💓 12 💓

89 9 20
                                    


မျက်ဝန်းညိုလေးမှာ ချစ်ရသူရှိတယ်တဲ့လား
ကိုယ်တော်က Jeon ဧကရာဇ်လေ ဘယ်သူတားနိုင်မလဲ

Jeon ညီလာခံပြီးချိန် သူရဲ့နန်းဆောင်မှာရောက်နေတဲ့ ကြင်ယာတော် Min

" ဘာကိစ္စများလဲ ကြင်ယာတော် "

" အရှင်ကျမ အရှင့်ခွင့်ပြုချက်လိုချင်လို့ပါ "

" ဘာအကြောင်းများလဲ "

" အဖေ့ကျန်းမာရေးအတွက် စိုးရိမ်ရလို့ အနောက်တိုင်းဆေးဝါးနဲ့ကုသမှရပါမယ်တဲ့
အဲ့အတွက် အဖေ့ကိုအနားယူစေချင်လို့ပါ "

" အင်းကောင်းပါပြီ အမတ်ချုပ်ကြီးကတာဝန်သိတတ်လွန်းတော့ကိုယ်တော်ခွင့်ပေးလိုက်ပါမယ် "

" ကျေးဇူးကြီးမြတ်လှပါတယ်အရှင် "

ထိုအချိန်နန်းဆောင်ထဲထပ်မံရောက်ရှိလာတဲ့မိဖုရား

" မိဖုရားကို ကြင်ယာတော် ဂါရဝပြုပါတယ် "

" ထပါ ကြင်ယာတော် Min "

" မိဖုရား ကိုယ်တော့်ဆီလာရတဲ့အကြောင်းက "

" အရှင်မေ့နေမယ်ထင်လို့ပါ ဒီနေ့ ကျမရဲ့မိဘတွေစီသွားမယ့်နေ့ပါ "

" ကိုယ်တော် မမေ့ပါဘူး မိဖုရား အသင့်ဖြစ်ရင် ထွက်လို့ရပါပြီ "

" ကျမအသင့်ဖြစ်ပါပြီ အရှင်"

" ကောင်းပြီ ဒါနဲ့ မိဖုရားရဲ့သက်တော်စောင့်ရော မတွေ့မိပါလား "

" သူလည်း ခရီးမှာလိုအပ်တာဆောင်ရွက်နေလို့ပါ "

jungkook ကိုရှောင်နေတဲ့ taehyung က အခုဆို တစ်ပါတ်နီးနီးရှိခဲ့ပြီ သူ့ (jk)အရှေ့သိုမပေါ်လာခဲ့ပေ။

" ကောင်းပါပြီ "

ထိုတစ်ချိန်လုံးမိဖုရားကိုသာ စူးစိုက်ကြည့်​ေနခဲ့တဲ့ မျက်ဝန်းတစ်စုံကိုတော့ မည်သူမှမသိခဲ့ကြချေ

" ဒါဆို သွားခွင့်ပြုပါအုံး အရှင် "

" ကောင်းပါပြီ သွားပါ "

" အရှင်ကျမကိုလည်းသွားခွင့်ပြုပါ အဖေ့ခရီးအတွက်လိုအပ်တာပြင်ဆက်ပေးမလို့ပါ "

" ကောင်းပြီ လိုအပ်တာရှိရင်ကိုယ်တော့်ကိုပြောပါ "

" ဟုတ်ကဲ့ပါ အရှင် "

 💔Cursed love💔Where stories live. Discover now