K novel Tran

65 6 0
                                    

(Unicode)
A King Is Born On The Road

အိုင်းရစ် လီပို။
သူက ပျက်သုဉ်းသွားတဲ့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်မ။
သူ့ယောင်္ကျားရဲ့ ညီ တစ်ဖြစ်လဲ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ဟေးယာက ဘုရင်ကတောင် ထွက်ပြေးသွားတဲ့ ပလ္လင်ပေါ်မှာ တစ်ယောက်တည်း ထိုင်နေတဲ့ သူ့ဆီကို ရောက်လာခဲ့တယ်။
“မြောက်ဘက်ဂိတ်ကို ရှာနိုင်မလား”
လီပိုတွေဟာ သူတို့ခေါင်းထဲမှာ ကမ္ဘာကြီးရဲ့ မြေပုံကို မှတ်မိပြီးသားဖြစ်တာကြောင့် သဲကန္တာရအလယ်ခေါင်မှာ ရောက်နေရင်တောင် လမ်းကို ရှာနိုင်လိမ့်မယ်။
ထီးနန်းဆက်ခံရမယ့် အိုင်းရစ်က ခေါင်းညိတ်ပြလိုက်တယ်။
သူ ပြင်းထန်လှတဲ့ နှင်းမုန်တိုင်းကို ကျော်ဖြတ်ပြီး မြောက်ဘက်ဂိတ်ကို ဖြတ်ကျော်လာတဲ့ အချိန်မှာပဲ…
သူ သဘောပေါက်သွားမိတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်ကို ပြန်ရောက်လာခဲ့တာ။
“မြောက်ဘက်ဂိတ်အလွန်ကို ကျော်လို့ တစ်ခုခုပြောင်းလဲသွားခဲ့ရင် ငါ့ကို နည်းနည်းမှ မချစ်ပါနဲ့”
သူ့အတွက် သေဆုံးခဲ့တဲ့ လူကို ကယ်တင်ဖို့ အခွင့်အရေးရခဲ့တာကို သူသိသွားတယ်။
“ငါ မလိုချင်တဲ့ အိမ်ထောင်ရေးကို ရှောင်ဖို့ ငါ့ကို ကူညီပေးမယ်လို့ ကတိပေးပါ”
အံ့အားသင့်စွာပဲ ဒုတိယအခွင့်အရေး ရခဲ့တယ်။
သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ဒီတစ်ခေါက်မှာတော့ သူ ဟေးယာဆီကို အရင်သွားခဲ့တယ်။
ဒီတစ်ခါမှာတော့ ဘုရင်ရဲ့ လောင်းရိပ်အောက်မှာ ဘုရင်မအဖြစ် နေမယ့်အစား ဘုရင်တစ်ပါးအဖြစ် သူ နေနိုင်ပါ့မလား။

ဒီဇာတ်လမ်းလေးမှာတော့ အချိန်နောက်ပြန်ရောက်သွားတဲ့ အိုင်းရစ်တစ်ယောက် စစ်ရှုံးသွားတဲ့ လုဝန်ပြည်ကြီးနဲ့ သေဆုံးဖို့ ကံကြမ္မာဖန်လာတဲ့ အချစ်ဦး ဟေးယာကို ဘယ်လိုကယ်တင်သွားမလဲ။ ဘုရင့်လောင်းရိပ်အောက်က ဖယ်ခွာပြီး ဘုရင်မအဖြစ် တက်လှမ်းဖို့ စွမ်းဆောင်နိုင်ပါ့မလားဆိုတာ ဆွတ်ပျံ့ကြည်နူးဖွယ် ဖတ်ရှုရမှာပါ။

ကိုယ်အရမ်းသဘောကျရတဲ့ novel တစ်ပုဒ်မလို့ ဒီမှာလည်း review လာတင်တာပါ။ StoryGlory မှာသွားဖတ်ရမှာပါ အမြည်းဖတ်ချင်ရင်တော့ __SWARA__ acc မှာတင်ပေးထားပါတယ်

**********
(Zawgyi)

A King Is Born On The Road

အိုင်းရစ် လီပို။



Random RecsWhere stories live. Discover now