//2//

37 3 0
                                    

Kyungsoo ကြည့်နေတုန်းမှာဘဲBaekhyunက

"Yrr!! Kyungsooလာလေ ဆရာမလာတော့မယ်ကွ။"ဟုပြောတော့

"အော်....အေး လာပြီ။မင်းတို့ကလည်းသွားတာမြန်တာ။ငါ့တောင်မစောင့်ဘူး။"

ထိုသို့Kyungsooပြောတော့Sehunက

"ဘာ...!!ငါတို့ကမစောင့်တာလား??မင်းကငမ်းနေတာလား??ဟင်..ပြောပါဦး။"

"ငါကလား.....မငမ်းပါဘူး။အားအားယားယား။"

"အေးပါ။နောက်နေ့မှကြွေနေပါပြီဆိုရင်ပင်ဂွင်းပေါက်မင်းတော့လား...ဟင်း..ဟင်း.."

Sehunကထိုသို့ပြောပြီးအံကြိတ်ကာလက်သီးကိုဆုပ်ပြလိုက်တော့

"ဟား..ဟား..ဟား.."

Kyungsooရော Baekhyunကပါထရယ်ကြလေသည်။

သို့သော်တစ်ဖက်တွင်တော့

^^ဘယ်လိုကောင်လေးလဲမသိဘူး။တိုက်မိတာကိုSorryဘဲပြောသွားတယ်။^^

^^ဘာဖြစ်သွားသေးလဲတောင်မမေးဘူး။တကယ်ဘဲစိတ်ပျက်စရာကောင်းတယ်။^^

Chanyeolအတွေးတို့ကိုဖျောက်ကာအတန်းထဲဝင်တော့ဆရာမပင်ရောက်နေပြီ။အားလုံးရဲ့မျက်ဝန်းတွေကChanyeolဆီမှာသာစုပြုံလျက်....

အားလုံးငေးလဲငေးချင်စရာ။ရှည်လျားထဲအရပ်နဲ့အတူတောင့်တင်းကျစ်လစ်သောခန္ဓာကိုယ်အချိုးအစားကကျောင်းဝတ်စုံနဲ့လိုက်ဖက်စွာ။မထူမပါးမျက်ခုံးနက်နက်လေးတေ၊ွ မျက်လုံးဝိုင်းလေးတွေ၊ ယောက်ျားလေးဆိုပေမယ့်ဆေးကူစရာမလိုအောင်နီရဲစွာပွင့်ဖူးနေတဲ့နှုတ်ခမ်းတစ်စုံ၊ ပြီးတော့နှာတံစင်းစင်းလေး ထိုနှာတံလေးပေါ်မှာမှ
မှဲ့နက်သေးသေးလေးဆိုတော့ပိုပြီးပြည့်စုံသွားရသည်။နားရွက်ကားကားလေးတွေကလည်းဆွဲကိုက်ချင်စရာ။ဆံပင်ကိုလည်းအနောက်သို့လှန်တင်ထားတော့Chanyeolဟာချောသည်ဆိုတာထက်ကိုပိုနေတော့သည်။

"အဟမ်း...!!အဟမ်း....!!"

ဆရာမကချောင်းဟန့်လိုက်မှာအားလုံးသတိပြန်ဝင်လာကြသည်။

"ကဲ..!အားလုံးဒါကတော့အခုမှကျောင်းကိုအသစ်ပြောင်းလာတဲ့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားပါ"

"သား အားလုံးကိုမိတ်ဆက်လိုက်ပါဦး။"ဟုဆရာမပြောတော့မှ

"ဟုတ်။တွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်ကPark Chan Yeolပါ။ရှေ့လျှောက်ခင်မင်သွားဖို့မျှော်လင့်ပါတယ်။"
ဟုသာတိုတိုတုတ်တုတ်ပြောလိုက်တော့သည်။

Chanyeolနှုတ်ဆက်ပြီးတော့ဆရာမက
"သား...ဟိုSuhoနောက်ကခုံမှာဝင်ထိုင်လိုက်နော်။

"ဟုတ်"
ဟုပြောပြီးခုံရှိရာသို့သာမျက်နှာမူပြီးသွားတော့သည်။ဒါတောင်အတန်းထဲကလူအားရဲ့မျက်လုံးပေါင်းများစွာဟာChanyeolဆီမှာကပ်ပါလျက်

Chanyeolခုံမှာဝင်ထိုင်ပြီးတာနဲ့ဆရာမကစာစသင်တော့သည်။ဆရာမစာသင်မှအားလုံးဟာသူ့ဆီကအကြည့်ကိုခွာသွားတော့သည်။

တကယ်ဆိုChanyeolဟာလူတွေအာရုံစိုက်ခံရတာကိုအရမ်းမုန်းတဲ့သူ။
အရင်ကျောင်းတုန်းကဆိုအချေကောင်ဟုပင်အပြောခံရသေးသည်။Chanyeolကတော့အနေတည်သောပင်ကိုယ်စရိုက်ရှိသူမို့သူ့ကိုဘာပြောပြောစိတ်မဝင်စားပေ။

Chanyeolလည်းအတွေးတို့ကိုလက်စဖျက်ကာစာထဲဘဲအာရုံစိုက်လိုက်တော့စောနကကိစ္စကိုပင်မေ့သွားတော့သည်။

"ဒေါင်...ဒေါင်...."
ဟုအသံကြားတော့အားလုံးကလှုပ်လှုပ်ရွရွ

"ကဲ....နားကြတော့ တစ်နေ့စာတစ်နေ့လုပ်ကြပါကလေးတို့။"

"..................."

"ကြားကြလား??"

"ဟုတ်။ကြားပါတယ်။"

"အေး။ ဒါဆိုအတန်းဆင်းလို့ရပြီ။"ဟုပြောပြီးဆရာမကအတန်းထဲမှထွက်သွားတော့သည်။

ဆရာမအတန်းကထွက်မှအပ်ကျသံပင်မကြားခဲ့ရသောအတန်းကြီးသည်စကားပြောသံ၊ ရယ်မောသံတို့ဖြင့်ဆူညံလျက်...

^^ကျစ်!!စိတ်ရှုပ်လိုက်တာ။နားပူတယ် တကယ်ဘဲ။^^

Chanyeolစိတ်ထဲမှာသာတွေးပြီးမျက်မှောင်ကျုံကာခေါင်းကိုခါရမ်းမိသည်။

ထိုစဉ်အရှေ့ကငြိမ်သားကျနေသောကောင်လေးဟာလည်း
အနောက်သိုလှည့်ကာChanyeolဆီကိုမျက်နှာမူလာသည်။

အတ္တတို့ဖြင့်မွမ်းမံ၍Where stories live. Discover now