p - 12

1.2K 63 0
                                    

Unicode..

Minor အချိန်တွေမှာ တက်ကြွသလောက်
Major အချိန်ကျ မိုးရိပ်တို့ သူငယ်ချင်းတစ်စု ကုပ်နေတတ်သည်။
Major သုံးဘာသာလုံးမှာ တစ်ဘာသာပဲ စိတ်အေးလက်အေးနေရသည်။
ကျန်တဲ့ နှစ်ဘာသာကတော့ ဘယ်အချိန်စာမေးခံရမလဲ ‌ဆိုပြီး ရင်တထိတ်ထိတ်နှင့်...။

AM( Aspects of Myanmar) သင်တဲ့ အချိန်တွေသည် အပျော်ဆုံးဖြစ်လေသည်။
AMဆရာ၏ မျက်နှာလေးသည် အေးချမ်းလှသည်။
အဲ့တာကြောင့် ဝေခြူးက ဆရာ့ကို အကြည်ဓာတ်လေး‌ဆိုပြီး အမြဲ ငမ်းနေကြ။
ဆရာက စာဖတ်များသောကြောင့် ဗဟုသုတ စုံလှသည်။
စာချည်းမသင်ပဲ သမိုင်းတွေပါ ပြောပြသဖြင့်
ဆရာ့အချိန်ဆို အတန်းမှန်ကြသည်။

ဆရာပြောသမျှစာတွေ လိုက်မှတ်လိုက်၊ စာတွေ ကြည့်ရတာအိပ်ချင်လာရင် ဆရာ့ မျက်နှာလေး ငေးလိုက်နဲ့ တော်‌ဝင်သာသိရင် မိုးရိပ်တော့ လွယ်မည်မဟုတ်။

" ဟဲ့ မိုးရိပ် ငါ့ကို ဆရာ့ပုံ ရိုက်ပေးစမ်းပါ။ နင်က လက်ရဲဇက်ရဲရှိတယ်။"

အနားကို ကပ်ပြီး ဝေခြူးက တိုးတိုးလေးပြောသည်။

" အံမယ် ဖြစ်ရတယ်။"

" နင်ကလည်း ရိုက်ပေးစမ်းပါ နော် နော်.."

ဘေးနားမှာ ကပ်ချွဲနေတာကြောင့် ကြက်သီးထလာသည်။

" အေးအေး ပြီးရော ဆရာက အရှေ့မှာ ထိုင်နေတော့ သူဟိုဘက်လျှောက်မှ ရိုက်ပေးမယ်။"

ဆရာက စာသင်ရင် တစ်နေရာထဲ မနေတဲ့ အကျင့်ကြောင့် အရှေ့ကို ထသွားသည်။
ဖုန်း ကင်မရာကို ဖွင့်ပြီး ချိန်လိုက်သည်။

'ဓာတ်ပုံကလည်း အိုက်တင်သေချာပေးတဲ့ လူကိုတောင် မရိုက်တတ်ပါဘူးဆို လှုပ်နေတော့ ဘယ်လိုက်ရိုက်ရမှာ ငြိမ်ငြိမ်လေးနေ ဟုတ်ပြီ ဟုတ်ပြီ..'

စိတ်ထဲပြောရင်း ရိုက်လိုက်တာ ဆရာက လှုပ်သွားတော့ လက်နေရာက ဝါးသွားသည်။
မသိချင်ယောင်ဆောင်ရင်း..

" ဝေခြူး အဆင်ပြေလား ကြည့်အုံး.."

" ဟာ ဝါးနေတယ်လေဟာ သေချာရိုက်.."

" -ီး.."

ချဉ်ချဉ်တူးတူးရှိလာသဖြင့် ဆဲပစ်လိုက်သည်။
အဲ့တာလည်း အပြုံးမပျက်..

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now