Bonus Part Special - 2

1.8K 49 22
                                    

Bonus Part Special - 2

"ကိုခန့်"

"အင်း.. ပြောတာ မကြားဘူးလား"

ပိုင်ငယ့်မှာ ကိုခန့်စကားကြောင့် ၆ ညအိပ် ၇ ရက်လောက် ငိုချင်းချချင်သွားရသည်။

"နွေးသွားအောင် ပူစီလေးသွားခေါ်ပေး ဖက်အိပ်ချင်တယ်"

ကုတင်ပေါ်တွင် ပူစီက ကိုခန့်ရင်ခွင်၌ဇိမ်ကျနေပြီး ကိုခန့်မှာ ကိုယ်ပူနေသည့်အတွက် ဆေးအရှိန်ဖြင့် အိပ်မောကျလျှက်ရှိနေသည်။ ထိုအချိန်တွင် ငိုချင်နေသူမှာ ပိုင်ငယ်ဖြစ်လေသည်။ ကိုခန့်ကတော့ ဘာမှမသိပေ။

ကိုခန့်နိုးလာသည့်အခါ ပိုင်ငယ်က စာအုပ်တစ်အုပ်ကိုဖတ်နေပြီး နံနက် (၇) နာရီခန့်ပင်ရှိနေပြီဖြစ်သည်။

"မောင်"

"ကိုခန့် နိုးပြီလား.. ဘာစားချင်လဲ.. မောင် ဘာပြင်ပေးရမလဲ"

ကိုခန့်ခေါ်လိုက်သည့်အခါ ပိုင်ငယ်က စာအုပ်ကိုပိတ်ပြီး ကိုခန့်နားထလာခဲ့သည်။ ကိုခန့်က အားယူထလိုက်သည့်အခါ ပိုင်ငယ်က ထိန်းပွေ့ပေးလိုက်ရသည်။

"ရေ သောက်ချင်တယ်"

"အင်း.. မောင်ခပ်ပေးမယ်နော် ကိုခန့်"

ပိုင်ငယ်က မီးဖိုးခန်းဖက်ထွက်လာသည့်အခါ မေမြတ်က နံနက်စာပြင်နေလေသည်။ ဝင်လာသည့်ပိုင်ငယ်ကိုတွေ့သည့်အခါ ပြုံးပြသည်။

"နိုးပြီလား.. ကိုကိုရော"

"ကိုခန့်က ရေသောက်ချင်တယ်ဆိုလို့ လာယူတာ"

"အခန်းထဲမှာ ရှိတယ်လေ"

"သိတယ်လေ.. ရေအေးကျတော့ သူ အန်ထွက်ချင်မှာစိုးလို့ နွေးတာလေးလာယူတာ"

"အင်း.. ကိုကို ဖျားနေသေးလား"

"အင်း ဖျားနေတယ်.. ဒါပေမယ့် အရမ်းမဖျားတော့ မစိုးရိမ်နဲ့"

"အင်း.. နင်တို့ ဒီမှာပဲ ဆက်နေကြမယ်မလား"

"ကိုခန့် နေကောင်းမှပဲ ပြန်တာပေါ့ .. ငါလည်း ဒီရက်ပိုင်းအားနေတာလေ"

"ကောင်းသားပဲ"

ထို့နောက် ပိုင်ငယ်က ရေနွေးတစ်ခွက်ယူကာ ကိုခန့်အခန်းဆီပြန်လာခဲ့သည်။ ကိုခန့်က ခြေရင်းရှိ ဗီရိုကို အကြောင်းမဲ့ငေးနေပြီး ပိုင်ငယ် ဝင်သွားသည့်အခါ လှည့်ကြည့်သည်။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Where stories live. Discover now