Part 4

245 29 0
                                    

အားလုံးအဆင်ပြေရဲ့လား?" Mr Sungအိမ်ရဲ့ အိမ်အကူ ဂျယ်ဟီး က အော်သံကြားသဖြင့် ရေချိုးခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။ ယူဂျင်း က သူ့နောက်ကို လိုက်သွားပြီး အံ့သြစရာကောင်းတဲ့ အခိုက်အတန့်ကို တွေ့မြင်လိုက်ရတယ်။ ဟန်ဘင်း နှင့် မကိသရူးတို့က ရေချိုးကန်ထဲတွင် တစ်ယောက်ပေါ်တစ်ယောက် လဲကျနေပြီး  ရေတွေစိုရွှဲနေသည်ကို တွေ့ရတော့ နှစ်ယောက်လုံး အံ့သြသွားကြသည်။

ယူဂျင်း က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ရယ်မောစွာ ပြောလိုက်သည်။ "ဂျယ်ဟီး သူတို့အတွဲရေချိုးချိန်ကို မနှောင့်ယှက်နဲ့။" အံ့အားသင့်နေသော အိမ်ထိန်းကို အခန်းအပြင်သို့ ခေါ်သွားခဲ့သည်။

နောက်ဆုံးတော့ ဟန်ဘင်း က မက်သရူးကို ပထမဦးဆုံးအကြိမ် မျက်နှာကုိစိုက်ကြည့်နေခဲ့တယ်။ တစ်ကိုယ်လုံးကဲ့‌ေရ‌ေတွစိုရွှဲနေသော်လည်း သူ၏ ချစ်စရာကောင်း‌ေသာမျက်နှာကြောင့် အံ့အားသင့်မိသည်။ မက်သရူး၏ မျက်နှာသည် ခရမ်းချဉ်သီးကဲ့သို့ နီရဲလာသည်။ သူပထမဆုံးအလုပ်စဝင်သည့်နေ့တွင် အလွန်အရှက်ကွဲသွားခဲ့တယ် ပိုဆိုးတာက သူဟာ ကိုယ်လုံးတီးတစ်ဝက်လောက်ရှိတဲ့ သူဌေးရဲကိုယ်‌ေပါ်မှာ လဲလျောင်းနေပါတယ်။

မက်သရူးက ဟန်ဘင်းနဲ့ ဝေးရာကို ထွက်သွားဖို့ ကြိုးစားပေမယ့် သူ့ရင်ဘတ်ကို ထောက်မိမှာစိုးလို့ကြောက်နေခဲ့တယ်။ ရေစည်၏ နံဘေးကို ဆွဲကိုင်ကာ သူ့ကိုယ်သူ ဆွဲထုတ်ရန် ကြိုးစားသည်။ ဒါပေမယ့် သူထပ်ချော်လဲပြီး ဟန်ဘင်းး ပေါ်ပြန်လဲကျသွားတယ်။

ဟန်ဘင်းက မက်သရူး၏ အမူအရာကြောင့် သဘောကျသွားသဖြင့် လက် ကို ဖမ်းကိုင်ကာ သူ့ရင်ဘတ်ပေါ်သို့ တစ်ဖန်ပြန်ကျလာသောအခါ နမ်းလိုက်သည်။

မက်သရူးက  အနမ်းကြောင့် တုန်လှုပ်သွားပြီး တွေးကာ မလှုပ်ရှားနိုင်။ သူ၏ စိတ်က လုံးလုံးလျားလျား ဗလာဖြစ်နေသည်။ မက်သရူး မတုံ့ပြန်တာကို ဟန်ဘင်း က အခွင့်ကောင်းယူပြီးနက်ရှိုင်းစွာ နမ်းလိုက်ပြီး သူကို ဖက်ထားလိုက်တယ်။

မကိသရူး က သူ့ကို နမ်းနေတာကို ရုတ်တရတ် သဘောပေါက်သွားပြီး ဟန်ဘင်း ကို တွန်းထုတ်လိုက်ပြီး ကမန်းကတန်း ထလိုက်တယ်။ ရေချိုးခန်း်ထဲက ပြေးထွက်ကာ သူ၏အခန်းသိူ့ သွားရန်စဉ်းစားရင်း ဒီနေ့ meetingရှိတာကိုသတိရပြီး  မက်သရူး ရေချိုးခန်းတံခါးဝတွင် ရပ်လိုက်ပြီးဟန်ဘင်း ကို ပြန်ကြည့်ရန် ရှက်နေတာကြောင့် နောက်ကျောပေးပြီးလှမ်းပြောလိုက်သည်။

Do you ever regret your wish?Where stories live. Discover now