Meet With My Melody 🎻

798 37 0
                                    


🌤🎻

နေသာတဲ့ ကျောင်းပိတ်ရက်ဖြစ်တာမို့ အပြင်ထွက်လို့အကောင်းဆုံးဆိုတာကို သိတာနဲ့ တပြိုင်နက် ဟန်ဘင်းတို့ အိမ်ကထွက်ဖို့ အမေ့အလစ်ကိုချောင်းရပေသည် ထို့သိုပြုမူနေသောသူ့အား မလိမ်မာတဲ့ကလေးလို့တော့ မထင်စေလိုပါ အိမ်အလုပ်များကူညီပြီးဖြစ်ကာ ကျောင်းစာများလဲ အပြီးသတ်ပြီးဖြစ်တာကြောင့် မေမေ့ရဲ့ စိတ်အပူလွန်သော သူအလွတ်ရနေပြီးဖြစ်သည့် မှာတမ်းခြွေမည့်စကားများအား ရှောင်ချင်ယုံမျှသာ

မေမေလစ်သည်နှင့်တပြိုင်နက် မေမေ သားသွားစရာရှိလို့ ခဏနော် ~ဟု အပြစ်လွတ်ရန် ချန်ရစ်စကားသဲ့သဲ့အား မကြားတကြားပြော၍ လစ်ပြေးလာပေတော့သည်

ဟူး ချွေးတောင်ပြန်တယ် ~

ဟန်ဘင်းလက်ထဲဆွဲယူလာတဲ့ အိမ်အပြန် ဘယ်သွားခဲ့တာလဲ ဟူသောမေမေ့အမေးကို​ပြန်ဖြေရန် အ​ကြောင်းပြချက်ဖြစ်လေသည့် တစ်စုံတစ်ယောက်ရဲ့ ထီးတောင် ချွေးအနည်းငယ် စိုစွတ်နေတာကြောင့် လက်ပြောင်းကိုင်ရင်း ကျောင်းဘက်ရှိရာသို့ လျှောက်လာခဲ့သည်

ဟန်ဘင်း အချို့ကျောင်းပိတ်ရက်တွေမှာ ကျောင်းသို့ဝင်၍ ဘယ်သူမှမရှိတဲ့ဂီတခန်းထဲ သီချင်းသွားသွားအော်ဆိုရသည်ကို ကြိုက်မှန်းမသိ ကြိုက်ခဲ့သည်မှာ ကြာပြီဖြစ်သည်

ဂီတခန်းထဲက သူ့အသံကိုသူ ပြန်နားထောင်ရတာကိုလဲ ကြိုက်ပါသည် သူ့အသံဟာ နားထောင်၍ အလွန်ချိုလွင်သောအသံဖြစ်ကြောင်းကိုလဲ သူကောင်းကောင်းသိသည်

အဆိုတော်တစ်ယောက်ဖြစ်ချင်သည်ဟူသော အိမ်မက်အား မေမေ့ကို ဝန်မပိစေလို၍ သူမျိုသိပ်ထားခဲ့ပေမဲ့ သူ့အိမ်မက်ကိုတော့ လွယ်လွယ်လက်မလျော့နိုင်ပါ နည်းလမ်းဆိုတာ ရှာရင်းတွေ့မှာပေါ့လို့တွေးရင်း သူ့အသံချိုချိုအား အလဟသမဖြစ်စေဖို့ရာ အားရင်အားသလိုလေ့ကျင့်ဖြစ်သည် တိုးတက်လာသည်လို့တော့ ဟန်ဘင်းထင်မိပါသည်

ဂီတခန်းထဲ မနေ့က နားထောင်ဖြစ်တဲ့ သီချင်းအားလေ့ကျင့်ပြီး ပြန်အထွက် တယောသံလိုမျိူးကြားမိလိုက်သလိုပင်

Empyrean (U & Me) CompletedWhere stories live. Discover now