Final

341 26 0
                                    

နှစ်ယောက်လုံး မနက်စာ ပြီးတာနဲ့ မနက် ၁၀ နာရီ ခွဲ ဖြစ်နေပြီ။

"မစ္စတာ Sung ကျေးဇူးပြုပြီး မြန်မြန်ပြင်ပါ။ မင်းရဲ့ဌာနနဲ့ ဒီနေ့ မနက် ၁၁ နာရီမှာ ချိန်းထားတာရှိတယ်။" မကိသရူးက သူ့သူငှေးကို သတိပေးလိုက်သည်။ ဒီမနက် ဘာမှမဖြစ်ဘူးဆိုပြီး ဟန်ဆောင်ပြီး အလုပ်ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဟန်ဘင်းက မကိသရူး၏ အေးစက်မှုကို ခံစားနိုင်သည်။ မကိသရူးက အဖြစ်အပျက်ကို မေ့ဖို့ ကြိုးစားနေမှန်း သူသိသည်။ ထို့ကြောင့် သူလည်း မက်သရူးနှင့် တွဲကစားရန် ဆုံးဖြတ်လိုက်ပြီး အေးအေးဆေးဆေး ပြုမူခဲ့သည်။ "ကောင်းပြီလေ မိုက်ကယ်(Car Driver) ကျေးဇူးပြုပြီး ငါနဲ့ မက်သရူးကို ရုံးပို့ဖို့ ပြင်ပါ"

10 မိနစ်အကြာတွင် မိုက်ကယ်သည် ကားမောင်းရန် စတက်နေသည်။ ဟန်ဘင်း က အနောက်တံခါးကိုဖွင့်ပြီး "မကိသရူး မင်းငါ့အနားမှာထိုင်ရမယ်" လို့ အမိန့်ပေးလိုက်တယ်။

မက်သရူး အံ့သြသွားသည်။ ဒါပေမယ့် ဟန်ဘင်းရဲ့ အမိန့်ကို သူမဖီဆန်ရဲဘူး။

သူ့နောက်မှ ကားပေါ်သို့ တုံ့ဆိုင်းစွာ တက်သွားသည်။

ကံကြမ္မာက မကိသရူးကို မျက်နှာသာမပေးဘူး။ သူတို့ကားက အမြန်လမ်းမှာ တစ်ဝက်မှာ ပျက်သွားတယ်။ တက္ကစီတစ်စီး ငှားရန်လုပ်နေတာနဲ့  နာရီဝက်လောက် အချိန်ကုန်သွားတယ်။ ဟန်ဘင်းနှငိ့ မကိသရူးက တက္ကစီစီးပြီး ရုံးသွားနေရတယ်။

တက္ကစီထဲမှာ မကိသရူးက ရုံးကိုဖုန်းဆက်ပြိးအစည်းအဝေးကို နေ့လည် ၁ နာရီအထိရွှေ့ခိုင်းတယ်။ ဌာနအစည်းအဝေးက သူ့အတွက် တစ်ခုတည်းသော ချိန်းချက်ကြောင့် ဟန်ဘင်းအတွက် နေ့လယ်စာ စီစဉ်ပေးခဲ့သည်။

ကုမ္ပဏီကိုရောက်တာနဲ့ မကိသရူးကို နောက်ထပ်ကံဆိုးမှုတစ်ခုက ကြိုဆိုလိုက်ပါတယ်။

ဓာတ်လှေကား သုံးခုစလုံး ပျက်ကျသွားသည်။ မကိသရူး သူ့ကံကို မယုံနိုင်။ ဟန်ဘင်း ၏ ရုံးခန်းသည် ၃၃ ထပ်တိုက်၏ အပေါ်ဆုံးထပ်တွင် တည်ရှိသည်။

"ဒါဆို ငါတို့မှာ လှေကားနဲ့တက်ဖို့ကလွဲလို့ ရွေးစရာမရှိဘူး" ဟန်ဘင်းက အပြုံးဖြင့် အကြံပြုသည်။ မကိသရူး စိတ်ထဲမှာအော်လိုက်တော့သည်။; ဒါဟာ တကယ့်ကို နှိပ်စက်မှုတစ်ခု ဖြစ်လိမ့်မယ်။ဟန်ဘင်းက ဘာလို့ ပျော်နေသေးလဲလို့ တွေးမိတယ်။

You've reached the end of published parts.

⏰ Last updated: May 23, 2023 ⏰

Add this story to your Library to get notified about new parts!

Do you ever regret your wish?Where stories live. Discover now