ဒီနေ့က ဆောင်းဟွန်းရဲ့ပိတ်ရက်ပင်။ အချိန်ပိုင်းအလုပ်နှစ်ခုလုံးနားရက်ဖြစ်တာမို့ အိမ်ထဲမှာ အေးအေးဆေးဆေးနေဖို့ဆုံးဖြတ်ထားခြင်း။
"အယ် ... မောနင်း ကိုကိုဆောင်းဟွန်း"
"မောနင်း ဂျောင်ဝန်း"
အိပ်ခန်းထဲကနေထွက်လာတဲ့ဂျောင်ဝန်းက အိပ်ချင်မူးတူး။ ဆောင်းဟွန်းနှင့်ဂျောင်ဝန်းက ပိတ်ရက်ချင်းစုံတာ အတော်ရှားသည်။
"ဒီနေ့အလုပ်ပိတ်တာလား ကိုကိုဆောင်းဟွန်း"
"အင်း။ မနက်စာလုပ်ထားတယ် ဂျောင်ဝန်း"
"အယ် ဟုတ်ကဲ့။ မျက်နှာမြန်မြန်သစ်မယ်နော် ခဏ !"
ဆောင်းဟွန်းပြောလိုက်သည်နှင့် ရေခဲသေတ္တာထဲက ရေသန့်ဗူးကိုချက်ချင်းပြန်ထည့်ပြီး သူ့အခန်းရှိရာကိုပြေးသည်။
"ဖြေးဖြေးသွား ဂျောင်ဝန်း ! ချော်လဲဦးမယ် !"
ဒုန်း !
"အာ့ !"
ရှပ်ပြာရှပ်ပြာနဲ့မို့ ဆောင်းဟွန်းသတိလှမ်းပေးတာတောင်မှ ချော်လဲဖြစ်အောင်လဲပါသည်။ ဆောင်းဟွန်းမှာ မီးဖိုချောင်ထဲကထွက်ပြီး အပြေးသွားရသည်။
ဧည့်ခန်းထဲမှာချော်လဲတာများ ပုံ့ပုံ့ကလေး။ မနက်ကမှ ဆောင်းဟွန်းအခန်းထဲကထုတ်ထားလိုက်တဲ့ ခုံအပုလေးကိုတိုက်ပြီး လှဲခြင်းဖြစ်သည်။
ဆောင်းဟွန်းကတော့ ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်လိုက်ပါတော့သည်။ မနက်ကလျှာအရှည်လွန်းပြီး ခုံအပုလေးကိုတကူးတကထုတ်ထားမိတာကိုး။
"ကဲ ယန်းဂျောင်ဝန်းတို့ကတော့ အမြဲရှပ်ပြာ"
ဆောင်းဟွန်းပြောလိုက်တော့ လျှာလေးထုတ်ကာဇက်ကလေးပုသွားသည်။ လဲကျလို့နာသွားပုံရတဲ့ဒူးလေးနှစ်ဖက်ကို လက်နဲ့ပွတ်နေသည်။ အသားဖွေးတဲ့သူမို့ လက်ဖနောင့်တွေရော ဒူးတွေရော ရဲသွားတာသိသိသာသာ။
"အ့ !"
ခေါက်သွားပုံရသည့်ခြေမျက်စိလေးကို ကိုင်ကာရှုံ့မဲ့နေသည်မို့ ဆောင်းဟွန်းယူကြည့်လိုက်သည်။ သူ့အပြစ်နဲ့သူမို့လို့ မျက်နှာလေးမဲ့နေသော်လည်း ဘာမှတော့မပြော။
![](https://img.wattpad.com/cover/342794488-288-k223280.jpg)