p - 17

1.1K 56 0
                                    

Unicode..

"အာ စာရေးရတာ ဘယ်လိုမှ စိတ်မပါဘူး။ငါ့စာရေးချင်စိတ်တွေ ဘယ်သူယူသွားတာလဲ.."

computer ရှေ့မှာ စာရိုက်နေရင်း မိုးရိပ် ညည်းညူလိုက်မိသည်။

အရင်က မကြိုက်ခဲ့သော ကော်ဖီခါးခါးတစ်ခွက်ကိုလည်း မိုးရိပ် အရသာခံ သောက်နေလိုက်သည်။
ပြတင်းပေါက်မှ တဆင့် မြင်နေရသော ပန်းသီးပင်လေးတွေကို ကြည့်မိသည်။
မိုးရာသီ ဖြစ်သည့် အလျောက် စိမ်းစိမ်းစိုစို ပန်းသီးတွေပေါ်သို့ ရေစက်လေးတွေ တွဲခိုသည်မှာ ကြည့်လို့ ကောင်းလှသည်။
အဲ့အမျိုးသမီးက ပန်းသီးကြိုက်သည်တဲ့..

အခုဆို အဲ့အမျိုးသမီး မိုးရိပ်ဘဝထဲက ထွက်သွားတာ ခုနစ်နှစ်‌တောင် ရှိလေပြီ။

မိုးရိပ်ဘဝသည်လည်း အခြေတကျဖြစ်နေပြီ။
မိဘတွေ တက္ကသိုလ်နောက်ဆုံးနှစ်မှာပဲ ဆုံးပါးသွားပြီးသည့် နောက်ပိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရသည်။

အဲနှစ်‌တွေသည် မိုးရိပ်ဘဝမှာ အခက်ခဲဆုံးအချိန်တွေ ဖြစ်ခဲ့ရလေသည်။
မိဘပိုင် လယ်ယာတွေ တစ်ချို့တစ်ဝက်ကို ရောင်းလိုက်ရသည်။
ကျောင်းတက်နေရင်း အလုပ်လုပ်ဖို့ကလည်း အခက်အခဲရှိလေသည်။
အကို့အိမ်မှာ မနေချင်တာနှင့် အိမ်ငှားပြီး တစ်ယောက်တည်း နေရသည်။
မေမေရှိတုန်းကဆို အိမ်မှုကိစ္စဆိုတာ မေမေ့ကို ဝိုင်းကူရုံလောက်သာ။

ကျောင်းပြီးတော့လည်း ခရီးသွားလုပ်ငန်း company တစ်ခုမှာ tourist ဝင်လုပ်ဖြစ်သည်။
ရည်မှန်းထားတာနှင့် ဖြစ်လာတာတွေသည် ပြဒါးတစ်လမ်း၊ သံတစ်လမ်း..

စာအုပ်ဖတ်တယ်၊ ဗဟုသုတလည်း ကြွယ်ဝပြီး လေ့လာချင်စိတ်ရှိတဲ့ မိုးရိပ်အတွက် တစ်နှစ်အတွင်းမှာပင် ငှားရမ်းလာသည့် foreigner တွေ တော်တော်များလာသည်။

အခုဆို ဒီအလုပ်ကို လုပ်လာတာ နှစ်နှစ်ကျော်ပြီ။
နှစ်နှစ်အတွင်း မြန်မာနိုင်ငံထဲမှ ဒေသအစုံကိုလည်း ရောက်ဖူးပြီ။
foreignerဧည့်သည် မရှိလျှင်လည်း မိုးရိပ်ဘာသာ ခရီးထွက်ဖြစ်သည်။

မိဘပိုင် အိမ်ယာ၊ လယ်မြေတချို့ နှင့် စိုက်ခင်းတွေကို ရောင်းပြီး ဘဏ်မှာ အပ်ထားလိုက်သည်။
အကိုအမတွေဆီကိုလည်း တစ်နှစ်တစ်ခါတော့ အရောက်သွားသည်။
ခရီးတွေ ထွက်ရင်း ဒီနေရာလေး မိုးရိပ်တွေ့ပြီး သဘောကျမိသွားတာဖြစ်သည်။

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now