💚 10 💚

83 10 32
                                    

Jungkook လည်းမူးနေတဲ့ hyung ပေါက်လေးကိုအိမ်ပြန်ပို့ဖို့ပြင်ပေမယ့်အိမ်လိပ်စာမသိတော့ သူ့အိမ်ကိုပဲခေါ်ခဲ့ရသည်။

အိမ်ရောက်တော့ကုတင်ပေါ်သေချာတင်ပေးကာဖိနပ်ချွတ်အင်ကျီလဲပေးလိုက်သည်။ နီနီရဲရဲ နှုတ်ခမ်းလေးဆီ အကြည့်ရောက်မိတော့ ထိကပ်ကာနမ်းလိုက်မိသည် ထို့နောက်အခန်းထဲက ထွက်လာခဲ့တော့တယ် မဟုတ်ရင်ဘာဆက်လုပ်မိမလဲ သူမတွေးတတ်တော့ဘူး။

" Arrrr ရူးတော့မှာပဲဗျာ ပြုစားလွန်းတယ် hyung ရာ "

taehyung မနက်နိုးတာနဲ့ခေါင်းတွေကိုက်နေသည်
မျက်လုံးစဖွင့်တာနဲ့တွေ့ရတာက မျက်နှာကျက်ဖြူဖြူလေး ဘေးပတ်လည်ကိုကြည့်မိတော့လည်း သူ့အခန်းနဲ့မတူတော့မှ အလန့်တစ်ကြားအခန်းပြင်ပြေးထွက်မိသည်။

* ငါပြန်ပေးဆွဲခံရတာများလား *

Taehyung သူတွေးနေတုန်း သူ့ရဲ့ပုခုံးကိုလာထိသောလက်တစ်ဖက်ကြောင့် နောက်လှည့်ကာ လိမ်ချိုးမိရဲ့သား

"Arrrrr နာလိုက်တာ Hyung ရာ "

jungkook အိပ်ယာနိုးတော့ Hyung အတွက်အမူးပြေ ဟင်းချိုလေးချက်ပေးပြီး hyung ပေါက်စနိုးနေပြီလားကြည့်ရန် မီးဖိုခန်းထဲမှအထွက် သူ့အခန်းရှေ့မတ်တပ်ရပ်နေတဲ့ Hyung ပုခုံးလေးလှမ်းကိုင်မိပါတယ် လက်လိမ်ချိုးခံလိုက်ရတယ်။

" အာ ငါတောင်းပန်ပါတယ် အရမ်းနာသွားလားဟင် တောင်းပန်ပါတယ်နော် "

" ရပါတယ် ကျနော် အဆင်ပြေပါတယ် လာလေ အမူးပြေ ဟင်းချိုလေးလာသောက် "

taehyung သိပါတယ် သူ့လက်စကို အမြဲရန်ဖြစ်နေကြဆိုတော့ သူjungkookကို အားတော်တော်သုံးလိုက်မိသည်။

" တောင်းပန်ပါတယ်နော် jungkook မင်းကအသံမှမပေးတာကို ငါလည်းလန့်သွားတော့ "

စကားကိုဆက်မပြောပဲ မျက်နှာချိုသွေးကာသွားအဖြီးသားနဲ့ရီပြနေသော Hyung ပေါက်ကြောင့် အပြစ်မမြင်ပဲ အချစ်တွေသာတိုးလာခဲ့လေတော့သည်။

" အော ဒါနဲ့ Hyung တော်တော်သောက်နိုင်တာပဲနော် "

jungkook စကားကိုကြားတော့ ရှက်စိတ်ကြောင့် နီရဲလာသော taehyung မျက်နှာလေးမှာ jk ရဲ့ နောက်ဆက်တွဲ အလိမ်ညာစကားလေးကြားမှ ပြန်ဝင်းပလာသည်။

 💔Cursed love💔Where stories live. Discover now