Chapter - 57

768 81 13
                                    

အနည်းငယ် မူးနေသည့်ခေါင်းကို အသာကိုင်၍ မျက်လုံးဖွင့်ကြည့်လိုက်သော အခါတွင်တော့ ထထိုင်မိမတတ် အီလိုင်ဂျာလန့်သွားရဧ။် တခါမှမမြင်ဖူးသည့်၊  မရင်းနှီးသည့် နေရာတခုဧ။် အိပ်ရာထက်တွင်ရောက်နေကာ လှည့်ပတ်ကြည့်လိုက်သည့်ခဏ နေအိမ်တခုရဲ့အိပ်ခန်းတခန်းဟု ထင်ရပြီး အခန်းထဲတွင် စားပွဲတစ်လုံး၊ ရေချိုးခန်းအိမ်သာဖြစ်ဟန်တူသည့် အခန်းငယ်တစ်ခု ၊ မိမိထထိုင်နေရာ မွေ့ယာနှင့် အတော်လေး အေးစိမ့်နေလေတော့ မြေအောက်ခန်းလားဟုပင် တွေးမိလာသည်။

အတန်ကြာကြောင်ငေးနေရာက အခန်းတံခါးရှိရာပြေး၍ ​ထွက်ရန်ပြင်လိုက်သော်ငြား အပြင်က သော့ခတ်ထားခြင်းကြောင့် လက်လျော့ကာ ပြတင်းပေါက်ရှိနေရာဆီ သွားဖွင့်တော့လည်း ပြတင်းပေါက်ကိုပါ အပြင်က သစ်သားတွေနှင့် ရိုက်ပိတ်ထားသလားမသိ၊ အလင်းရောင်တောင် အထဲကိုမဖောက်ပေ။ ဒီကို ဘယ်လိုရောက်လာသလဲ အသည်းအသန်စဉ်းစားသော်လည်း စိတ်လှုပ်ရှားနေခြင်းကြောင့် ရုတ်တရက် ဘာကိုမှ မစဉ်းစားမိ၊

တော်တော်ကြာကြာစဉ်းစားပြီးကာမှ ခေါင်းထဲပေါ်လာသည်မှာ ဗင်းန်တို့ အိမ်ကထွက်လာပြီး ကားဌားရန် လမ်းမကြီးဆီထွက်လာစဉ် ဟွန်းတီးသံနှင့်အတူ ရောက်လာသည့် Z နှင့်ကားတစ်စီး၊ အထဲ၀င်ရန်အချက်ပြနေခြင်းကြောင့် ကားထဲ၀င်ထိုင်ပြီး ဘာမှ​တာင်စမပြောရသေးခင်မှာပင် မျက်နှာကို တစုံတခုထြင့် လာအုပ်တာခံလိုက်ရပြီးနောက် ဘာမှ မသိတော့။

ဒါဆို ဒီနေရာကိို Z ခေါ်လာတာလား။ ဘာအတွက်လဲ။  တံခါးကို သွားလှည့်ဖွင့်လိုက်မိလို့ထင်ဧ။် အခန်းအပြင်က သော့ဖွင့်သံကို ကြားလိုက်ရခြင်းကြောင့် ကြောက်စိတ်က တိုး၀င်လာကာ အခန်းထောင့်တစ်ထောင့်သို့ ပြေးကပ်ထားကာ ပွင့်လာမည့် တံခါး၀ကိုသာ မမှိတ်မသုတ်ကြည့်နေမိသည်။

"နိုးပြီလား အီလိုင်ဂျာ ။ ခေါင်းမူးနေလား မင်း မေ့ဆေးမသုံးလို့ မဖြစ်လို့ပါ"

အသင့်စားထမင်းဘူးနဲ့ ရေတစ်ဘူးကို ခုံပေါ်တင်ပေးလာရင်း Z စကားဆိုလာပေမယ့် မိမိကတော့ ကြောက်စိတ်မွှန်ကာ တစ်ခွန်းမှ ပြန်မပြောမိပေ။

𝑽𝒊𝒄𝒕𝒊𝒎 𝑩𝒖𝒕 𝑷𝒆𝒓𝒑𝒆𝒕𝒓𝒂𝒕𝒐𝒓 Where stories live. Discover now