Yours: Rosy Lips ❣

518 37 2
                                    

စေ့နေအောင် ပိတ်ထားတဲ့ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးတွေကို မြင်မိတိုင်း ဟန်ဘင်းစိတ်ထဲတစ်ခုခုလိုသလိုကိုဖြစ်နေတာ ခင်ဗျားကိုတွေ့တိုင်း ကျ​နော်စိတ်မသက်သာသလိုခံစားရတယ် အိမ်မက်ထဲထိကပ်မပါလာပါနဲ့တော့လို့ ကျနော်တောင်းဆိုချင်ရဲ့ ~

ဒီတစ်ပတ်ရဲ့ ကျောင်းပိတ်ရက်မှာတော့ တမင်တကာကို
ဟအိုဆိုတဲ့လူရဲ့ တယောသံများကြားရမလားဆိုတဲ့ စိတ်နဲ့ ကျောင်းထဲကို ခြေချမိတယ် သူလာတာစောသွားသလားမသိပါ အရိပ်အယောင်တစ်ခုမျှမတွေ့ရသေး
ခဏအကြာ ခပ်ဖွဖွခြေလှမ်းသံကိုကြားတာနဲ့အတူ ဘေးအခန်းကို ပုန်းမိလျက်သား

ပစ္စည်းချသံများ ဇစ်ဖွင့်သံများရဲ့အလွန်တွင် ငြိမ့်ညောင်းသော တယောသံထွက်ပေါ်လာပေသည် တီးခတ်နေသူမှ စိတ်တိုင်းကျဟန်မတူပဲ ခဏခဏ အစကပြန်တီးခတ်နေလျက် သက်ပြင်းချသံများပါ အတိုင်းသားကြားနေရသည်

~ နားထောင်ရကောင်းနေတာကို ဘာလို့များနော် ~

ဖြေးညင်းစွာ ထပ်မံ၍ စတင်တီးခတ်နေရင်းအရှိန်ရလာပုံပေါ်တဲ့အခါ ဟန်ဘင်းလဲ သိတဲ့သီချင်းမို့ ခပ်တိုးတိုးလိုက်ညည်းမိတယ် နောက်ဆုံးသော Chorus မှာတော့ ဟန်ဘင်းစိတ်လွတ်ထွက်သွားခဲ့လေပြီ

I'll search the universe
Until I can find you again
I won't even let the smallest memories go
The memories engraved in the seasons
Will come back at last, so I will find you
Because that is love

Because that is love....... 💙

~ Shit! သေစမ်း အသံထွက်ဆိုမိသွားတာပဲ ~

မှိတ်ထားတဲ့ မျက်လုံးများပြန်အဖွင့် သူ့ဆီနီးကပ်လာတဲ့ ခြေလှမ်းသံနဲ့အတူ အေးစက်စက်မျက်နှာကိုတစ်ပါတည်း မြင်လိုက်ရတော့ ခေါင်းထဲ မိုးကြိုအစင်းတစ်ရာလောက် ပစ်ချသွားသလို အသက်ရှူပင်အောင့်ထားမိသည်

ထို့နောက် စေ့တန်းနေတဲ့ နှုတ်ခမ်းဖူးဖူးတို့ဟာ ရွေ့လျားလာပြီး

~ ကျေးဇူး မင်းရဲ့အသံကြောင့် ကိုယ်သေချာတီးနိုင်သွားတာ တစ်လျောက်လုံးလေ့ကျင့်နေတာ စိတ်တိုင်းမကျခဲ့ဘူးလေ ကိုယ်ထီးငှားပေးခဲ့တဲ့ ကျေးဇူးက ဒီလိုမျိုးကျေသွားတာပဲ ~

Empyrean (U & Me) CompletedWhere stories live. Discover now