Ep-13

9 0 0
                                    

လက်ရှိအချိန်...

"လွန်ခဲ့တဲ့ ၁၅နှစ်က လာရှာခဲ့ကြတုန်းကဘာလို့
ပြန်ခေါ်မသွားခဲ့တာလဲ ?"

"သား သားကသိနေခဲ့တာလား .."

"သိနေခဲ့တယ် အသက်ရှင်နေတာလဲသိနေခဲ့တယ်
လာခေါ်ခဲ့တာလဲသိနေခဲ့တယ် ခေါ်ခွင့်ပြုခဲ့တာ
တောင် မခေါ်သွားခဲ့ကြတာလဲသိတယ် ဘာလဲ
တကယ်က ပိုက်ဆံလိုချင်လို့လာရှာရာက ဟိုက
ပြန်ပေးလိုက်တော့ မှန်းချက်နဲ့မကိုက်တော့လို့
လား "

"မဟုတ်တာ သားရယ် မဟုတ်တာ နေပါအုံးဒါဆို
သားက ဥက္ကဌကြီးကိုနားလည်မှုလွဲနေခဲ့တာပေါ့
ပြန်မပေးခဲ့ပါဘူးသားရယ် ပြန်မပေးနိုင်ကြောင်း
ကို ရတိပြတ်ပြောပီး အချိန်တစ်ခုထိပေါ်မလာဖို့
ပြောဆိုခဲ့တာပါ အဲ့လောက်ထိသားပေါ်မှာချစ်တဲ့
သူပါ "

"အဖေက အဲ့နေ့က ပြန်ခေါ်သွားပါဆိုတဲ့စကား
ကိုကျွန်တော့နားနဲ့ဆက်ဆက်ကြားခဲ့တာလေ"

"နောက်ဆက်တွဲစကားတေကို သားဆက်နား
ထောင်ခဲ့ပုံမပေါ်ဘူးပဲ ဟုတ်တယ်မို့လား "

ထိုအခါမှ မအေဖြစ်သူက အကြောင်းစုံသေချာ
ပြန်လည်ပြောပြပေးခဲ့သောကြောင့် Jungkook
မျက်ရည်တို့မထိန်းနိုင်တော့ လွဲခဲ့တာ မှားခဲ့တာ
နာကျည်းခဲ့တာ ၁၅ နှစ်ကြီးများတောင် အဖေ့
ကိုအထီးကျန်စေခဲ့တာ ၁၅ နှစ်ကြီးများတောင်
သူထင်ရာတွေးပီး အဖေနဲ့အကို့ကိုပါသူကခွဲ
ထားပစ်ခဲ့သေးတာ အဖေရယ် ဖြစ်မှဖြစ်ရလေ

"ဒါနဲ့ ဒီကိုလာတာ အဲ့ဒီအိမ်က သခင်လေးKim
သိပုံမပေါ်ဘူးမို့လား မဟုတ်မှကျွန်မတို့တေအိမ်
ထပ်ပြောင်းရအုံးမှာမဟုတ်ဘူးလား "

ထိုစကားဆိုလာသူကတော့ Jeon Byul စိတ်ထဲ
သိပ်မထားတက် ပွင့်ပွင့်လင်းလင်းပြောချတက်
တဲ့အကျင့်ကြောင့် မအေဖြစ်သူမှတားဖို့မမှီလိုက်

"ဘာတေပြောနေတာလဲ Byul ...သွားအိမ်ထဲသွား
တော့ "

"ကျွန်တော်သိပါတယ် လွန်ခဲ့တဲ့နှစ်တေထဲက
Jin Hyung ကနေရာတေစုံအောင်ပြောင်းနေခဲ့
တာရော Newzeland ထိပြောင်းပီးနေခဲ့တာတေ
ရော အားလုံးက ကျွန်တော့ကိုရှာနေတဲ့သူတေ
ရှိခဲ့လို့ဆိုတာသိပီးသားပါ Hyung ကိုအပြစ်မ
တင်ပါနဲ့ သူ့အတွက်ကျွန်တော်က တန်ဖိုးထားရ
ဆုံးသူဖြစ်တဲ့အပြင် ကျွန်တော့စိတ်ကိုနည်းနည်း
လေးမှအထိခိုက်မခံတဲ့သူမို့ ဒီလိုတေလုပ်ခဲ့တာ
ပါ ခများတို့တေကို ကျွန်တော့အနီးဆုံးထိရောက်
လာမှာကိုလဲ စိုးရိမ်ခဲ့တာနေမှာပေါ့ "

Forever❣️JeonWhere stories live. Discover now