3

418 102 20
                                    

အံ့သြလွန်း၍ သုံးစက္ကန့်လောက်အသက်မရှုဘဲ
ရပ်နေသည် ။ သူ့ပုံစံအစစ်မှန်ကိုသိတဲ့လူဖြစ်တဲ့အပြင် သူ့လူနာနဲ့မှတည့်တည့်တိုးတာကြောင့်
ဆော့ဂျင်တုန်လှုပ်နေသည် ။ ကောင်လေးတွေက
မျိုးရိုးမြင့်ယောက်ျား ပြောလိုက်တာကိုမကြားသော်လည်းဆော့ဂျင်စိတ်မအေးနိုင်ယဖြစ်နေသည် ။

နှလုံးတောင်ခုန်မိရဲ့လားသူကိုယ်တိုင်တောင်မသိတော့ဘူး ။ လူမှားနေပြီလို့ ပြန်ပြောဖို့လည်း
သူ့ပုံက ပုံပျက်ဆင်းပျက်နဲ့အမှားမှားအယွင်းယွင်းဖြစ်နေပြီ ဘယ်လိုဆက်လုပ်ရမလဲလည်း
ခေါင်းထဲအသဲအသန်စဉ်စားနေသော်လည်း
ဘာမှထွက်မလာ ထိုသို့သူ အကျပ်ရိုက်နေစဉ်
ပြုံးနေသော မျိုးရိုးမြင့်ယောက်ျားက
သူ့ခါးကို လက်တစ်ဖက်တည်းဖြင့်
ပွေ့ဖက်လိုက်သည်ကိုလန့်ကာ

* ခွပ် *

ဆော့ဂျင် မလိုက်ရင် အရွေးခံချင်နေတဲ့ကောင်လေးတွေကအသင့်စောင့်ကြည့်နေရင်း
မျိုးရိုးမြင့် ကို ဆော့ဂျင်ဟာထိုးလိုက်တာကြောင့်ကောင်လေးတွေအားလုံးစီက " ဟင် "
" ဟာ " ဆိုတဲ့အာမေဋိတ်တွေထွက်လာသည် ။

" အဟက်.. "

Jung Kook ရယ်လိုက်ပြီး နှုတ်ခမ်းထောင့်က
အနည်းငယ်စီးကျလာသော သွေးများကို
လက်ဖမိုးဖြင့်သုတ်လိုက်သည် ။

Seok Jin အခုမှ သူ မျိုးရိုးမြင့်အထက်တန်းစားတစ်ယောက်ကို ထိုးလိုက်မိမှန်းအသိစိတ်ပြန်ဝင်ပြီး ထိုနေရာကနေချက်ချင်းပြေးသွားလေသည် ။

" ဟား ဟား ဟား ဟားဟား "

Jung Kook အော်ရယ်ကာ ပြေးသွားတဲ့ ဆော့ဂျင်ကိုလှမ်းကြည့်နေသည် ။အရွေးခံချင်တဲ့ကောင်လေးများလည်းဂျောင်ကုကိုကြောက်လန့်ကာ တစ်ခြားနေရာသို့ တဖြည်းဖြည်း
ဆုတ်သွားကြသည် ။

Jung Kook တစ်ယောက်တည်းရှိတော့တဲ့နေရာကို ကျောလယ်လောက်ရှိတဲ့ရွှေရောင်ဆံပင်ရှည်တွေဝဲနေသည့် လှပသောခန္ဓာကိုယ်အချိုးစားရှိသော မိန်းမတစ်ယောက် ရောက်လာခဲ့သည် ။

" တခြားတစ်ယောက်မရွေးဘူးလား Jeon "

" ကြည့်စမ်း ငါ့နှုတ်ခမ်းထောင့်ကသွေးတွေ
ထွက်နေတာ အခုထိနာနေတုန်း
အဲ့လူ အတော်လက်သံပြောင်တဲ့လူပဲ ဟားဟား "

 ဗီလိန် Where stories live. Discover now