An unrepentant mistake❌

311 9 2
                                    

(unicode)

ဘားတစ်ခုတွင်

"စောက်ခွေးကောင်...Kim hajoon.....ငါ့ကို ထားခဲ့တယ်တဲ့ ဟက်! 2နှစ်တာ တွဲခဲ့တဲ့ သံယောဇဥ် မှ မထောက် မင်းနဲ့လမ်းခွဲရလို့ ငါနောင်တမရဘူး သေနာကောင်....ငါလဲ အ့ကောင်အခွက်ကို ဘယ်လိုကြည့်ကြိုက်လဲ မသိဘူး မင်းကို သေတာတောင် မကြိုက်တော့ဘူး ပြန်လာမယ်ဆိုတောင် ပြန်မလာနဲ့"

'ဂွက်'

ခွက်ချသံကြောင့် ဘားရှိ waiter ခမျာ လန့်သွားရသည်။
အသဲကွဲနေတာလားတော့ မသိ အော်ဆဲနေတာတော့ သိသည်။
ကောင်လေးက ပုပုသေးသေးလေးနှင့် ချစ်စရာ ကောင်းတာတော့အမှန် သိူ့ပေမဲ့ တော်တော်လဲ ဆဲသည်။
စစချင်း ထိုင်ထဲက အပြင်းဆုံးအရက်တစ်ခွက်ပေးဆိုလို့ မပေးခင် သူ့ပုံက သောက်နိုင်တဲ့ ပုံ မပေါ်တာကြောင့် ပြန်မေးမိတော့
'ဘာလဲ လူကို အရပ်ပုလို့ အထင်သေးတာလား မှတ်ပုံတင်ပြရမလား အသက်ပြည့်ပြီးပြီ စိတ်ညစ်ရတဲ့ ကြားထဲ အာရုံမနောက်နဲ့ ချပေးစရာရှိတာ ချပေး'ဟုဆိုကာ ပြောသောကြောင့် ဘာမှပြန်မပြောပဲ ချပေးလိုက်သည်။
ပြီးတော့ 1ခွက်ထဲနဲ့ မှောက်နေပြီ ကို နောက်တစ်ခွက်ထပ်ချပေးပါဆိုလို့ ချပေးလိုက်ရသည်။ မဟုတ်ရင် ဒေါသတွေကိုယ့်အပေါ် ပုံချမှဆိုးလို့ ပုတဲ့ သူတွေက ဒေါသ အရမ်းထွက်တက်တယ်တဲ့။

''ရှမ်ပိန်တစ်ခွက်......"

waiter ကောင်လေးလဲ တခြား custormer လာသည်မို့ တွေးလက်စတွေ လက်စသတ်ကာ ချပေးလိုက်သည်။

"ရပါပြီခင်ဗျာ''

မှာထားတဲ့ ရှမ်ပိန်ကို ဖြူသွယ်သော လက်ဖြင့် လှမ်းယူကာ ခွက်အား လှုပ်ခပ်ပြီး စတိုင်လ်ကျနစွာ တစ်ငုံသောက်ကာ မှောက်နေသော ကောင်လေးအား ကြည့်မိလိုက်သည်။

ဟက်! ချစ်စရာလေးပဲ ဘေဘီရေ အခုကစပြီး မင်းကို စလိုက်ပြီပဲ။
နောက်မှ ထို့ကောင်လေးအကြောင်း စုံစမ်းမည်ဆိုကာ လှည့်ထွက်သည့် အထ
ထိုကောင်လေးက အထ တိုက်မိသွားသည်။

"အ.....!''

တိုက်မိသောကြောင့် လက်ထဲက ရှမ်ပိန်သည် ထိုကောင်လေး ၏ အင်္ကျီပေါ်သို့ ဖိတ်ကျကုန်သည်။

"ရားးးးးး!!!? ခများ ဘယ်လိုလုပ်တာလဲ?''

''ကောင်လေး မင်းပဲ အရှေ့မကြည့် နောက်မကြည့်ထတာလေ"

Yoonmin dark collection🚫🚫Where stories live. Discover now