အချိန်တွေကြာလာတာနဲ့အမျှနောက်ဆုံးတော့Kyungsooတို့သူငယ်ချင်းတွေလည်းအထက်တန်းကျောင်းသားဘဝသို့ရောက်လာကြပြီ။
"နောက်ဆုံးတော့အရွယ်ရောက်ပြီကွ.."ဟုBaekhyunပြောတော့
"နေပါဦး..ဘယ်တုန်းကများမင်းကအရွယ်မရောက်လို့လဲ။"ဟုSehunကပြန်လည်ချေပလေသည်။
"မင်းကဘာကိုမန်းတာလဲ Sehun"
"ဘာပြောတာ meanလား အဲ့ဒါကိုပြောတာလားBaekhyun"
"အေးလေ မင်းကဘာထင်နေတာလဲ။"
"မင်းကလူလိုမှမပြောတာကွ ဘာမှမသိဘဲပြောချင်နေတယ် ဟင့်"
"ဘာ.....!!မင်းတော့လား....!!Oh Sehun!!မင်းငါ့လက်ထဲမိရင်သေပြီမှတ်.."
"ဟာ ဟာ့ မကြောက်ရေးချမကြောက်.."
ပြောရင်းဆိုရင်းSehunပြေးတော့Baekhyunကလည်းလိုက်လေသည်။"ကဲ...တော်ကြတော့ ဒါနဲ့ကျောင်းမရောက်တော့ဘူး ငါတို့ထွက်လာတာကြာပြီနော် အခုမှပထမရက် နောက်မကျချင်ဘူးနော်။"ဟုKyungsooကပြောမှသကောင့်သားနှစ်ကောင်ကဘေးနားသို့ပြန်ရောက်လာကြသည်။
ဒါတောင်မှအရှိန်ကမသေသေး။နောက်ဆုံးတော့ကျောင်းရှေ့သို့ရောက်လာကြပြီ။
"ဟူး...ရောက်လာလို့တော်သေး..."ဟုစိတ်ထဲမှတွေးရင်းပြောမိသည်။နို့မို့ဆိုဒီကြက်ပေါက်နဲ့ခွေးပေါက်ကမလွယ် အချိန်တိုင်းကိုက်..အဲ.ယောင်လို့ရန်ဖြစ်နေကြတာလေ။အတန်းထဲရောက်ခါနီးမှကျောင်းတက်သံထွက်လာတာမို့အသားကုန်ပြေးရလေပြီ။ဒါတောင်လမ်းမှာလူတစ်ယောက်နဲ့ဝင်တိုက်မိသေးတယ်
ကျောင်းတက်နေပြီမို့တောင်းပန်စကားသာဆိုခဲ့ရသည်။"ဒေါင်...ဒေါင်...."
"ဘုတ်..!အာ့...!!"
"မင်း........"
"Sorry ပါနော်"
".............."
ဟိုဘက်ကဘာမှပြန်မပြောတာကြောင့်အတန်းထဲသို့အမြန်ပြေးခဲ့ရသည်။ဒါပေမဲ့မျက်နှာကိုတော့ကြည့်မိခဲ့သေးသည်။တော်တော်တော့ချောသား။
အတန်းထဲဝင်တော့ဟိုဘကြီးသားတွေကနေရာတောင်ယူပြီးပြီ။ထုံးစံအတိုင်းရှေ့မကျနောက်မကျအလယ်တန်းသူတို့ဘာလို့အလယ်တန်းကိုကြိုက်လဲဆိုတာသိနေတဲ့kyungsooကတော့ပြုံးလျက်သာ....
YOU ARE READING
အတ္တတို့ဖြင့်မွမ်းမံ၍
Fanfictionချစ်ခြင်းတရားတွေကအရောင်အသွေးစုံစွာနဲ့လှပပါတယ် အဲ့အရောင်အသွေးက နားလည်မှုဖြစ်မလား အတ္တဖြစ်မလားဆိုတာကတော့ သင့်အပေါ်မှာဘဲမူတည်ပါတယ် ....