//1//

92 5 0
                                    

အချိန်တွေကြာလာတာနဲ့အမျှ​နောက်ဆုံးတော့Kyungsooတို့သူငယ်ချင်းတွေလည်းအထက်တန်း​ကျောင်း​သားဘဝသို့​ရောက်လာကြပြီ။

"နောက်ဆုံးတော့အရွယ်ရောက်ပြီကွ.."ဟုBaekhyun​ပြောတော့

"နေပါဦး..ဘယ်တုန်းကများမင်းကအရွယ်မရောက်လို့လဲ။"ဟုSehunကပြန်လည်ချေပလေသည်။

"မင်းကဘာကိုမန်းတာလဲ Sehun"

"ဘာပြောတာ meanလား အဲ့ဒါကိုပြောတာလားBaekhyun"

"အေးလေ မင်းကဘာထင်နေတာလဲ။"

"မင်းကလူလိုမှမပြောတာကွ ဘာမှမသိဘဲပြောချင်နေတယ် ဟင့်"

"ဘာ.....!!မင်းတော့လား....!!Oh Sehun!!မင်းငါ့လက်ထဲမိရင်သေပြီမှတ်.."

"ဟာ ဟာ့ မကြောက်ရေးချမကြောက်.."​
ပြောရင်းဆိုရင်းSehun​ပြေးတော့Baekhyunကလည်းလိုက်လေသည်။

"ကဲ...တော်ကြတော့ ဒါနဲ့ကျောင်းမရောက်တော့ဘူး ငါတို့ထွက်လာတာကြာပြီနော် အခုမှပထမရက် နောက်မကျချင်ဘူးနော်။"ဟုKyungsooကပြောမှသကောင့်သားနှစ်ကောင်ကဘေးနားသို့ပြန်ရောက်လာကြသည်။
ဒါတောင်မှအရှိန်ကမသေသေး။

နောက်ဆုံးတော့ကျောင်းရှေ့သို့ရောက်လာကြပြီ။
"ဟူး...ရောက်လာလို့တော်သေး..."ဟုစိတ်ထဲမှတွေးရင်းပြောမိသည်။နို့မို့ဆိုဒီကြက်ပေါက်နဲ့ခွေးပေါက်ကမလွယ် အချိန်တိုင်းကိုက်..အဲ.ယောင်လို့ရန်ဖြစ်နေကြတာလေ။

​အတန်းထဲ​ရောက်​ခါနီး​မှ​ကျောင်းတက်သံထွက်လာတာမို့အသားကုန်​ပြေးရ​လေပြီ။ဒါ​တောင်လမ်းမှာလူတစ်​ယောက်နဲ့ဝင်တိုက်မိ​သေးတယ်
​ကျောင်းတက်​နေပြီမို့​တောင်းပန်စကားသာဆိုခဲ့ရသည်။

"ဒေါင်...ဒေါင်...."

"ဘုတ်..!အာ့...!!"

"မင်း........"

"Sorry ပါနော်"

".............."

ဟိုဘက်ကဘာမှပြန်မပြောတာကြောင့်အတန်းထဲသို့အမြန်ပြေးခဲ့ရသည်။ဒါပေမဲ့မျက်နှာကိုတော့ကြည့်မိခဲ့သေးသည်။တော်တော်တော့ချောသား။

အတန်းထဲဝင်တော့ဟိုဘကြီးသားတွေကနေရာတောင်ယူပြီးပြီ။ထုံးစံအတိုင်းရှေ့မကျနောက်မကျအလယ်တန်းသူတို့ဘာလို့အလယ်တန်းကိုကြိုက်လဲဆိုတာသိနေတဲ့kyungsooကတော့ပြုံးလျက်သာ....

        

အတ္တတို့ဖြင့်မွမ်းမံ၍Where stories live. Discover now