ်မလို့ သူ့ကိုအလုပ်ခိုင်းတာလေ ပေါက်ကြားလို့မရဘူး publicကြီးမှာသွားစစ်နေလို့ရမလား ဒီရုံးခန်းထဲမှာဘဲနေရာချပေးလိုက် ဟိုထောင့်ကနေရာမှာစားပွဲတစ်လုံးစီစဉ်ပေးလိုက်"

အခန်းထောင့်ကို မေးငေါ့ကာပြောလာတဲ့ဆရာ့စကားကြောင့် ဟိန်းကို သွားလေးစိသွားရသည်။ဟုတ်လဲဟုတ်တာဘဲ။ငါကလဲမေ့တတ်လိုက်တာ။

"ဟုတ်ကဲ့ဆရာ ကျွန်တော်ပြန်စီစဉ်ပေးလိုက်ပါ့မယ်"

"ကောင်းပြီ"

ရုပ်တည်ကြီးနဲ့ဟောက်လိုက်တော့ ဟိန်းကိုတစ်ယောက်အပြေးလေးစီစဉ်တော့သည်။အလုပ်ကိစ္စကအရေးကြီးပေမဲ့ သူ့ကလေးလေးကိုသူ့အနားခေါ်ထားချင်တာကပိုနေသည်ကိုတော့ ဟိန်းကိုတစ်ယောက်မသိလိုက်ပေ။

^---------^

"ဟန်လေးရေ"

"ရှင် အော် ကိုဟိန်းကို"

Loves Where stories live. Discover now