(4)

6.1K 27 6
                                    

Unicode

"ကလေးလေး နာနေသေးလား"

"ရှင် ဟုတ် ဟုတ်ကဲ့ဆရာ "

"ခနလေးအောင့်ထားနော် အိမ်ရောက်မှသေချာအနားယူပေါ"

နိုင်ရန်မျိုးတစ်ယောက် မီးတောင်ကြီးကို မြိုချထားရသလိုခံစားနေရသည်။ကလေးလေးက နာလို့မျက်နှာလေးမကြည်တော့တာကို ကြည့်ရင်း သနားလာရ၏။ဉီးရဲ့ကလေးလေးဘယ်လောက်တောင်နာနေလိုက်မလဲ။

တိုက်သွားတဲ့ကောင်ကို အခဲမကျေပေမဲ့လည်း သူ့ကြောင့်ကလေးလေးနှင့်အနီးကပ်နေရတော့မှာမလို့ ကျေးဇူ့ကိုမသိမသာတင်မိ၏။

ကျွန်မကို ဆရာက အနားယူရန်သူ့အိမ်ကိုခေါ်သွား၏။ကျွန်မ ရင်တွေအရမ်းခုန်နေသည်။ကိုယ်သဘောကျတဲ့သူက ကိုယ့်ဘေးနားမှာရှိနေတော့ နည်းနည်းနေရခက်သား။

အလုပ်ကိစ္စနှင့်အနားမှာတူတူနေလာတာကအဆင်ပြေပေမဲ့ အခုလိုညဘက်ကြီးနှစ်ယောက်ထဲတော့အတူရှိမနေကြပါ။

"ကလေး ကိုယ့်အိမ်ရောက်ပြီ"

"ရှင် ဟုတ်ကဲ့"

ဝါးးမိုက်လိုက်တာ။အိမ်ကအကြီးကြီးဘဲ။ရေကူးကန်လဲရှိသလို ဘေးနားမှာပန်းပင်တွေလဲရှိ၏။

"အိမ်ထဲဝင်ရအောင်လေ ကလေးလေး"

အဖြူနှင့်အမဲကိုသာ အသားပေးအသုံးပြုထားသည့် အိမ်ဒီဇိုင်း ရိုးရှင်းပြီးခေတ်မီ၏။အိမ်အတွင်းပိုင်းကလဲအကျယ်ကြီး။ဉီးတစ်ယောက်ထဲနေတာလား ဒီအိမ်ကြီးထဲမှာ။

"ဟို ဒီအိမ်မှာ ဆရာတစ်ယောက်ထဲနေတာလားဟင်"

ကျွန်မသိချင်းစောနှင့်မေးလိုက်မိ၏။ဆရာကကျွန်မဘက်ကို မျက်နှာတည်တင်းပြီးလှည့်ကြည့်လာသဖြင့်လန့်သွားရ၏။

"ဉီးလို့ခေါ် ဒီနေ့ကစပြီး"

"သူများတွေရှေ့မှာရော ခေါ်ရမှာလား"

အထွန်တက်ပြီးမေးလိုက်မိပြန်သည်။

"အင်း အချိန်ပြည့်ခေါ်လည်းရတယ်"

"မသင့်တော်ဘူးထင်ပါတယ်ဆရာ နှဟ်ယောက်ထဲရှိတဲ့အချိန်မှာဘဲခေါ်မယ်လေနော်"

မခေါ်သင့်ဘူးဆိုသည်ကိုသိပေမဲ့တစ်ဖက်ကလည်းခေါ်ချင်နေပြန်သည်။ကျွန်မပြောတာကိုဆရာစိတ်မဆိုးဘူးထင်မိပါရဲ့။

Loves Where stories live. Discover now