1

853 112 14
                                    

စိတ်ကျန်းမာရေးဆေးရုံ

" သမီးလေးက အသက် ၁၅နှစ်အရွယ်မှာ
R*pe လုပ်ခံရတယ် ဒေါက်တာ
အဲ့ case ကြီးဖြစ်ပြီးထဲက သမီကလူတကာ
ကိုကြောက်နေတတ်တယ် ကျမအပါအဝင်
တစ်မိသားစုလုံးကို အကပ်မခံတာပါ ညဘက် တစ်အိမ်လုံးကလူတွေအိပ်ပြီဆိုတာနဲ့
အိမ်ကနေထွက်ထွက်သွားတတ်တယ်
ဒေါက်တာ... 

ကျမတို့ အမြဲလိုက်ပြန်ရှာရပါတယ်
သမီး  ကပြန်မရှာရင် အိမ်ပြန်မလာတတ်တော့ဘဲလမ်းမှာ ထိုင်ငိုနေရှာတာ ကျမလဲ ဆရာဝန်ကြီးတွေနဲ့ ရေရှည်မပြနိုင်တဲ့ အနေထားမို့ ပြင်ပဆေးပေါင်းစုံနဲ့ကုသပေမယ့်
သမီးကအ ခြေအနေက
တစ်နေ့ထက်တစ်နေ့ပိုဆိုးလာပါတယ် ကူညီပါဒေါက်တာရယ် သမီးလေးကိုကယ်တင်ပေးပါရှင်ခိုးတောင်းပန်ပါတယ် ဒေါက်တာ "

ဆေးရုံခန်းထဲဇွတ်အတင်းဝင်လာပြီးဂျပန်စကားဖြင့်ရှင်ခိုးတောင်းပန်တော့မတတ်ဖြစ် နေရှာသော ဂျပန် မိန်းမကြီး ၊ ထိုမိန်းမ
ကြီးဘေးတွင်
ပိန်ပိန်သေးသေးအသားဖြူဆုပ်ဆုပ်
မျက်လုံးသေတွေနဲ့ရပ်နေသောဂျပန် မိန်းကလေးအသက်လည်းပြည့်ရှာမှာမဟုတ်သေးဘူး

စကားလုံးတစ်ချို့ပြန်ပြောဖို့ မိန်းမကြီးပခုံးကိုနှစ်သိမ့်ကာ ကိုင်မယ့်လက်တွေ ပခုံးပေါ်မရောက်မှီ တဂွတ်ဂွတ်မြည်၍ ဒေါသတကြီးလျှောက်လာသော ဂျပန်သူနာပြုကြောင့်လေမှာရပ်တန့်သွားသည် ။

" ဘာတွေ လာရှုပ်ပြန်တာလဲ အဖွားကြီး
ရှင့်မှာ ဒီဆေးရုံမှာကုနိုင်မယ့် ပိုက်ဆံရှိလို့လားဒါအခမဲ့ဆေးရုံမဟုတ်ဘူး ရှင့်သမီးကို
အလကားလဲ မကုပေးနိုင်ဘူး တစ်ခါလဲမဟုတ်ရောက်ရောက်လာတယ် ပိုက်ဆံပေးတဲ့လူနာတွေရှိတယ် အခုမထွက်ရင် အစောင့်
ခေါ်ပြီးရှင်တို့သားအမိကို ဆွဲထုတ်ပြီး
ဝတ္တရားနှောက်ယှက်မှုနဲ့ရဲလက် အပ်လိုက်မယ် "

မိန်းမကြီးက သူနာပြုမကိုတစ်လှည့်ငိုယိုတောင်းပန်ပြန်သည် ။

သူနာပြုပြောပုံအရ ထို ဂျပန်အမျိုးသမီးကြီးမှာ ဆေးရုံကိုလာပြီးအချိန်အလိုက် တာဝန်ကျဆရာဝန်များကိုသူမသမီးအား ကုသပေးဖို့ တောင်းပန်ခဲ့သည်ထင်သည် ။ ဒီအချိန်အထိ ကုသပေးဖို့ပြောနေပုံ
ထောက်ရင် တခြားဆရာဝန် တွေစီက ငြင်းခံရတာလား ။

 ဗီလိန် Where stories live. Discover now