Chapter - 50

1K 83 11
                                    

ဒယ်ဒီက ပြန်ရောက်ပြီးနောက်တစ်နေ့ကစ၍ ရုံးပြန်တက်နေပြီး Z ကတော့ မိမိကိုသိပ်အတွေ့မခံပေ။ အီလိုင်ဂျာဧ။်စိတ်အာရုံအားလုံးက ဆေးရုံထံသို့သာရောက်နေသော်ငြား ရိပ်မိမှာစိုး၍ဟန်မပျက်နေရခြင်းက ပို၍ပင်ပန်းရဧ။်။ လူအနည်းငယ်လစ်သည်နှင့် ကင်မရွန်းကို message ပို့မေးရသည်မှာ အမော။

ကားတိုက်မှုဖြစ်ပွားခဲ့သည်မှာ ၃ရက်မြောက်နေ့ရှိလာပြီဖြစ်သည်မို့ တိုင်လာဧ။်အခြေအနေက အကောင်းဘက်ရောက်ရှိလာပြီဟု မှတ်ယူနေကြသော်လည်း ဆရာဝန်က တိတိကျကျမပြောသေးပေ။ အတွေးတွေလွင့်နေရာမှ ဖုန်းထဲထည့်ထားသည့် Hidden camera ရဲ့ app လေးထံက Noti အသံကြားမှသာသတိကပ်လာရသည်။ ကင်မရွန်းပြောပုံအရဆို ကားရွေ့တာနှင့်တပြိုင်နက် Video မှတ်တမ်းတင်သည်တဲ့။ ဒါဆိုပစ္စည်းသယ်တဲ့ကားက တစ်နေရာရာကိုသွားနေခဲ့ပြီလား။

ဖခင်ဖြစ်သူကို အီလိုင်ဂျာလှမ်းကြည့်လိုက်တော့ သူခုံတွင်အလုပ်များနေဟန်။ ထို့ကြောင့် အသာထကာ Toilet ဝင်လော့ချ၍ ဖုန်းကိုပြန်ထုတ်ကြည့်လိုက်ဧ။်။ လမ်းကြောင်းကတော့ မြင်နေကြမဟုတ်၊ မြို့ပြင်ကိုဦးတည်နေတာလား။ ဂိုဒေါင်ဆီသွားတာဖြစ်လိမ့်မည်ဟု ​တွေးမိသော်လည်း Z ပြောပုံအရဆို အဲ့ဒီဂိုဒေါင်မှာ တရားဝင်တင်သွင်းကုန်တွေကိုသာထုတ်လုပ်သည်တဲ့။ ပြသာနာမရှိ ဘယ်နေရာကိုပဲသွားသွား Camera က​နေတစ်ဆင့်မြင်ရမှာ အမှန်ပင်မို့ သိပ်​တော့မ​တွေး​တော့။

ထိုကားသွားရာလမ်းကြောင်းကို မှတ်တမ်းထင်ထားပြီး စတစ်ထဲပြောင်းထည့်ဖို့ အဆင့်သင့်ပြင်ထားရင်း ကားရွေ့နေရာလမ်းတစ်​လျှောက်ကို မမှိတ်မသုန် စိုက်ကြည့်နေရင်းက မူးယစ်ဆေးထည့်ကာ သယ်ဆောင်သည့် အရုပ်တွေကို တကယ်ထုတ်လုပ်သည့်​နေရာဟာ မိမိ​တွေးထင်သားသည့် အတိုင်းမဟုတ်လေတော့ အီလိုင်ဂျာမှာ ပါးစပ်အဟောင်းသား...။

"အဲ့ဒီနေရာက...."

"အီလိုင်ဂျာ!!"

တံခါးခေါက်သံနှင့်အတူ ဖခင်ဧ။်အသံကြောင့် လူကတုန်တက်သွားကာ ဖုန်းပင်လွတ်ကျတော့မတတ်။ ရုတ်တရက်ကြောင်အမ်းပြီး အသံပြန်မပြုမိလေတော့ ဖခင်က တံခါးကိုထပ်ခေါက်ကာမေးလာသည်။

𝑽𝒊𝒄𝒕𝒊𝒎 𝑩𝒖𝒕 𝑷𝒆𝒓𝒑𝒆𝒕𝒓𝒂𝒕𝒐𝒓 Where stories live. Discover now