4.

742 123 32
                                    

"ဂယူဘင်းကိုစိတ်ဒုက္ခလှလှလေးပြန်ပေးတယ် ခွေးလေးက"

To treat me soft and tender.

|

ကျောင်းပေါက်ဝမှာ ဖုန်းကိုစိတ်မပါလက်မပါဟိုပွတ်ဒီပွတ်လုပ်နေတဲ့
ဂယူဘင်းကကျောင်းဆင်းလို့နာရီဝက်ကျော်သွားတာတောင်
အိမ်မပြန်သေးဘဲဘာရပ်လုပ်နေမိတာလဲ။

ပြီးတော့ ဟိုကောင်လေးကရောဘာလို့မထွက်လာသေးတာလဲ

သေချာပေါက်သူ့ကောင်တွေကို
ကျောင်းဆင်းတာနဲ့ဂိုထောင်တံခါးဖွင့်ပေးဖို့ပြောထားတာကို။

ဘာလို့သူ့ကိုစိတ်မရှည်အောင် မထွက်လာရသေးတာလဲ။

နည်းနည်းလောက်စောင့်ကြည့်ဦးမယ်ဆိုပြီးစောင့်လာတာနာရီဝက်ပဲရှိနေပြီ။
ဘယ်လောက်ထိသူ့စိတ်ကိုဆွဲဆန့်ထားရဦးမှာလဲ။

တစ်ကယ်အရေးမပါတဲ့ဟာလေ။
သူ့ကိုစိတ်ဖြောင့်ဖြောင့်နေရအောင် တစ်ခါမှ
အပြုအမှုတွေကိုကအချိုးပြေတယ်ဆိုတာကိုမရှိဘူး။

မျက်နှာချင်းဆိုင်တွေ့တဲ့နေ့ကတည်းက မကြောက်မလန့်
တစ်မျိုးပြီးတစ်မျိုးသူ့ကိုပဲရန်လာစပြီး သူကပြန်လုပ်တော့လည်း
မကြောက်တတ်သေးတဲ့အကြောတင်းဟာလေး။
တစ်ကယ် ဟန်ယူဂျင်းကသူ့စိတ်ကိုဒုက္ခတအားပေးတာပဲ။

အခုနေ ဂယူဘင်းအိမ်ပြန်သွားရင်
သူအိမ်မှာခေါင်းချလို့တောင်ရမှာမဟုတ်ဘူး။
အဲ့စိတ်ဒုက္ခလေးမျက်နှာမမြင်လိုက်ရရင်
အိမ်မှာသွားပြီးဟိုလျှောက်ဒီလျှောက်နဲ့
မနေနိုင်မထိုင်နိုင်ဖြစ်ရမယ့်သူ့ဒုက္ခသူအသိဆုံးမို့။

အခုထိမပြန်နိုင်ဘဲ စောင့်နေသေးတာလေ။
စိတ်ကိုအတတ်နိုင်ဆုံး တအားဆွဲဆန့်ထားတယ်။

ဘယ်အချိန်ထွက်လာမလဲဆိုပြီးဟန်ပြလုပ်သုံးနေတဲ့ဖုန်းကလည်း
သူ့လက်ထဲမှာတင်ဖွတ်ဖွတ်ကြေတော့မယ်။

မြန်မြန်ထွက်လာစမ်းပါ ခွေးကောင်လေးရဲ့။

"ကျစ်"

တစ်နာရီပြည့်ဖို့မိနစ်ပိုင်းပဲလိုတော့တဲ့အချိန်မှာတော့
ဂယူဘင်းကဒီအတိုင်းရပ်စောင့်မနေနိုင်တော့ဘူး။

Can You Love Me Like That?Where stories live. Discover now