အတိတ်၏နှောင်ကြိုး 2

177 23 21
                                    

အချိန်ကအခုဆို ည၁၀ နာရီလောက်ရှိနေပြီဖြစ်တယ် jungkook သည်အခုချိန်ထိပြန်မလာသေးတာကြောင့် teahyung လဲ  ရှေ့လျှောက်လိုက်လိုက် နောက်လျှောက်လိုက်နဲ့တင်အလုပ်တေရှုပ်နေပါတယ် ၁၀မိနစ်ကြာတော့ အိမ်ခြံရှေ့တွင်ကားရပ်သံကြားတော့ teahyung လဲ အိမ်ခြံရှေ့ကိုသွားကာ တေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသပင်ထွက်လာရတယ်။

"အဲ့ဆို ကိုယ်သွားပြီနော် ကု"

"အင်း ကောင်းကောင်းသွားနော် ပြီးတော့ကျေးဇူးပဲ ဒီနေ့
မင်ဟိုကြောင့် club မှာတော်တော်ပျှော်ခဲ့ရတာ"

"အာ ဟုတ်ပါပြီ"

မင်ဟိုလဲ jungkook ကိုနှုတ်ဆက်ပြီးကားမောင်းထွက်သွားတယ် jungkook ကတော့ အိမ်ထဲကို၀င်မလို့လုပ်နေစဥ် လက်ကောက်၀တ်ကနေ အဆွဲခံလိုက်ရတာ
ကြောင့်လန့်သွားရတယ်။

"ဘယ်တေသွားပြီး အလေလိုက်နေတာလဲ"

"ဘယ်သွားသွား ခများအပူပါလား?"

"Kim Jungkook မရွဲ့နဲ့နော် ငါကမင်း
ယောက်ျား မို့ သိသင့်ရင်သိရမှာပေါ့"

"သိစရာမလိုဘူး အော်ဒါနဲ့ ဂျွန်ဂျီနာပြန်သွားပြီလား?"

"မင်း မင်းအမကို ရိုရိုသေသေ ခေါ်ရမယ်ဆိုတာမသိဘူးလား?"

"အရင်းလား? မွေးစာသမီးပဲကို ထားပါ မမေးတော့ဘူး
ရှေ့ကဘယ် ကျွန်တော် ပင်ပန်းနေပြီ"

"ငါပြောလို့မပြီး- "

Jungkook က teahyung ပြောတာကိုဆုံးအောင်နားမထောင်ပဲ teahyung ကို ရှေ့ကနေတွန်းဘယ်ကာ အပေါ်သို့တက်သွားတယ်။ ကျန်နေရစ်ခဲ့တဲ့ teahyung ကတော့ အကြောင်သား ရပ်နေပါတယ်။

မနက်ကိုရောက်တော့ teahyung ကအရင်ထနှင့်ပြီဖြစ်တာကြောင့် ရေမိုးချိုး အ၀တ်စားလဲ ကာအောက်ကိုမနက်စာစားရန်ဆင်းလာတော့ စားပွဲပေါ်မှာ စားစရာဆိုလို့ တစ်ခုတောင်မတွေ့တာကြောင့် teahyung  လဲ jungkook  အခန်းတံခါးကို ဖွင့်ရန်ထုပြီပြောနေတယ်။ jungkook လဲ အိပ်ခြင်မှူးတူးနဲ့ထလာကာတံခါးကို ဖွင့်လိုက်ပြီး

"ခများဘယ်လိုဖြစ်နေလဲ လူအိပ်နေတာ နားမလည်ဘူးလား?
ဘာလို့တံခါးကို လာထုနေတာလဲ"

အတိတ်၏နှောင်ကြိုး Where stories live. Discover now